ရုရှား ဘောလုံးအသင်း အနေနဲ့လာမယ့်ပွဲစဉ်တွေ ကို ကြားကွင်းမှာ ကစားရမှာဖြစ်ပြီး နိုင်ငံတော် အလံ နဲ့ နိုင်ငံတော် သီချင်း အသုံးပြုခွင့်မရှိဘူးလို့ ဖီဖာ ဆုံးဖြတ်

ရုရှား ဘောလုံးအသင်း အနေနဲ့လာမယ့်ပွဲစဉ်တွေ ကို ကြားကွင်းမှာ ကစားရမှာဖြစ်ပြီး နိုင်ငံတော် အလံ နဲ့ နိုင်ငံတော် သီချင်း အသုံးပြုခွင့်မရှိဘူးလို့ ဖီဖာ ဆုံးဖြတ်

ရုရှား ဘောလုံး အသင်းအနေနဲ့ လာမယ့် ပွဲစဉ်တွေ ကို ကြားကွင်းမှာ ကစားရမှာ ဖြစ်ပြီး နိုင်ငံတော် အလံ နဲ့ နိုင်ငံတော် သီချင်း အသုံးပြုခွင့်မရှိ ဘူးလို့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာ က ဆုံးဖြတ်လိုက်ပါတယ်။

ယူကရိန်း ကို ကျူးကျော် တိုက်ခိုက်မှု အတွက် အရေးယူတဲ့ အနေနဲ့ ဖီဖာ က အခုလိုညွှန်ကြားခဲ့တာ ဖြစ်ပေမယ့် ရုရှား အသင်း ကို လုံးဝပါဝင်ယှဉ်ပြိုင်ခွင့်မပြုရေးတောင်းဆိုမှုတွေ ထွက်ပေါ်နေပြီး ဖီဖာ ရဲ့ အရေးယူမှု ဟာ သက်ညှာလွန်းတယ်ဆိုတဲ့ ဝေဖန်မှုတွေ လည်း ထွက်ပေါ်နေပါတယ်။

အင်္ဂလန် ၊ ဝေးလ်စ် ၊ ပိုလန် ၊ ချက် နဲ့ ဆွီဒင်တို့အပါအဝင် နိုင်ငံ အတော်များများ က ရုရှား နဲ့ ကစားဖို့ ငြင်း ဆိုထားပါတယ်။

ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ဝင်ခွင့်အတွက် ရုရှား ဟာ ပိုလန် နဲ့ ရှုံးထွက် ရင်ဆိုင်ရမှာ ဖြစ်ပြီး အနိုင်ရရင် ချက် ဒါမှမဟုတ် ဆွီဒင် နဲ့ ရင်ဆိုင် ရမှာဖြစ်ပါတယ်။

အဲဒီရှုံးထွက်ပွဲစဉ်တွေ ကို မတ် လအတွင်း ကျင်းပဖို့ စီစဉ်ထားပေမယ့် ရုရှား ရဲ့ ပြိုင်ဖက်တွေ က ယှဉ်ပြိုင်ရန် ငြင်း ဆို ထားတာကြောင့် ရုရှား ရဲ့ ကမ္ဘာ့ ဖလားဝင်ခွင့် က မသေချာ မရေရာ မှု တွေ နဲ့ ရင်ဆိုင် နေရပါတယ်။

ဖီဖာ ရဲ့ ဆုံးဖြတ်ချက် ဟာလုံးဝလက်ခံနိုင်စရာမရှိဘူးလို့ ပိုလန် ဘောလုံး အဖွဲ့ချုပ်က ပြောကြားပြီး ဆွီဒင် နဲ့ ချက် တို့ က ရုရှား နဲ့ ကစားမှာ မဟုတ် ဘူးလို့ ပြောကြားပါတယ်။

ဖီဖာ ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ဘူးလို့ ဆွီဒင် ဘောလုံး အဖွဲ့ချုပ်က ပြောကြားပါတယ်။

ရုရှား ကို ဘောလုံး ပြိုင်ပွဲတွေ ကနေ လုံး ဝ ဖယ်ရှား သင့် မသင့် အခြား ဘောလုံး အဖွဲ့ အစည်းတွေ နဲ့ ဆွေးနွေး သွားမှာ ဖြစ်ကြောင်း ဖီဖာ ကပြောကြားပါတယ်။

အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်က ရုရှား နဲ့ ဆိုရင် ဘယ်အဆင့်မျိုး မှာ မဆို ယှဉ်ပြိုင် ကစားမှာမဟုတ်ဘူးလို့ ကြေညာထားပါတယ်။

ဝေးလ်စ် ဘောလုံး အဖွဲ့ချုပ်ကလည်း ရုရှား ရဲ့ ယူကရိန်း သို့ကျူးကျော် တိုက်ခိုက်မှု ကို ပြစ်တင် ရှုတ်ချပြီး ရုရှား နဲ့ ဘယ် အဆင့်မျိုးမှာ မဆို ယှဉ် ပြိုင်မှာ မဟုတ် ဘူးလို့ကြေညာထားပါတယ်။
Crd..MyanmaPlatform

Leave a Reply

Your email address will not be published.