ရုရှား-ယူကရိန်းအရေးကြောင့် ကမ္ဘာ့ရွှေဈေး ပြည်တွင်းရွှေဈေး ရေနံဈေး တဟုန်ထိုးမြင့်တက်လာ

ရုရှား-ယူကရိန်းအရေးကြောင့် ကမ္ဘာ့ရွှေဈေး ပြည်တွင်းရွှေဈေး ရေနံဈေး တဟုန်ထိုးမြင့်တက်လာ

ရုရှား-ယူကရိန်းအရေးကြောင့် ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ကန်ဒေါ်လာ 1950 အထက်ကို ရောက်ရှိလာပြီး ၉ လအတွင်း အမြင့်ဆုံးဈေးနှုန်းကိုရောက်ရှိခဲ့ပြီး

ကမ္ဘာ့ရွှေဈေးအတက်ကြမ်းမှုနဲ့အတူ ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သားဈေးကလည်း ကျပ် ၁၉ သိန်း ၄ သောင်းခွဲအထိ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။

ရုရှားနိုင်ငံမှယူကရိန်းကို စစ်ဆင်ရေးပြုလုပ်မယ်လို့ကြေညာပြီး နာရီပိုင်းမှာတင် ကမ္ဘာ့ရေနံဈေးမြင့်တက်လာကာ တစ်ပီပါကို အမေရိကန်ဒေါ်လာ ၁၀၀ နီးပါးထိရှိလာပါတယ်။

ပြည်တွင်းရွှေဈေးကလည်း နိုင်ငံခြားငွေလဲလှယ်နှုန်းအပေါ် မှီခိုနေသလို ကမ္ဘာ့ရွှေဈေးအပြောင်းအလဲကြောင့်လည်း အတက်အကျရှိနိုင်တာကြောင့်တစ်ဒေါ်လာလဲနှုန်း ၁၉၆၅ ကျပ်ဖြစ်ပေါ်နေချိန်ကမ္ဘာ့ရွှေဈေးလည်းရုရှားအရေးကြောင့်မြင့်တက်လာပြီးပြည်တွင်းရွှေဈေးလည်းအတက်ကိုဦးတည်နိုင်ချေ ရှိနေပါတယ်။

ရုရှား-ယူကရိန်းအရေးကြောင့် ကမ္ဘာ့ရေနံဈေးနဲ့ ရွှေဈေးတွေ မြင့်တက်လာပြီး မကြာခင် တစ်ကမ္ဘာလုံးအနှံ့မှာ ရေနံဈေး၊ ဆီဈေးနဲ့ ရွှေဈေးတွေ မြင့်တက်လာမယ့် အလားအလာမှာရှိနေပါတယ်။
Crd..MMDailylife

Leave a Reply

Your email address will not be published.