ရုရှားဘက်က အဆင့်မြင့်အရာရှိကြီး (၁၁) ယောက် အထိ ယူကရိန်းရဲ့စနိုက်ပါလက်ချက်မိ သေဆုံး

ရုရှားဘက်က အဆင့်မြင့်အရာရှိကြီး (၁၁) ယောက် အထိ ယူကရိန်းရဲ့စနိုက်ပါလက်ချက်မိ သေဆုံး

မတ်လ ၁၁ ရက်နေ့မှာ တတိယမြောက်ဗိုလ်မှူးချုပ်အဖြစ်ကျဆုံးသွားတာက ဗိုလ်မှူးချုပ် Andrei Kolesnikov ပါ။ အသက် (၄၅) နှစ်ပဲရှိပါသေးတယ်။ပထမဦးဆုံးကျဆုံးတာက ဗိုလ်မှူးချုပ် Andrei Sukhovetsky ပါ။ Hostomel လေယဉ်ကွင်းတိုက်ပွဲမှာ ယူကရိန်းရဲ့စနိုက်ပါလက်ချက်မိသွားတာပါ။ အသက် (၄၇) နှစ်ပဲရှိပါသေးတယ်။

ဒုတိယကျဆုံးသူက ဗိုလ်မှူးချုပ် Vitaly Gerasimov ပါ။ အသက် (၄၄) နှစ်ပဲရှိပါသေးတယ်။ ရုရှားနယ်စပ်နားက Kharkiv မြို့ပြင်မှစနိုက်ပါလက်ချက်မိ ကျဆုံးတာပါ။ဒုဗိုလ်မှူးကြီး Denis Glebov နဲ့ ဒုဗိုလ်မှူးကြီး Dmitry Safronov တို့ဟာ ယူကရိန်းတပ်တွေက Chuhuiv မြို့သိမ်းတိုက်ပွဲပြန်ဆင်နွဲတဲ့အချိန်မှာ ရုရှားဘက်ကကျသွားတာပါ။

ဒုဗိုလ်မှူးကြီး Dmitry Safronov ဟာရုရှားမရိန်းတပ်ဖွဲ့ရဲ့ တပ်ရင်းမှူးဖြစ်ပါတယ်။ရုရှားလေကြောင်းချီတပ်မှ ဗိုလ်မှူးကြီး Konstantin Zizevsky လည်း ယူကရိန်းတောင်ပိုင်းမှာ ကျဆုံးသွားပါတယ်။

ရုရှားကလက်သပ်မွေးထားတဲ့ ခွဲထွက်နယ်မြေက စစ်ဦးစီးချုပ် စပါတန်တပ်ရင်းမှူး Vladimir Zhonga လည်းကျဆုံးသွားပြီဖြစ်ပါတယ်။ ရုရှားတွလက်သပ်မွေးကာ ခေါ်ယူလာတဲ့ ချေချင်းဒေသက လက်မရွံ့တပ်ခေါင်းဆောင် ဗိုလ်ချုပ် Magomed Tushaev လည်းကျဆုံးသွားပြီဖြစ်ပါတယ်။

စုစုပေါင်း ရုရှားဘက်က ရာထူးကြီး (၁၁) ယောက်သေဆုံးထားကာ ရုရှားစစ်သား (၁၀၀၀၀) လောက်သေဆုံးမယ်လို့ မှန်းဆထားကြပါတယ်။ယူကရိန်းဘက်ကထုတ်ပြန်တာက ရုရှားစစ်သား (၁၂၀၀၀) ကျော်ကျဆုံးပြီး၊ တင့်ကား (၃၅၃)စီး၊ လေယာဉ် (၅၇) စီး၊ ဟယ်လီကော့ပတာ (၈၃) စီး ရုရှားဘက်ကဆုံးရှုံးတယ်လို့ဆိုပါတယ်။
Crd..RichardMyoThant

Leave a Reply

Your email address will not be published.