ရုရှားတပ်များအကျအဆုံးများဟု.ရုရှားအထက်လွှတ်တော်အမတ်ကပြောကြား

ရုရှားတပ်များအကျအဆုံးများဟု.ရုရှားအထက်လွှတ်တော်အမတ်ကပြောကြား

ယူကရိန်းကိုတိုက်ခိုက်နေတဲ့ ရုရှားတပ်တွေဟာ တချို့နေရာတွေမှာ အကျအဆုံးထိခိုက်မှု များပြားနေတယ်လို့ ရုရှား အထက်လွှတ်တော်အမတ် လျူမီလာနာရူဆိုဗာက သောကြာနေ့ကအထက်လွှတ်တော်အစည်းအဝေးမှာ ပြောသွားခဲ့ပါတယ်အင်အား(၁၀၀)ပါတဲ့ ရုရှားစစ်ကြောင်းတစ်ခုဟာ လေးယောက်ပဲ ကျန်တဲ့အဖြစ်မျိုး ကြားသိထားရတယ်လို့ ပြောသွားခဲ့တာပါ

အဲဒီစစ်သားတွေထဲမှာ အတင်းအကျပ် စစ်မှုထမ်းဖို့ ဆင့်ခေါ်ထားသူတွေ ၊ စာချုပ်နဲ့ လက်မှတ်ထိုး ငှားရမ်းထားသူတွေ ပါဝင်တယ်လို့လည်း သူကပြောပါတယ်
အခု သေဆုံးထိခိုက်မှု အနေအထားနဲ့ ပတ်သက်ပြီး အတည်ပြုပေးဖို့

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို မေးမြန်းပေမယ့် တုံ့ပြန်တာမျိုးမရှိဘူလို့ သူကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဒဟူးနေ့ကတော့ ယူကရိန်းမှာ ရုရှားစစ်သား (၅၀၀)နီးပါး သေဆုံးတယ်လို့ ရုရှားအစိုးရကထုတ်ပြန်ခဲ့ပြီး အဲဒီနောက်ပိုင်း ထပ်မံထုတ်ပြန်တာမျိုးမရှိသေးပါဘူး..

စ.က.စလိုပါဘဲ…ဆယ်ယောက်ကျသွားလို့.တစ်ယောက်စာရင်းမပြချင်ဘဲ..စစ်သား.လစာတွေ.ထုတ်ယူနေမှာပါလုပ်ပုံ.ကိုင်ပုံတွေဟာ.မိတ္တူကူးထားသလားထင်ရတယ်မစ်ဇိုင်းဒုံးကျည်တွေနဲ့..ဝေဟင်က.ဗုံးကြဲတာတွေသာမရှိရင်..မြေပြင်စစ်ပွဲအရတော့.အခြေအနေမလှနိုင်ပါဘူး

ပြည်သူတရပ်လုံးက.ကျူးကျော်သူကိုအင်နဲ့အားနဲ့တုန့်ပြန်နေတာတွေကလည်း….မြန်မာတွေ.ခံစားနေရတဲ့.ခံစားချက်တွေအတိုင်းပါဘဲမြန်မာ့အခြေအနေထက်သာလွန်နေတာက.သူတို့ကနိုင်ငံပိုင်စစ်တပ်နဲ့အတူ.လက်နက်ကောင်းတွေကိုင်ပြီးတိုက်ခိုက်နေရပေမယ့်..

မြန်မာမှာက..မီးကျိုးမောင်းပျက်.သေနတ်နဲ့..လူဆယ်ဦးမှာမှ..သေနတ်က.သုံးလက်လောက်နဲ့……မြန်မာရဲ့ပြည့်ဝတဲ့.လက်နက်ကောင်းက.ဝယ်စရာမလိုတဲ့.အနိုင်ကျင့်.လူပါးဝပြီး.မတရားတာကို.တွန်းလှန်မယ့်တခုတည်းသော.စိတ်ဓာတ်ပါဘဲ
ခရက်ဒစ်.. စောအယ်မူး

Leave a Reply

Your email address will not be published.