ရုရှားစစ်သားအလောင်းတွေ လာဖယ်ရှားပေးဖို့ ယူကရိန်းက ICRC ကို အကူအညီတောင်း
ရုရှားစစ်သားအလောင်းတွေ လာဖယ်ရှားပေးဖို့ ယူကရိန်းက ICRC ကို အကူအညီတောင်း
ကိယက်ဗ်မြို့တော်အနီးက ရုရှားစစ်သားအလောင်းရာပေါင်းများစွာအပါအဝင် နိုင်ငံနေရာအနှံ့ပြန့်ကျဲနေတဲ့ ရုရှားစစ်သားအလောင်းတွေကို ကူညီဖယ်ရှားပေးဖို့ ယူကရိန်း ဒုဝန်ကြီးချုပ် Iryna Vereshchuk က ICRC အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ကို အကူအညီတောင်းခံလိုက်ပါတယ်။
ယူကရိန်းအနေနဲ့ တိုင်းပြည်ကို ခုခံကာကွယ်နေရသလို ပြည်သူတွေလုံခြုံရေးကို ဦးစားပေးနေရတဲ့အတွက် အလောင်းတွေဖယ်ရှားဖို့ မလုပ်နိုင်ဘူးဖြစ်နေတယ်လို့လည်း Iryna Vereshchuk ကပြောပါတယ်။
ရုရှားအစိုးရကတော့ အခုထိ ရုရှားစစ်သား တဦးမှ သေဆုံးတာမရှိသလို လက်နက်ချတဲ့ ယူကရိန်းစစ်သားတွေ များလာတယ်လို့ ပြောပါတယ်။ ရုရှားအစိုးရသတင်းဌာနတွေကလည်း ယူကရိန်းသမ္မတကိုယ်တိုင်က လက်နက်ချခိုင်းနေတယ်ဆိုတဲ့ ဝါဒဖြန့်သတင်းတွေထုတ်လွှင့်နေတယ်ဆိုပါတယ်။
ဒါပေမယ့် ယူကရိန်းသမ္မတကတော့ ရုရှားဝါဒဖြန့်တာတွေမယုံကြဖို့ ကိယက်ဗ်မြို့ကို လှည့်လည်စစ်ဆေးရင်း ပြောကြားတာကို ရုပ်သံကနေ တိုက်ရိုက်ထေုတ်လွှင့်သွားတာတွေ့ရပါတယ်။
ယူကရိန်းရောက်မျက်မြင်နိုင်ငံတကာသတင်းထောက်တွေကတော့ ရုရှားတင့်ကား ရာချီ ပျက်စီးမီးလောင်နေသလို မြို့တော်အဝင် ဆင်ခြေဖုံးဒေသမှာ ရုရှားစစ်သားအလောင်းတွေပြန့်ကျဲနေတယ်လို့ ပြောပါတယ်။
Crd..N O P H