ရုရှားက အလျှော့ပေးရတဲ့ အဆင့်စရောက်လာပြီ

ရုရှားက အလျှော့ပေးရတဲ့ အဆင့်စရောက်လာပြီ

ပထမတော့ ယူကရိန်းနဲ့ စားပွဲမှာထိုင်စကားပြောဖို့၊ သူတို့သတ်မှတ်ထားတာတွေကို လက်ခံပြီးမှ လာစကားပြောဖို့၊ နေရာကအစရွေးပြီး ဖိတယ်။

ယူကရိန်းက လက်မခံတော့ အခုနောက်ဆုံးမှာ without conditions နဲ့ပြောဖို့ သဘောတူလိုက်တယ်။

နေရာကိုလည်း ယူကရိန်းက နောက်ဆုံးရွေးချယ်တဲ့နေရာကို သဘောတူလိုက်ရတယ်။

ဒီမှာကွာခြားတာက – ရုရှားတပ်ဖွဲ့ဝင်တွေက ပူတင်ရဲ့ အမိန့်ကြောင့် တိုက်နေကြတာ။

ရင်ဘတ်ထဲကနေ တိုက်ချင်စိတ်ရှိလို့ တိုက်နေတာ မဟုတ်ဘူး။

ယူကရိန်းဘက်က ငါတို့နိုင်ငံကိုကာကွယ်ရမယ်ဆိုတဲ့ ရင်ဘတ်ထဲကလာတဲ့စိတ်နဲ့ တိုက်နေတာ။

စိတ်ဓါတ်ချင်းကွာခြားလွန်းတယ်။

ရုရှား-ယူကရိန်း တွေ့ဆုံဆွေးနွေးပွဲကို မနက်ဖြန်မနက်ပိုင်းမှာ လုပ်မယ်။

ယူကရိန်းနဲ့ ဘဲလာရုစ် နယ်စပ်မှာပါ။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးကတော့ အခုလို without conditions နဲ့ စကားပြောဖို့ လက်ခံလာတာကိုက အနိုင်ရခြင်းတစ်ခုဖြစ်တယ်လို့ ဆိုတယ်။Ro Nay Crd..San Lwin

Leave a Reply

Your email address will not be published.