မြန်မာ့ ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှု့ကြီး

မြန်မာ့ ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှု့ကြီး

၁၉၅၄ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် နိုင်ငံတော်လေကြောင်းသယ်ယူပို့ဆောင်ရေး ယူဘီအေ(UBA)ပိုင် ရန်ကုန်မှကျောက်ဖြူ – စစ်တွေ သွား ခရီးသည်တင် ဒါကိုတာလေယာဉ်ပျံ စက်နှစ်လုံးတပ် ၂၈ယောက်စီး အမှတ်-XU. ACB လေယာဉ်အား ကေအင်ဒီအို(KNDO)တို့က အပိုင်စီး အဓမ္မယူဆောင်ခဲ့မှု့ကြီးဖြစ်ပွားခဲ့ပါသည်။

ထိုလေယာဉ်ပေါ်တွင် နိုင်ငံတော်အစိုးရဘဏ်မှ ကျောက်ဖြူငွေတိုက်သို့ ပို့ဆောင်သည့်ငွေပေါင်း ၇၂၄၀၀၀/-ခုနှစ်သိန်းကျော်ကိုရန်ကုန်မြို့မှတင်ဆောင်ထွက်ခွာခဲ့သည်။ (အမှန်စင်စစ်မှာ လေယာဉ် ပြန်ပေးဆွဲသူများက အစိုးရငွေများပါလာကြောင်းပင်မသိရှိခဲ့ပေ။)

ထိုဖြစ်ရပ်မှာ ထိုစဉ်က မြန်မာနိုင်ငံသာမက ကမ္ဘာပေါ်တွင် လုံးဝမဖြစ်ခဲ့ဘူးသေးသောပထမဆုံး လေယာဉ်ပျံပေးဆွဲမှု့ကြီးပင်ဖြစ်ပါသည်။လေယာဉ်ပျံပေါ် လိုက်ပါပြန်ပေးဆွဲသူသုံးဦးမှာကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များဖြစ်သော ဝန်ကြီးဟောင်း စောစံဖိုးသင်၏ တပည့်များဖြစ်ပါသည်။

လေယာဉ် ပြန်ပေးဆွဲရန် စီမံချက်ရေးဆွဲသူများ မှာဝန်ကြီးဟောင်းစောစံဖိုးသင်နှင့်အတူ ကေအင်ယူပါတီဗဟိုကော်မတီ နှင့် ပဲခူးရိုးမတိုင်းသဘာပတိဆရာ ဘာဟု(ဦးစောဘာဟု) ဦးစီးပဲ့ကိုင်ကော်မတီဆရာကြီး မန်းကျော်စိန် တို့ပါဝင်ကာ ဗိုလ်ကြီးအော်စဘွန်းကအနီးကပ်ကြီးကြပ်ကာအစစအရာရာစီစဉ်ပေးခဲ့ပါသည်။

ထိုစဉ်က ဦးနု၏ ဖဆပလအစိုးရခေတ် ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းသူ သခင်စိုး၏ အလံနီကွန်မြူ နစ်ပါတီ သခင်သန်းထွန်းခေါင်းဆောက်သော ဗမာပြည်ကွန်မြူ နစ်ပါတီ(အလံဖြူ)နှင့် KNU,KNDOစသောကရင်လက်နက်ကိုက်အဖွဲ့များက မြန်မာနိုင်ငံတဝှမ်းမြို့ရွာများကိုသိမ်းပိုက်ထားသလို ရခိုင်ပြည်နယ်ဘူးသီးတောင်မောင်တောတွင် သီးခြားမူဆလင်ပြည်နယ်ခွဲထွက်လိုသောမူဂျာဟစ်များနှင့် ပြည်သူ့ရဲဘော်အဖွဲ့မှ ရဲဘော်ဖြူ များကခွဲထွက်ကာ အစိုးရအားလက်နက်ကိုင်တိုက်ပွဲဝင်နေကြသည်။

ထို့ပြင်အစိုးရတပ်မတော်မှ တပ်ရင်းတပ်ဖွဲ့များကလည်းမိမိတို့နီးစပ်ရာလက်ကိုင်ကိုင်အဖွဲ့အစည်းအသီးသီးနှင့်ပူးပေါင်းကာတောခိုခဲ့ကြသဖြင့် နိုင်ငံတကာက ဖဆပလအစိုးရကို ရန်ကုန်အစိုးရဟုလှောင်ပြောင်ခေါ်ဝေါ်ခြင်းခံရသည့်အချိန်ဖြစ်ပေသည်။

ကရင်လက်နက်ကိုင်KNDO ကေအင်ဒီအိုတို့က ရန်ကုန် အင်းစိန်မြို့အထိသိမ်းပိုက်ထားရာ အစိုးရတပ်မတော်မှ ရခိုင်တွင်တိုက်ပွဲဝင်နေသောဗိုလ်မှုးချုပ်ကျော်ဇော(ရဲဘော်သုံးချိပ်ဝင်)ကိုတောင်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်တိုင်မှုးအဖြစ်ပြောင်းရွှေ့တာဝန်ပေးကာ
အင်းစိန်တိုက်ပွဲကိုဦးစီးတိုက်ခိုက်စေသည်။

၃လနှင့်၂၂ရက်ကြာတိုက်ခိုက်ခဲ့ပြီးနောက်အင်းစိန်ကိုသိမ်းပိုက်နိုင်ခဲ့ပြီးကေအင်ဒီအိုတို့သိမ်းပိုက်ထားသောအခြားမြို့ကြီးများလည်းပြန်လည်သိမ်းပိုက်နိုင်ခဲ့သဖြင့်ကရင်လက်နက်ကိုင်တို့ကစဉ့်ကလျားဆုတ်ခွာနေရပြီးစိတ်ဓါတ်ကျဆင်းခဲ့ကြသည်။

ထို့ကြောင့်KNU(Karen National Union)နှင့်KNDO(Karen National Defence Organiza-tion)တို့မှခေါင်းဆောင်ကြီးများ ၁၉၅၄ဖေဖော်ဝါရီတွင်လျှို့ဝှက်အစည်းအဝေးပြုလုပ်ခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်များနှင့်ဂျပန်တပ်များမှ ကရင်ပြည်နယ်ဒေါနတောင်ကြောတစ်နေရာတွင် လျှို့ဝှက်မြှုပ်နှံခဲ့သောလက်နက်ကြီးအမြောက်အများကို တွေ့ရှိခဲ့ရာ ယင်းတို့ကိုမြစ်ဝကျွန်းပေါ်ဒေသ၊ပဲခူးရိုးမနှင့် မြေပြန့်ဒေသအချို့ရှိတပ်စွဲထားနိုင်သေးသည့် မြို့ရွာများကို အချိန်မှီပေးပို့နိုင်ရန်အ
ရေးတကြီးလိုအပ်ကြောင်းဆွေးနွေးခဲ့သည်။

ထိုအခါဗိုလ်ကြီးစောကျော်အေးက အစိုးရလေယာဉ်တစ်စီးစီးကိုအပိုင်စီးကာ ဒေါနတောင်ခြေဇီးဖြူ တောင်ရှိ ဂျပန်စစ်လေယာဉ်ပျံကွင်းဟောင်းအား ပြင်ဆင်စေပြီး လက်နက်တင်ပို့နိုင်ရန်စိတ်ကူးရရှိကာ အထက်အရာရှိ ဗိုလ်မှုးစောအော်စဘွန်းကိုတင်ပြရာမှ ဤကမ္ဘာ့ပထမဆုံးလေယာဉ်ပျံပေးမှု့ကြီးစတင်ဖြစ်ပွားခဲ့ရပါတော့သည်။

ဟံသာဝတီသတင်းစာ ဖော်ပြချက်များအရ လေယာဉ်ပေါ် လိုက် ပါပြန်ပေးဆွဲခဲ့သူများမှာ ဟံသာဝတီနယ်မှ ဗိုလ်ကျော်အေး၊ဟင်္သာတခရိုင်မှဗိုလသိန်းကျော်ပုသိမ်ခရိုင် ငပုတောမြို့နယ်မှစောအငြိမ်းဆိုသူတို့ဖြစ်ပြီးရန်ကုန်မြို့လေယာဉ်လက်မှတ်ဝယ်ယူရာတွင် ရန်ကုန်မြို့ လမ်း၂၀မှ ကိုမောင်မောင်၊ ကိုဘကျော်နှင့်
ကိုအစိမ်းဟူသော နာမည်လိမ်များဖြင့် ဝယ်ယူလိုက်ပါခဲ့ခြင်းဖြစ်သည်။

လေဆိပ်တွင် စစ်ဆေးရေးတာဝန်ရှိသူများက ခရီးဆောင်အိတ်များကို ဖွင့်ရှာကြသော်လည်း သူတို့သုံးဦး၏ ကိုယ်ပေါ်တွင်လက်နက်များကို ဝှက်ယူလာသဖြင့် ဘာမျှ မတွေ့ရပေ။ဗိုလ်ကျော်အေးသည် ရှပ်အကျီ င်္အောက်ခံပေါ်တွင် နံ့သာရောင်တိုက်ပုံ မီးခိုးရောင်လုံချည်ကိုဝတ်ဆင်ထားပြီး ကိုယ်ပေါ်တွင် ၃.၈ဘို့စပါယ်ရှယ်ကို့လ်(Colt)အမျိုးအစား နီကယ်အဖြူ ရောင်ခြောက်လုံးပြူးတစ်လက်နှင့်အတူ လက်ပစ်ဗုံးတစ်လုံးကိုပါဝှက်ယူသယ်ဆောင်ခဲ့သည်။

ဗိုလ်သိန်းကျော်သည် လုံချည်တစ်ပတ်နွမ်း အဖြူ ကွက်အတွင်းခံရှပ်အကျီ င်္အစင်းပေါ်တွင်ကုတ်အကျီ င်္နက်ပြာရောင်ဝတ်ဆင်ထားပြီးညှပ်ဖိနပ်အသစ်စီးထားကာ ကိုယ်နှင့်အတူ ၃.၈ဘို့ပြောင်းတိုခြောက်လုံးပြူးအနက်ရောင်တစ်လက်နှင့်
လက်ပစ်ဗုံးတစ်လုံးပါ ယူဆောင်လာသည်။

အငြိမ်းသည် အကျီ င်္အဖြူ ပေါ်တွင် ဆွယ်တာလက်ပြတ်ထပ်ဝတ်လျှက် ဗန်ကောက်လုံခြည်ဝတ်ဆင်ထားပြီးဗိုလ်သိန်းကျော်ကိုင်ဆောင်သလို ခြောက်လုံးပြူးပြောင်းတိုတစ်လက် ပါရှိသည်။လက်နက်များကိုဝမ်းဗိုက်နှက့်ပေါင်တို့တွင် ကြိုးဖြင့်ချည်ကာလျှို့ဝှက်သယ်ဆောင်ခဲ့ရာ ခန္ဓာကိုယ်ကိုရှာဖွေခြင်းမရှိသဖြင့်လေယာဉ်ပေါ်သို့အလွယ်တကူသယ်ယူနိုင်ခဲ့၏။

လေယာဉ်ပျံပေါ်လိုက်ပါသူ ခရီးသည်များစာရင်းတွင် အစိုးရစစ်တပ်မှ ဗိုလ်ကြီးကျော်သာဆိုသူ မှာမိမိတို့ခုံတန်းရှေ့တွင်နေရာရကာလိုက်ပါလာသဖြင့်စိတ်ပူပန်ခဲ့ကြသေးသည်။လေယာဉ်ပေါ်ရောက်မှအစိုးရတာဝန်ခရီးစဉ်အဖြစ် မည်သည့်လက်နက်မှမပါပဲယူနီဖောင်းဝတ်ကာလိုက်ပါလာကြောင်းသိရလေသည်။

နံနက်၆နာရီခွဲကျော်ကျော်တွင် မင်္ဂလာဒုံလေဆိပ်မှလေယာဉ်စတင်ပျံတက်လာခဲ့ပြီးနောက် ငါးမိနစ်ခန့်အကြာတွင် ဗိုလ်စောကျော်အေးက သူ့လူများကို ဦးထုပ်ချွတ်ကာ အသင့်ရှိစေရန်အချက်ပြလိုက်ပြီးလျှို့ဝှက်ယူဆောက်လာသောလက်နက်များကို အခြားသူတို့မသိစေရန် အသင့်ထုတ်စေ၏။

ထို့နောက်ရှေ့ခုံရှိ ဗိုလ်ကြီးကျော်သာ၏နံဘေးကိုသေနတ်ဖြင့်တေ့ကာ လေယာဉ်ကြီးကိုအပိုင်စီးလိုက်ပြီဖြစ်ကြောင်း တိုးတိုးလေးကပ်ပြောသည်။ကျန်ခရီးသည်များမရိပ်သေးပေ။ ထို့နောက်ဗိုလ်မှုးစောအော်စဘွန်းစီစဉ်ညွှန်ကြားချက်အတိုင်း လေယာဉ်ပျံ ဧရာဝတီမြစ်ကြီးကိုဖြတ်ကျော်ပြီးသည်နှင့် ဗိုလ်စောကျော်အေး

ကအချက်ပေးလိုက်ရာ သုံးယောက်လုံးခြောက်လုံးပြူးကိုယ်စီဆွဲကိုင်လျှက်ခရီးသည်များကို ချိန်ကာ လေယာဉ်ကြီးကို အပိုင်စီးလိုက်ပြီဖြစ်ကြောင်း ကြော်ငြာအသိပေးလိုက်သည်။

ဗိုလ်စောကျော်အေးက လေယာဉ်ဦးပိုင်းရှိပိုင်းလော့ခန်းကိုသွား၍ တခါးကိုကန်ဖွင့်လိုက်ပြီးနောက်လေကြောင်းထိန်းသိမ်းရေးမျှော်စင်နှင့်အဆက်အသွယ်လုပ်နေသော ရေဒီယိုအရာရှိ Mr.Ray၏ခေါင်းကိုခြောက်လုံးပြူ းဖြင့်တေ့ပြီး ဖုန်းခွက်နှင့်ကြိုးများကိုဆွဲဖြုတ်ကာ ကြမ်းပြင်ပေါ်ပစ်ချ ဖျက်စီးလိုက်သည်။

ထိုအချိန်မှစတင်၍ လေကြောင်းထိန်းသိမ်းရေးမျှော်စင်နှင့်ဒါကိုတာလေယာဉ် XY-ACTတို့ ရေဒီယိုအဆက်အသွယ်ပြတ်သွားလေတော့သည်။

ထို့နောက် Mr.Rayကိုအခန်းပြင်ခေါ်ထုတ်ခဲ့ပြီး ဗိုလ်ကြီးကျော်သာအပါအဝင်ခရီးသည်များအားလေယာဉ်နောက်ဆုံးခုံတန်းများသို့ပြောင်းနေရွှေ့နေရာယူခိုင်းလျှက် ဗိုလ်သိန်ကျော်နှင့်စောအငြိမ်းတို့အား လက်နက်ကိုယ်စီနှင့်ချိန်ရွယ်နေစေခဲ့ပြီးလေယာဉ်မှုးအခန်းသို့ ဗိုလ်စောကျော်အေး အပြေးပြန်ကာ လေယာဉ်မှုးများကို ခြောက်လုံးပြူးဖြင့်ချိန်ရွယ်လျှက်

“ခုချိန်ကစပြီး ဒီလေယာဉ်ကို ငါတို့အပိုင်စီးထားလိုက်ပြီ ငါတို့သူခိုးဓါးပြတွေမဟုတ်ဘူး လက်နက်ကိုင်တိုက်ပွဲဝင်သူကရင့်တော် လှန်ရေးသမားတွေဖြစ်တယ် ငါတို့အတွက်ဒီလေယာဉ်ကိုသိမ်းပိုက်လိုက်ပြီ”ဟုပြောကာ

ဗိုလ်မှူးအော်စဘွန်းအင်္ဂလိပ်လိုရေးသားပေးလိုက်သည့် မြေပုံအညွှန်းစာရွက်ကိုပြသလျှက် “ဒီမြေပုံအညွှန်းအတိုင်းလေယာဉ်ကိုဆင်းသက်ပေးပါ ဒါပဲ”ဟုပြောကာ မြန်မာလေကြောင်းပထမအရာရှိဦးကိုကိုအားပေးအပ်လိုက်ပြီး ပိုင်းလော့အား နားလည်စေရန်အင်္ဂလိပ်လိုဘာသာပြန်ပြောပြစေသည်။

လေယာဉ်မောင်းနှင်သူပိုင်းလော့မှာ အင်္ဂလိပ်လူမျိုး Mr.A.E Hare ဖြစ်ပြီးလေယာဉ်မောင်းခန်းတွင် မြန်မာလူမျိုး ပထမအရာရှိဦးကိုကိုနှင့် ကုန်စည်လက်ထောက်အရာရှိ ဦးကိုကိုကြီးတို့ပါရှိပေသည်။

ထိုအချိန်တွင် ပိုင်းလော့Mr.A.E Hare ကခေါင်းမာစွာလေယာဉ်ကိုပြန်လှည့်ရန်ဟန်ပြင်သဖြင့်ဗိုလ်ကျော်အေးကလက်ပစ်ဗုံးနှင့်ခေါင်းကိုခပ်ဆတ်ဆတ်ထုကာ “ငါတို့ဟာ နိုင်ငံရေးအရ ရန်သူဖြစ်တဲ့အစိုးရလေယာဉ်ကို တိုက်ခိုက်ယူတာသာဖြစ်တယ်လူတွေရဲ့ အသက်ကိုအန္တရာယ်ပေးဖို့ရည်ရွယ်ချက်လုံးဝမရှိဘူး မောင်းခိုင်းတဲ့နေရာကိုသာရောက်အောင်မောင်းပေးပါ ကွေ့ကွေ့ကောက်ကောက်လုပ်မယ်မကြံနဲ့ လေယာဉ်တစ်စင်းလုံး မီးလောင်တိုက်သွင်းပစ်မယ်”ဟုပြောဆိုကာ ဦးကိုကိုအား ဘာသာပြန်ခိုင်း၏။

ထိုအချိန်က ဧရာဝတီမြစ်ကို ပြန်လှည့်ကျော်ဖြတ်ရုံနှင့် ရန်ကုန်သို့ မိနစ်ပိုင်းအတွင်းပြန်ရောက်နိုင်လေသည်။ ထို့ကြောင့် ပင်ဖြုတ်ကာ လက်ပစ်ဗုံးခွဲရန် ဟန်ပြင်လိုက်မှ အနောက်ဘက်တည့်တည့်သို့မောင်းတော့သည်။ဤသို့ဖြင့်လေယာဉ်ကြီးကိုပုသိမ်အနောက်ဖက်ပင်လယ်ကမ်းခြေတစ်လျှောက်အတိုင်းမောင်း
နှင်လာခဲ့လေသည်။

ဗိုလ်ကျော်အေးပေးသောမြေပုံ တွင် အနီးကပ်စီစဉ်ညွှန်ကြားသောဗိုလ်မှုးအော်စဘွန်းက မြေပုံအညွှန်း၌် ဆင်းသက်ရန်ဖော်ပြထားသောငဆော်ကြီးကျေးရွာ (ယခုငွေဆောင်ကမ်းခြေနေရာ)အနီးသောင်ပြင်တွင် သူ၏ တပ်မဟာ၄နှင့်အတူအသင့်

စောင့်ဆိုင်းနေသော်လည်း ပိုင်းလော့အင်္ဂလိပ်လူမျိုးMr.A.E Hare က လေယာဉ်ကို ဆီမကုန်မချင်းကွေ့ဝိုက်ပျံသန်းကာ ဆီကုန်ခါနီးအချိန်ရောက်မှထိုစဉ်ကပြည်သူ့ရဲဘော်များလက်အောက်ရောက်ရှိနေသော ဂွမြို့နယ် မကျီးစင်ရွာအနီးပင်လယ်ကမ်းစပ်ရှိ မှော်သိုးသောင်ခေါ် သဲသောင်ပြင်ပေါ်သို့ဆင်းသက်ခဲ့ရလေသည်။

သို့ဖြင့်လေယာဉ်ပျံပေါ်မှ ခရီးသည်များအားလုံးကိုဆင်းခိုင်း၍ စက်လှေများဖြင့် ကျောက်ထပ်ကျွန်းသို့ ခရီးဆက်ရန်စီစဉ်ကြ ၏။လေယာဉ်ပေါ်တွင် အစိုးရဘဏ်မှ ကျောက်ဖြူ ငွေတိုက်သို့ပို့ဆောက်မည့်လစာငွေ၇သိန်းကျော်ကိုသေတ္တာကြီးများဖြင့်ထည့်ထားကြောင်းတွေ့ရှိရသဖြင့် ငွေသေတ္တာများကိုစက်လှေပေါ်သို့တင်ဆောင်နေစဉ် ရဲဘော်ဖြူ တပ်များရောက်ရှိလာကာ ဝိုင်းဝန်းဖမ်းဆီးသဖြင့် ကစဉ့်ကလျားထွက်ပြေးရလေသည်။

ယင်းသတင်းကို ငွေဆောင်(ယခင်ငဆော်ကြီးကျေးရွာ)မှစောင့်ဆိုင်းနေသောဗိုလ်မှူးအော်စဘွန်းသတင်းရလျှင် ချက်ချင်းရဲဘော်ဖြူတို့နောက်မှထပ်ချပ်မကွာ လိုက်ပါတိုက်ခိုက်ရာ ရဲဘော်ဖြူတို့ထံမှ ငွေသုံပုံနှစ်ပုံပြန်လည်ရရှိခဲ့ပြီး KNDOဌာချုပ်ရှိဗိုလ်ချုပ်စိန်မှုံလက်သို့ပေးအပ်ခဲ့ကြောင်းသိရသည်။

ထို့ငွေများကိုတော်လှန်ရေးအတွကက်လက်နက်မဝယ်ပဲ ဘုရားကျောင်းဆောက်လုပ်ရာတွင်အသုံးပြုခဲ့သဖြင့်စောအော်စဘွန်းနှင့်ဗိုလ်စိန်မှုံတို့စိတ်သဘောထားကွဲလွဲကာ တပ်မှုးများအစည်းအဝေးကိုမတက်ရောက်တော့ပဲစောအော့စဘွန်းသည် အကိုဝမ်းကွဲတော်စပ်သူ ဝန်ကြီး စောအောင်ပထံသို့ ဆက်သားလွှတ်ကာဆက်သွယ်၍ “လေယာဉ်ပျံ ပြန်ပေးကိစ္စကိုအရေးမယူလျှင်လက် နက်ချ အလင်းဝင်မည်ဖြစ်ကြောင်း”အစိုးရသိစေရန်အကြောင်းကြားခဲ့သည်။

၁၉၅၄ခုနှစ် သြဂုတ်လ ၁၄ရက်နေ့တွင် အစိုးရတပ်မတော်မှ ဗိုလ်မှုးကြီးသောင်းကြည်ထံ ဗိုလ်မှုးစောအော့စဘွန်းနှင့်တပည့်များဖြစ်သော လက်နက်ကိုင်အင်အား၂၅၀တို့ လက်နက်ချအလင်းဝင်ရောက်ခဲ့လေသည်။

ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းနေချိန်ဖြစ်သောကြောင့် အစိုးရက အလင်းဝင်သောစောအော့စဘွန်းအား ရဲအုပ်ရာထူးပေးအပ်ကာ ၁၉၆၄တွင်ကျောက်ပန်းတောင်းမြို့၌ ဒုရဲမှုးအဖြစ်လည်းကောင်း တပည့်များကိုလည်း ရဲဝန် ထမ်းလုပ်လိုသူများအားရဲတပ်ဖွဲ့သို့ဝင်ရောက်စေကာ ဒေသအသီးသီးသို့ တာဝန်ပေးချထားခံရလေသည်။

ဗိုလ်အော့စဘွန်းမှာမေမြို့ ပျဉ်းမနားမြို့စသည်တို့မှနောက်ဆုံးညောင်တုန်းမြို့တွင်၁၉၇၆ ဧပြီလတွင်ပင်စင်ယူခဲ့ပြီးနောက် ဟင်္သာတမြို့သီလကုန်းရပ်ကွက် ကရင်ခြံတွင်စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ခဲ့ပြီး ၁၉၈၉ခုနှစ် အောက်တိုဘာ၂၄ရက်နေ့၌ ကွယ်လွန်ခဲ့ကြောင်းသိရပါသည်။

စာကိုး။ မောင်ကြည်သန့်၏ မြန်မာ့ဖြစ်ရပ်နောက်ဆက်တွဲများ နှင့် လူထုဦးလှ၏ သတင်းစာများကပြောသောစစ်ပြီးမြန်မာပြည် ၁၉၆၉ ဗိုလ်မှုးချုပ်ကျော်ဇော၏ ဆိုင်းစုမှသည်မန်ဆိုင်းဆီ နှင့် ဦးလှသောင်း၏ ကမ ္ဘာ့ပထမလေယာဉ်ပြန်ပေးဆွဲမှု့တို့မှ ကောက်နှုတ်ဖော်ပြပါသည်။
Credit..Mandalarmyay

Leave a Reply

Your email address will not be published.