အောင်လနှင့် ဘစ်ဒက်ရှ်ပွဲမှာ အနိုင်ရမည့်သူကို ပြောကြားခဲ့သည့် ဘရန်ဒါဗီရာ

အောင်လနှင့် ဘစ်ဒက်ရှ်ပွဲမှာ အနိုင်ရမည့်သူကို ပြောကြားခဲ့သည့် ဘရန်ဒါဗီရာ

‘ONE Championship’ အဖွဲ့အစည်းသည် ပရိသတ်ကြီးတို့ အားလုံး သိရှိပြီးသည့်အတိုင်း 2022 ခုနှစ် ဖေဖော်ဝါရီလ 25 ရက်နေ့တွင် ‘ONE Full Circle’ ပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်မှာ ဖြစ်ပါသည်။

အဆိုပါ ပြိုင်ပွဲကြီးတွင် ပွဲစဉ် စုစုပေါင်း 14 ထိပါဝင်မှာ ဖြစ်ပြီး၊ MMA ပွဲပေါင်း 7 ပွဲအထိပါဝင်မှာလည်း ဖြစ်ပါသည်။ အဆိုပါ 7 ပွဲတွင် မစ်ဒယ်ဝိတ်တန်း ဖိုက်တာများ၏ တွဲဆိုင်း 4 တွဲအထိ ပါဝင်နေတာလည်း ဖြစ်ပါသည်။

မစ်ဒယ်ဝိတ်တန်းဖိုက်တာများ၏ တွဲဆိုင်း 4 တွဲတွင် မြန်မာ့ဂုဏ်ဆောင် ကချင်သားကြီး အောင်လအန်ဆန်းနှင့် ရုရှားဖိုက်တာ ဗစ်တလီ ဘစ်ဒက်ရှ်တို့၏ တွဲဆိုင်းတစ်ခုလည်း အပါအဝင် ဖြစ်ပါသည်။

အောင်လနှင့် ဘစ်ဒက်ရှ်တို့ အကြား ထိပ်တိုက်တွေ့ဆုံမှုတွင် အနိုင်အရှုံး ပြတ်သားသေးခြင်းမရှိဘဲ တစ်ယောက် တစ်ပွဲစီ နိုင်ပွဲရရှိထားကြတာ ဖြစ်ပါသည်။ ဒီတစ်ကြိမ် တတိယအကျော့မှာရော ဘယ်သူက အနိုင်ယူသွားနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေတာ ဖြစ်ပါသည်။

ယခုထိုးသတ်မည့် အောင်လနှင့် ဘစ်ဒက်ရှ်တို့၏ ပွဲစဉ်နှင့် ပတ်သတ်၍ အောင်လ၏ ပြိုင်ဘက်ဟောင်းတစ်ဦး ဖြစ်သည့် ဘရန်ဒါ ဗီရာက ယခုလိုဘဲ ပြောကြားသွားခဲ့ပါသည်။

ဗီရာ၏ ပြောကြားချက်မှာ – ” သူတို့က အရည်အသွေးကောင်းမွန်တဲ့ ဖိုက်တာတွေပါ။ စွမ်းဆောင်ရည်တွေလည်း တူသလို၊ ခန္ဓာကိုယ် ကြုံခိုင်မှု ပိုင်းမှာလည်း တူညီကြပါတယ်။

ဒီအကြိမ်တွေ့ဆုံမှုဟာ သူတို့ရဲ့ တတိယအကြိမ်လည်း ဖြစ်ပါတယ်။”“ဒါ့ကြောင့် ဘယ်သူမဆို မှတ်တမ်းကောင်းတစ်ရပ် ရေးထိုးနိုင်ဖို့ ဒီပွဲကို အနိုင်ရရှိဖို့ လိုအပ်ပါတယ်။ ဘယ်သူက အနိုင်ရမလဲ ဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ကျွန်တော်ကတော့ အောင်လက ဘစ်ဒက်ရှ်ကို အနိုင်ယူသွားနိုင်လိမ့်မည်ဟု ထင်ပါတယ်။” ဟု ပြောကြားသွားခဲ့တာဘဲ ဖြစ်ပါသည်။
Crd..toptennew

Leave a Reply

Your email address will not be published.