အောင်လအင်ဆန် ဒိုင်အဆုံးအဖြတ်ဖြင့် ရှုံးနှိမ့်

အောင်လအင်ဆန် ဒိုင်အဆုံးအဖြတ်ဖြင့် ရှုံးနှိမ့်

မြန်မာ့ဂုဏ်ဆောင် MMA ကစားသမား အောင်လအင်ဆန်သည် ရုရှားဖိုက်တာ ဗစ်တာလီ ဘစ်ဒက်ရှ်ကို ဒိုင်အဆုံးအဖြစ်ရှုံးနှိမ့်သွားသည်။ ငါးမိနစ်သုံးချီထိုးသတ်ရာ ဒိုင်သုံးဦးလုံးက ဘစ်ဒက်ရှ်ကို အနိုင်ပေးခဲ့ခြင်းဖြစ်သည်။

ပထမအချီတွင် အောင်လအင်ဆန်က ခေါင်းနောက်ပိုင်းတွင် ထိုးခံရသဖြင့် ဒိုင်က ပွဲကို ခေတ္တရပ်နားခဲ့ရသည်။ ဒုတိယအချီနှင့် တတိယအချီတွင် အောင်လအင်ဆန်ကို ဘစ်ဒက်ရှ်၏ လှဲချနိုင်ခဲ့ပြီး ပွဲ၏အချိန်အများစုကို ထိန်းချုပ်ထားခဲ့သည်။

မစ်ဒယ်ဝိတ်တန်းချန်ပီယံဟောင်း နှစ်ဦးဖြစ်သည့် အောင်လအင်ဆန် နှင့် ဗစ်တာလီဘစ်ဒက်ရှ်တို့သည် ၂၀၁၇ ခုနစ်က နှစ်ကြိမ်ထိုးသတ်ခဲ့ပြီး တစ်ကြိမ်စီ အနိုင်ရရှိထားကြသည်။

အသက် ၃၆ နှစ်ရှိပြီဖြစ်သည့် အောင်လအင်ဆန်သည် ယနေ့ည ပွဲစဉ်အပါအဝင် MMA ပွဲပေါင်း (၄၁) ယှဉ်ပြိုင်ခဲ့ရာ (၂၇)ပွဲ နိုင်ထားပြီး (၁၃) ပွဲရှုံးထားသည်။
တစ်ဆက်တည်း ယနေ့ည၏ One Championship ၏ Full Circle ပြိုင်ပွဲတွင်

အဓိကထိုးသတ်မည့် နောက်ဆုံး တွဲဆိုင်းမှာ နယ်သာလန်ဖိုက်တာနှင့် ကာဇက်စတန်ဖိုက်တာတို့နှစ်ဦး၏ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်စိန်ခေါ်ပွဲဖြစ်ပြီး အနိုင်ရရှိသူကို ဗစ်တာလီဘစ်ဒက်ရှ်က စိန်ခေါ်ထိုးသတ်ခွင့်ရရှိမည်ဖြစ်သည်။
Crd..The 74 Media

Leave a Reply

Your email address will not be published.