ရှေ့တန်းပထမဆုံးအကြိမ်ထမ်းဆောင်ရန်တောင်တရုတ်ပင်လယ်သို့ဦးတည်လိုက်သောအင်္ဂလန်ရဲ့လေယာဉ်တင်သင်္ဘောသစ်ကြီးHMSQueenElizabeth

ရှေ့တန်းပထမဆုံးအကြိမ်ထမ်းဆောင်ရန်တောင်တရုတ်ပင်လယ်သို့ဦးတည်လိုက်သောအင်္ဂလန်ရဲ့လေယာဉ်တင်သင်္ဘောသစ်ကြီးHMSQueenElizabeth

ပထမဆုံးအကြိမ်ရှေ့တန်းတာဝန်ထမ်းဆောင်ရန်တောင်တရုတ်ပင်လယ်သို့ဦးတည်လိုက်သောအင်္ဂလန်ရဲ့လေယာဉ်တင်သင်္ဘောသစ်ကြီးHMSQueenElizabethတော်ဝင်ရေတပ်ရဲ့မကြာသေးမီကမှတပ်တော်ဝင်ပြုလုပ်ခဲ့သောလေယာဉ်တင်သင်္ဘောသစ်

HMSQueenElizabethဦးဆောင်သောလေယာဉ်တင်တိုက်ခိုက်ရေးရေယာဉ်အုပ်ဟာသူမရဲ့ပထမဆုံးစစ်ဆင်ရေးတာဝန်အတွက်အခြေပြုကာHMNBPortsmouthမှလက်ရှိအငြင်းပွားရေပြင်တောင်တရုတ်ပင်လယ်သို့ဦးတည်တပ်ဖြန့်ထွက်ခွာလာပြီဖြစ်ပါတယ်။ယခုခရီးစဉ်တွင်သူမဟာပစိဖိတ်သမုဒ္ဒရာနဲ့ဆက်စပ်ပင်လယ်များ

သို့သွားရောက်တပ်ဖြန့်မှာဖြစ်တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့၂၀၁၉ကတည်းကအဆိုပါသင်္ဘောကြီးရဲ့ပထမဆုံးရှေ့တန်းစစ်ဆင်ရေးတာဝန်ဟာတောင်တရုတ်ပင်လယ်မှာဖြစ်တယ်လို့တော်ဝင်နိုင်ငံခြားရေးဝန်ကြီးWilliamsonကဆိုထားပြီးသားဖြစ်တာကြောင့်တရုတ်ကတော့

ယခုကဲ့သို့စေလွှတ်လိုက်ခြင်းအတွက်နေတိုးအဖွဲ့ကိုအပြစ်တင်ပြောဆိုလိုက်ပါတယ်။၎င်းတို့အနေနဲ့မိမိတို့အချုပ်အခြာအာဏာပိုင်နက်ရေပြင်ကိုတစ်လက်မမှအထိမခံဘဲကျူးကျော်ဝင်ရောက်လာသူတွေကိုလိုအပ်သလိုတုန့်ပြန်လုပ်ဆောင်မှာဖြစ်တယ်လို့ကြေညာထားပါတယ်။

ဘယ်လိုများလုပ်ဆောင်မလဲဆိုတာကတော့စောင့်ကြည့်ရမဲ့အနေအထားပါ။ယခုခရီးစဉ်အတွင်းHMSQueenElizabethအနေနဲ့ဂျပန်နိုင်ငံRyukyuကျွန်းအနီးတွင်အမေရိကန်နဲ့ဂျပန်ကာကွယ်ရေးရေတပ်များနဲ့ပူးတွဲစစ်ဆင်မှုတွေပြုလုပ်မယ်လို့သိရပါတယ်။
Crd..mmdemocracy

Leave a Reply

Your email address will not be published.