ပေ ၁၀၀ အရှည်ရှိကာ ကိုယ်ပိုင် ဂင်းနစ်စံချိန်ကို ချိုးဖျက်ခဲ့တဲ့ ကမ္ဘာအရှည်ဆုံးကားကြီး

ပေ ၁၀၀ အရှည်ရှိကာ ကိုယ်ပိုင် ဂင်းနစ်စံချိန်ကို ချိုးဖျက်ခဲ့တဲ့ ကမ္ဘာအရှည်ဆုံးကားကြီး

ကမ္ဘာ့အရှည်ဆုံးကားကို ပြန်လည်ပြုပြင်ထားတဲ့ဗားရှင်းဟာ ပေ 100 နှင့် အရှည် 1.5 လက်မဖြင့် သူ့ရဲ့ကိုယ်ပိုင်ဂင်းနစ်ကမ္ဘာ့စံချိန်ကို ချိုးဖျက်ခဲ့ပါတယ်။ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းများအရ American Dream လို့သိကြတဲ့ စူပါဇိမ်ခံကားကို ကားစိတ်ကြိုက်ပြုပြင်သူ Jay Ohrberg မှ 1986 ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ပေ 60 အရှည်ရှိပါတယ်။ Ohrberg ဟာ နောက်ပိုင်းတွင် ကားကို ပေ 100 အရှည်အထိ ချဲ့ထွင်ခဲ့ပြီး အရှည်ဆုံးကားအတွက် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။

ကားဟာ နှစ်အတော်ကြာအောင် နယူးဂျာစီဂိုဒေါင်ထဲ မရောက်မီ ရုပ်ရှင်ကားများစွာထဲမှာ ပါဝင်ခဲ့ဖူးပါသေးတယ်။ N.Y. က Nassau ကောင်တီရှိ Autoseum နည်းပညာဆိုင်ရာ သင်ကြားရေးပြတိုက် ပိုင်ရှင် Michael Manning သူ့ကားရဲ့ အစိတ်အပိုင်းများစွာကို ဆယ်ယူလို့ မရနိုင်တဲ့ အချိန်အထိ သံချေးတက်နေတဲ့ American Dream ကို ပြန်လည်ထူထောင်ရန် ကြီးကျယ်တဲ့တာဝန်ကို ထမ်းဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

“နယူးဂျာစီက မော်တော်ကားပြပွဲတစ်ခုမှာ ပထမဆုံးတွေ့ခဲ့ရတဲ့ ဒီကားဟာ ပြတင်းပေါက်တွေကွဲ သံချေးတွေတက် တာယာတွေပြားနေတာကို သဘောကျလို့ ကျွန်တော်ဒီကားကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်မယ်လို့ ” လို့ သူကပြောပြခဲ့ပါတယ်။

ဘတ်ဂျက်ပြဿနာများကြောင့် သူ့အစီအစဉ်များ ရပ်တန့်သွားကာ Autoseum မှ Nassau ကောင်တီနှင့် ငှားရမ်းမှု ရပ်ဆိုင်းလိုက်တဲ့အခါတွင် ကားအတွက် အိမ်အသစ်ရှာရန် ထွက်ခွာသွားကြောင်း Manning မှ ပြောကြားခဲ့ပါတယ်။ ကားကို အော်လန်ဒိုသို့ ပို့ဆောင်ခဲ့ပြီး ပြန်လည်ထူထောင်ရေးတွင် ပါဝင်ရန် Manning လည်းအတူ ပါလာခဲ့ပါတယ်။

ပြန်လည်ပြုပြင်ထားတဲ့ American Dream တွင် ရဟတ်ယာဉ်၊ ရေကူးကန်၊ ရေပူကန် နှင့် ကြီးမားသော ရေကုတင်တစ်ခုတို့ပါရှိပါတယ်။ ဒီကားကို အခု Dezerland Park Car Museum မှာ ပြသမယ်လို့ Manning က ပြောပြခဲ့ပါတယ်။ “ဒါက အရမ်းရှည်နေတာကြောင့် လမ်းပေါ်မတင်နိုင်ပါဘူး ခင်းကျင်းပြသဖို့သာ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်” လို့ Manning က ပြောခဲ့ပါသေးတယ်။

Crd..Yournewsmm

Leave a Reply

Your email address will not be published.