နေပြည်တော်မှ အထူးတပ်ဖွဲ့သည် ဗိုလ်နဂါး ၏ နယ်မြေအထိ ရှင်းလင်းမည်ဟု ( CDM ) ဗိုလ်ကြီး သတင်းပေး

နေပြည်တော်မှ အထူးတပ်ဖွဲ့သည် ဗိုလ်နဂါး ၏ နယ်မြေအထိ ရှင်းလင်းမည်ဟု ( CDM ) ဗိုလ်ကြီး သတင်းပေး

နေပြည်တော်မှအထူးတပ်ဖွဲ့ (Special attacking force) စစ်ကြောင်း( ၁ )သည် ဗိုလ်နဂါး အခြေချရာပုလဲနယ်အထိ စစ်ကြောင်းထိုး ရှင်းလင်းမည် ဖြစ်ကြောင်း ဗိုလ်ကြီးဇင်ယော် က အသိပေးပြောဆိုသည်။

၎င်းစစ်ကြောင်းသည် အာဆီယံ လမ်းမကြီးအတိုင်း မိတ္ထီလာသို့ ကနဦး ချီတက်ကာ ပုံမှန်လမ်းအတိုင်း ဆက်လက် ချီတက်ပြီးချီတက်ကာ မြင်းခြံတွင် အခြေပြုမည်ဖြစ်သည်။

ထို့နောက် မြင်းခြံမှတဆင့် ပုံမှန်လမ်း အတိုင်းဆက်လက် ချီတက်ကာ နဘူးအိုင်မှ တဆင့် ဆီးမီးခုံ၊ မြောင်၊ လင်းကတော်၊ ကျားတက်၊ ပုလဲအထိ ဆက်လက် စစ်ကြောင်းထိုး ရှင်းလင်း သွားမည်ဖြစ်ကြောင်း ဗိုလ်ကြီးဇင်ယော်က အသိပေးပြောဆိုထားသည်။

ယင်းကဲ့သို့ စစ်ကြောင်း ချီတက်ရာ လမ်းတစ်လျှောက် မီးရှို့ ဖျက်ဆီးအကြမ်းဖက် စစ်ကြောင်းထိုး သွားမည်ဖြစ်သလို PDFများနှင့် ဆက်နွယ်သော ရွာသူ၊ ရွာသား များအား ခေါ်ယူစစ်ဆေး မေးမြန်းခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိထားသည်ဟု ဆက်လက်အသိပေးပြောဆိုသည်။

ထို့ပြင် အခြေအရပ်ရပ်အပေါ်မူတည်ကာ လိုအပ်ပါက လေကြောင်း အသုံးပြု သွားမည်ဖြစ်ကြောင်းကိုလည်း သိရှိထားရကြောင်း ၎င်းကသတိပေးထားသည်။ ထိုသတင်းပေးမှုကို သက်ဆိုင်ရာနယ်မြေများရှိ တော်လှန်ရေးအဖွဲ့များ သိရှိရန်လိုအပ်နေ ❗❗❗
Crd..thenationvoicemyanmar

Leave a Reply

Your email address will not be published.