နေတိုး မဟာမိတ်တပ်ဖွဲ့ဝင်များနဲ့ ပူးပေါင်းကာ ရုရှား ကို ပြတ်ပြတ်သားသား အရေးယူမယ်လို့ ပြောကြားလိုက်တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်

နေတိုး မဟာမိတ်တပ်ဖွဲ့ဝင်များနဲ့ ပူးပေါင်းကာ ရုရှား ကို ပြတ်ပြတ်သားသား အရေးယူမယ်လို့ ပြောကြားလိုက်တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းကို ရုရှားနိုင်ငံ က ကျူးကျော်မှု စတင်ခဲ့ခြင်းကြောင့် ပိတ်ဆို့ အရေးယူမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ပြီး ရုရှားအစိုးရကို အနောက်နိုင်ငံတွေရဲ့ ငွေကြေးထောက်ပံ့မှုကနေ ဖြတ်တောက်ခဲ့ပါတယ်။

ယခုအခါမှာလည်း ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံ ကို တရားဝင်စစ်ကြေငြာကာ ဝင်ရောက်တိုက်ခိုက်နေတဲ့အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ကြေငြာချက်တစ်ခု ကို ထုတ်ဖော်လာခဲ့ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် က “ရုရှားစစ်တပ်ရဲ့ မနာလိုမှုနှင့် တရားမျှတမှုမရှိတဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတဲ့အတွက် ယူကရိန်းပြည်သူများနှင့်အတူ တစ်ကမ္ဘာလုံးရဲ့ ဆုတောင်းသံများဟာ ထပ်တူကျကြောင်း၊သမ္မတ ပူတင်သည် ဆိုးရွားသော

အသက်ဆုံးရှုံးမှုများနှင့် လူသားများ ဒုက္ခရောက်စေနိုင်မယ့် စစ်ပွဲကို ရွေးချယ်ခဲ့တဲ့အတွက် ဤတိုက်ခိုက်မှုကြောင့် ဖြစ်လာမယ့် သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများအတွက် ရုရှားတစ်ဦးတည်းသာ တာဝန်ရှိပြီး အမေရိကန်နှင့် ၎င်းရဲ့ မဟာမိတ်များနှင့် မိတ်ဖက်များက စည်းစည်းလုံးလုံးနှင့် ပြတ်ပြတ်သားသား တုံ့ပြန်မည်ဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ” ရုရှားအရေးကို အိမ်ဖြူတော်မှ အခြေအနေကို စောင့်ကြည့်မည်ဖြစ်ပြီး၊ ဖေဖော်ဝါရီ(၂၅)ရက်နေ့ မနက်မှာ သူ့ ရဲ့ G7 မိတ်ဖက်တွေနဲ့ တွေ့ဆုံပြီး ယူကရိန်းနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် အမေရိကန်နဲ့ မဟာမိတ်တွေနဲ့ မိတ်ဖက်နိုင်ငံတွေက

ရုရှားအပေါ် သက်ရောက်မယ့် အကျိုးဆက်တွေကို ကြေငြာဖို့ အမေရိကန်ပြည်သူတွေကို စကားပြောမယ်ဖြစ်ကြောင်း ၊ မဟာမိတ်အဖွဲ့အပေါ် ရန်လိုမှုမှန်သမျှကို ဟန့်တားနိုင်ပြီး စည်းလုံးညီညွတ်စွာ တုံ့ပြန်နိုင်စေရန် နေတိုးမဟာမိတ်များနှင့်လည်း

ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သူဟာ ယူကရိန်း နိုင်ငံမှ ရဲရင့်ပြီး ဂုဏ်ယူစရာကောင်းတဲ့ ပြည်သူများနဲ့ တစ်သားတည်းရှိနေကြောင်း”ပြောကြားခဲ့ပါသေးတယ်။ ကမ္ဘာတစ်ဝှမ်းရှိပြည်သူများအနေနဲ့လည်း သမ္မတ ဂျိုးဘိုင်ဒင် ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေအပေါ် စောင့်ကြည့်နေကြပါတယ်။
Photo Credit From Original Uploader
Crd..mmlod

Leave a Reply

Your email address will not be published.