ထောက်ခံမဲ ၆၄၆ မဲ ၊ ကန့်ကွက်မဲ ၁ မဲ ၊ ကြားနေ မဲ ၂၀ နဲ့ NUG အစိုးရအား တရားဝင် အစိုးရ အဖြစ် သတ်မှတ်လိုက်ပါပြီ

ထောက်ခံမဲ ၆၄၆ မဲ ၊ ကန့်ကွက်မဲ ၁ မဲ ၊ ကြားနေ မဲ ၂၀ နဲ့ NUG အစိုးရအား တရားဝင် အစိုးရ အဖြစ် သတ်မှတ်လိုက်ပါပြီ

ဥရောပပါလီမန်မှာ NUG,CRPH နဲ့ NUCC ကို ထောက်ခံ‌တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်းကိုအတည်ပြုလိုက်ပြီဖြစ်ပါတယ်။ဥရောပပါလီမန် ယမန်နေ့က ပြုလုပ်တဲ့အစည်းအဝေးမှာ NUG,CRPH နဲ့ NUCC ကို ထောက်ခံကြောင်းပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ် ချက်မူကြမ်းကို လွှတ်တော်အမတ်တွေက ထောက်ခံမဲ ၆၄၆ မဲ ၊ ကန့်ကွက်မဲ ၁ မဲ ၊ ကြားနေ မဲ ၂၀ နဲ့ အတည်ပြုလိုက်ပါတယ် ။

၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်နေ့မှာ အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီကို ဥရောပ လွှတ်တော်အမတ် တွေက ပြင်းပြင်းထန် ထန်ရှုတ်ချလိုက်ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့ ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပြီး အရပ်သားအစိုးရကို အာဏာပြန်ပေးဖို့ အပြင် အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ လုပ်ဖို့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီကို တောင်းဆိုလိုက်ပါ တယ် ။

ဒါ့အပြင် စစ်တပ်က လူအစုလိုက်အပြုံလိုက် သတ်ဖြတ်တာနဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ အပါအဝင် ကိုယ့်ပြည်သူအပေါ် ရက်ရက်စက်စက် နှိပ်ကွပ်မှုတွေ ကျူးလွန်နေတာကြောင့် ဥရောပ သမဂ္ဂက ပြင်ပြင်းထန်ထန် အရေးယူဒဏ်ခတ်တာ ကို ကြိုဆိုကြောင်းလည်း ဖေါ်ပြထားပါတယ် ။

မြန်မာစစ်တပ်ဟာ အရပ်သားတွေကို နှိမ်နင်းရာမှာ ခုလပိုင်းတွေ အတွင်း အင်အားအလွန်အကျွံသုံး နှိမ်နင်းသလို ဆိုးဝါးတဲ့ လူ့အခွင့်ရေးချိုးဖေါက်မှု တွေ ကျူးလွန်နေတာကြောင့် ယူကရိန်းအရေး နိုင်ငံတကာက အာရုံစိုက်နေချိန်မှာ မြန်မာကို မေ့မထားကြဖို့ ဥရောပကော်မရှင် အကြီးအကဲ Joseph Borrell ရဲ့ မှာကြားချက်ကို ဥရောပ ပါလီမန် မှာ EP ရဲ့ စံတန်ဖို့နဲ့ ပွင့်လင်းမြင်သာမှု ဆိုင်ရာ ဒုတိယအကြီးအကဲ Věra Jourová က ပြောကြားခဲ့ပါတယ် ။

ဥရောပပါလီမန်ကနေ မတ်လ ( ၁၀ ) ရက်နေ့က ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် ထဲမှာ NUG CRPH နဲ့ NUCC တို့ကို မြန်မာပြည်သူ တွေရဲ့ ဒီမိုကရေစီဆန္ဒတွေကို ကိုယ်စားပြုတဲ့ တရားဝင်ကိုယ်စားလှယ်တွေအဖြစ်အသိအမှတ်ပြုဖို့ ထောက်ခံတဲ့အကြောင်း ဖော်ပြထားပါတယ် ။ “ ဥရောပလွှတ်တော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ NUCCကို အသိအမှတ်ပြုဖို့အွက် ထောက်ခံလာတာ ထူးခြားချက်ပါဘဲ ။

မြန်မာနိုင်ငံအပေါ် အီးယူရဲ့ အရေးယူဆောင်ရွက်ချက်တွေအားကောင်းဖို့အစဉ်တစိုက်ကြိုးပမ်းနေတဲ့ ဥရောပလွှတ်တော် အမတ်များကို ကျေးဇူးတင်ပါတယ် ။ ” လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်ရေး ဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။
Crd…Kawhmu_NewsAgency▫

Leave a Reply

Your email address will not be published.