အခြေအနေ မတည်ငြိမ်မှုများနှင့်အတူ ကျပ် ငွေ အနိမ့်ဆုံးအဆင့်သို့ ထိုးဆင်းလာသည့် မြန်မာ့ငွေကြေး

အခြေအနေ မတည်ငြိမ်မှုများနှင့်အတူ ကျပ် ငွေ အနိမ့်ဆုံးအဆင့်သို့ ထိုးဆင်းလာသည့် မြန်မာ့ငွေကြေး

အခြေအနေ မတည်ငြိမ်မှုများနှင့်အတူ ကျပ် ငွေ အနိမ့်ဆုံးသို့ ထိုးဆင်းလာ ဗဟိုဘဏ် မှ ညဏ်ကြီးရှင်များက ဆေးမြီးတို ဖြင့် ကုသလို ရလိုရငြား အကြံဖြင့် ဩဂုတ် လ အတွင်း ဒေါ်လာလဲလှယ်နှုန်းအား သတ်မှတ်ဈေး၏ ဝ.၈% အတွင်းသာ ရှိရမည် ဟု ပြဠာန်းလာခဲ့သည်။

သို့သော် ဆေးမမီ၊ ငွေတန်ဖိုးက ကျသည်ထက် ကျလာသည်၊ မန်နီး ချိန်ဂျာများ ပိတ်ကုန်သဖြင့် မှောင်ခို ဈေးကွက် တွင် ၂,၀၂၀ အထိ ပေါက် ဈေး ဖြစ်လာသည် တဖက်တွင် ငွေစက္ကူများ ဒလဟော ထပ်မံ ရိုက်နှိပ်လာခြင်းကြောင့် ငွေ အမြောက် အမြား

လက်ဝယ်ရှိသူများက ဒေါ်လာများဖြင့် နောက်ကျသည့် ခြေထောက်သစ္စာဖေါက် ဆိုသလို အလုအယက် လဲလှယ်လာကြသည်။ မည်သူက အရှုံးခံ၍ အလဲအလှယ် လုပ်ကြပေမည်နည်း၊ တလ အတွင်းမှာပင် ၎င်းတို့ ထုတ်ပြန်ထားချက်ကို ဖျက်သိမ်းပေးခဲ့ရသည်။

ကြာသပတေးနေ့ မနက်တွင် ရန်ကုန်ရှိ မန်းနီး ချိန်ဂျာများတွင် ဝယ်ဈေး နှုန်း ၁,၉၀၀၊ ရောင်းဈေး ၁၉၃၀ ဖြင့် ဈေးဖွင့်လာခဲ့ပြီး ကျပ်‌ ငွေ တန်ဖိုးသည် သမိုင်းတလျောက် အနိမ့်ဆုံးသို့ ထိုးကျသွားခဲ့ရပေတော့သည်။

ဗဟိုဘဏ် ဈေးနှုန်းကတော့ တနင်္လာနေ့အထိ ၁,၇၅၀ ဖြင့် တောင့်ခံနေဆဲ ဖြစ်သည်။ ဗဟိုဘဏ် ဈေး နှင့် အပြင်ဈေးကွက် ကွာခြားနေသရွေ့ မည်သူမျှ တရားဝင် အရောင်းအဝယ် လုပ်ကြတော့မည် မဟုတ်ပေ။ အဓိက အကြောင်းသည်ကား နိုင်ငံခြား ငွေများ တနေ့တခြား ပြတ်လတ်လာနေခြင်းပင် ဖြစ်သည်။

ဓါတ်ဆီ၊ လောင်စာဆီကဲ့သို့ ပြည်ပ သွင်းကုန်များ ဈေးနှုန်း မြင့်တက်လာတော့မည် ဖြစ်သည်။ ယင်းနှင့် အတူ သေချာလာသည်က လွန်ခဲ့သည့် ငါးနှစ်ကရရှိခဲ့သော လူနေမှု အဆင့်အတန်း မြင့်မားလာခဲ့မှုများ ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။

ဗဟိုဘဏ် ခေါင်းကြီးများ နောက်တမျိုး ကြံလာကြပြန်သည်က စက်တင်ဘာ ၃ ရက် နေ့စွဲဖြင့် သွင်းကုန်သမား များ အဖို့ လေးလ အတွင်း ရရှိထားသော ငွေများကို အကုန်အစင် အသုံးမပြုနိုင်ပါက ကျပ်ငွေဖြင့် လဲလှယ်ရမည်ဟု အမိန့်ထုတ်လာခဲ့သည်။

ဤသည်က သွင်းကုန်သမားများက နိုင်ငံခြားငွေ သိမ်းဆည်းထားခြင်း မရှိပဲ သွင်းကုန်တခုခု ကို မဖြစ်မနေ မှာယူရန် ကြံစည်လာခြင်း ဖြစ်သည်၊ ဤသို့ဖြင့် ယခင် အတိုင်း ပါမစ် ဈေးကွက်ကြီး ပေါ်ထွန်းလာရန် ဖန်တီးပေးလိုက်သလို ဖြစ်သွားပြန်သည်။

၎င်းတို့အတွက်လည်း လွန်စွာ ရှားပါးလာနေသော ဒေါ်လာငွေများ လည်း လက်ဝယ် ရရှိလာနိုင်ရန် နှစ်ပေါက်တပေါက်ရိုက် ကြံစည်ခဲ့ခြင်းလည်း ဖြစ်သည်။အာဏာမသိမ်းမီက ၁,၃၃၀ သာ ရှိသော ကျပ်‌ ငွေဈေး က ၃၀% အထိ ကျဆင်းလာခဲ့ပြီ ဖြစ်သည်။

ဗဟိုဘဏ် မှ စီးပွားရေး ပညာရှင်များက ၎င်းတို့ရှိ အသိပညာ၊ အတတ်ပညာများကို ရာထူး ဂုဏ်သိမ် နှင့် အလဲအလှယ် လုပ်ပြီး စစ်အာဏာရှင်များ အလိုကျ ဖြစ်လာရန် တခုပြီး တခု ဂမူးရှုးထိုး ကြံစည်လာကြခြင်း ဖြစ်သည်။

ထိုသို့သော အဖြစ်များက အခြားနယ်ပယ်များတွင်လည်း ဖြစ်ပေါ်နေသည်ကို အတိုင်းသား မြင်နေရသည်။ မင်းအောင်လှိုင်သည် သူကိုယ်တိုင် အင်ဂျင်နီယာ အတတ်ပညာများကို စိုးစိမျှလည်း နားမလည် ပါပဲလျက် တံတား ဒီဇိုင်းများ မှားယွင်းနေပါသည်ဟုပင် အရှက်မဲ့စွာ ပြောရဲလာသည်။

လယ်ကွင်းထဲတွင် ကောက်စိုက်နေသူမှသည် ကုမ္ပဏီ သူဌေးကြီးများအထိ ၎င်း ဒုက္ခပေးသည့် ဒဏ်ကို အလူးအလဲ ခံနေရပြီ ဖြစ်သည်။ ဘဏ်များတွင် ငွေသားမလုံလောက်မှု၊ နိုင်ငံတကာ နှင့် ကုန်သွယ်ရေး ယို့ယွင်းလာနေမှု၊

အလုပ်အကိုင်များ ဆုံးရှုံးလာမှု၊ တိုက်ပွဲများက ပြင်းထန်လာနေပြီး စစ်တပ်ကို စွန့်ခွာနေမှုများ တနေ့တခြား များပြားလာမှု များ အကြားတွင် တိုင်းပြည်ကို ထိန်းချုပ်နိုင်ခြင်းမရှိပဲ အလိမ်အညာများ နှင့် ကျားကန် နိုင်ရန်သာ လုံးပမ်းလျက် ရှိနေပေသည်။

ရန်ကုန် ရှိ ဟိုတယ် တဝက်နီးပါးသည်လည်း ပိတ်ထားရသည်ဟု မြန်မာနောင်းတွင် ရေးသားထားပြန်သည်။ လီကွမ်းယု ပြောသည့် စစ်ဗိုလ်ချုပ်များသည် ကုန်စုံဆိုင် တဆိုင်ကိုပင် စီးပွားဖြစ်အောင် လုပ်နိုင်စွမ်း မရှိဆိုသော စကားကို နောက်နှစ်ပေါင်း အစိတ်ကြာလည်း မှန်နေဆဲ ဖြစ်သည်ကို

သက်သေထူပြလိုက်ခြင်းပင် ဖြစ်သည်။ လက်ရှိ အာဏာသိမ်း အဖွဲ့သည် မည်သို့မျှ သက်ဆိုးမရှည်နိုင်တော့သည်မှာ သေချာနေပြီး မည်သည့် အချိန် နှင့် မည်သို့မည်ပုံ ပြိုလဲသွားမည်ကိုသာ ပြည်တွင်း ပြည်ပမှ စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိနေကြပေသည်။
Crd – Hla Soe Wai

Leave a Reply

Your email address will not be published.