အမေရိကန်-ရုရှား နျူကလီးယားစစ်ပွဲ ဖြစ်ပါက ၅ နာရီအတွင်း လူ ၃၄ သန်းခန့် ချက်ခြင်း…see more

အမေရိကန်-ရုရှား နျူကလီးယားစစ်ပွဲ ဖြစ်ပါက ၅ နာရီအတွင်း လူ ၃၄ သန်းခန့် ချက်ခြင်း…see more

အမေရိကန်နှင့် ရုရှားတို့၏ ထိတ်လန့်စရာကောင်းသည့် သဏ္ဍာန်တူ စစ်ပွဲဖန်တီးမှုတစ်ခုတွင် နျူကလီးယား လက်နက်များနှင့် တိုက်ခိုက် မှုကြောင့် ၅ နာရီအတွင်း လူပေါင်း ၃၄ သန်းခန့် သေဆုံးနိုင်ကြောင်း သရုပ်ဖော်ထားပါတယ်။

နယူးဂျာဆီပြည်နယ်၊ ပရင်စတန်တက္ကသိုလ်၏ blogspot တွင် ဖော်ပြထားသည့် ၄ မိနစ်စာ သဏ္ဍာန်တူူ စစ်ပွဲအား Plan A ဟု အမည်ပေးထား ကာ အမေရိကန်နှင့် ရုရှားတို့ နျူကလီးယားလက်နက်များဖြင့် အပြန်အလှန်တိုက်ခိုက်မှုကို သရုပ်ဖော်ထားပါတယ်။

လက်ရှိ ချထား သည့် နျူကလီးယားလက်နက်များ၊ လက်ထုတ်ထားသည့် လက်နက်များနှင့် ယင်းလက်နက်များ ဖြင့် ပစ်ခတ်နိုင်သည့် နေရာများမှ အချက်အလက် များကို အခြေခံကာ အဆိုပါ သဏ္ဍန်တူ စစ်ပွဲကို ဖန်တီးထားခြင်း ဖြစ်ပါတယ်။

ယင်းသဏ္ဍာန်တူစစ်ပွဲအတွင်း လူအများစုသည် ၄၅ မိနစ်အတွင်း သေဆုံးမည်ဟု The Sun သတင်းမှာ ဖော်ပြထားပါတယ်။ ထို့ပြင် ဆက်လက်ပေါက်ကွဲမှုများကြောင့် နေထပ် လူပေါင်း သန်း ၆၀ အထိ ဒဏ်ရာ ရရှိနိုင် ကြောင်းလည်း ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။

“အမေရိကန်နဲ့ ရုရှားတို့ရဲ့ နျူကလီးယားလက်နက်အစီအစဉ်တွေရဲ့ ရလဒ်က ဘာတွေ ဖြစ်လာမလဲဆိုတာ သိစေချင်လို့ ယခု ဖန်တီးမှုကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း Princeton blog post ၏ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နှစ်ပေါင်းများစွာ ထားရှိခဲ့သည့် နျူကလီးယားလက်နက်ထိန်းချုပ်ရေး သဘောတူညီချက်များကို အမေရိကန်နှင့် ရုရှားတို့က ဆက်လက် ဆောင်ရွက်ခြင်း မရှိတော့သဖြင့် ပြီးခဲ့သည့် ၂နှစ်အတွင်းနျူကလီးယားစစ်ပွဲဖြစ်နိုင်မည့် အခြေအနေများ ပိုမိုမြင့်တက်လာပါတယ်။

အမေရိကန်နှင့် ရုရှားတို့၏ ၂နိုင်ငံအကြား တပ်ဖွဲ့ဝင်အရေအတွက်၊ နျူကလီးယားလက်နက် ပစ်မှတ်များနှင့် သေဆုံးနိုင်သည့် ခန့်မှန်း အရေ အတွက် ကို အဆိုပါ သဏ္ဍာန်တူ တုပမှုမှာ ဖော်ပြထားပါတယ်။

အနောက်ဥရောပတွင် အမေရိကန်နှင့် နေတိုးတပ်ဖွဲ့တို့က နယ်မြေချဲ့ထွင်လာခြင်းကို ရုရှားက နျူကလီးယားလက်နက်ဖြင့် ကာလီနက်ဂရက် မြို့အနီးမှ သတိပေးပစ်ခဲ့ခြင်းဖြင့် သဏ္ဍာန်တူ စစ်ပွဲကို စတင်ခဲ့ပါတယ်။

ဥရောပတွင် နျူကလီးယားစစ်ပွဲ အရှိန်မြင့်တက်လာပြီး ရုရှားနှင့် နေတိုးတပ်ဖွဲ့များအကြား လေကြောင်းမှ နျူကလီးယားထိတ်ဖူး ၄၈၀ ဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပါတယ်။

စစ်ပွဲစတင်ပြီး ၃ နာရီအတွင်း သေဆုံးဒဏ်ရာရသူ ၂ ဒသမ ၆ သန်း ရှိခဲ့ကာ နေတိုးတပ်ဖွဲ့ကလည်း အမေရိကန် ၏ မြေပြင်နှင့် ပင်လယ်ပြင် အခြေစိုက်စခန်းများမှ ရုရှား နျူကလီးယားလက်နက်များသို့ ဒုံးကျည် အစင်း ၆၀၀ ဖြင့် ပစ်ခတ်ခဲ့ပါတယ်။

ရုရှားကလည်း မြေအောက်နှင့် ရေငုပ်သင်္ဘောများက ပြန်လည် လက်တုံ့ပြန်ခဲ့ရာ ၄၅ မိနစ်အတွင်း နှစ်ဖက် သေဆုံးမှု ၃ ဒသမ ၄ သန်းခန့် ရှိခဲ့ပါတယ်။

စစ်ပွဲတစ်ခုလုံးတွင် သေဆုံး၊ ထိခိုက်သူ ၉၁ ဒသမ ၅ သန်းရှိနိုင်ပြီး သေဆုံးသူ ၃၁ဒသမ ၄ သန်းနှင့် ထိခိုက် ဒဏ်ရာရသူ ၅၇ ဒသမ ၄ သန်းအထိ ရှိနိုင်ကြောင်း အဆိုပါ သဏ္ဍာန်တူ တက်ဆက်မှုမှာ ဖော်ပြပါတယ်။
Crd..Linko

Leave a Reply

Your email address will not be published.