အမေရိကန်က ကမ္ဘာကြီးကို အမှန်တကယ်ခြိမ်းခြောက်နေဟု တရုတ်သံရုံးပြော

အမေရိကန်က ကမ္ဘာကြီးကို အမှန်တကယ်ခြိမ်းခြောက်နေဟု တရုတ်သံရုံးပြော

တရုတ်သရုံးက “အ‌မေရိကန်ဟာ ကမ္ဘာကြီးကို အမှန်တကယ်ခြိမ်းခြောက်နေတဲ့ နိုင်ငံဆိုတာ ဘယ်တော့မှမမေ့ပါနဲ့”ဆိုတဲ့စာသားနဲ့အတူ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမေရိကန်ဗုံးကြဲခဲ့ဖူးတဲ့ နိုင်ငံများနဲ့ ခုနှစ်ကို စာရင်းလုပ်ဖော်ပြခဲ့ပါတယ်။

အဆိုပါနိုင်ငံများအနက် နိုင်ငံပေါင်း ၂ဝ ကျော်ဟာ ကမ္ဘာ့လူဦးရေရဲ့သုံးပုံတစ်ပုံကျော်ရှိနေပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမေရိကန်ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၃ဝ နီးပါးကို ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးကြောင်း တရုတ် သံရုံးကဖော်ပြတဲ့စာရင်းအရသိရပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမေရိကန်ရဲ့ဗုံးကြဲမှုခံရတဲ့ နိုင်ငံတွေထဲမှာ ကျူးဘား၊ အင်ဒိုနီးရှား၊ လာအို၊ဗီယက်နမ်၊ အီရတ်၊ အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယား၊တရုတ်၊ ကိုရီးယား၊ ဂွာတီမာလာ၊ အီရန်၊ လစ်ဗျား၊ဆီးရီးယားစတဲ့နိုင်ငံတွေပါဝင်နေကြောင်း သိရပါတယ်။

ယူကရိန်းကို ရုရှားရဲ့တိုက်ခိုက်မှုများနဲ့ပတ်သက်ပြီး အမေရိကန်အပါအဝင်အနောက်အုပ်စုနိုင်ငံများက ပြစ်တင်ရှုတ်ချနေပေမယ့် တရုတ်သမ္မတ ရှီကျင့်ပင်ကတော့ ရုရှားရဲ့လုပ်ရပ်များကိုထောက်ခံပြောဆိုတာမျိုးရှိနေခဲ့ပါတယ်။

တရုတ်သံရုံးက ၁၉၄၅ ခုနှစ်ကနေ ၂ဝဝ၁ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့စစ်ပွဲအားလုံးရဲ့ ၈၁ ရာခိုင်နှုန်းက အမေရိကန်နိုင်ငံနဲ့ တိုက်ရိုက် သို့မ ဟုတ် သွယ်ဝိုက်ပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ဝေဖန်ထားပါတယ်။ ရုရှားနိုင်ငံရှိ တရုတ်သံရုံးက ၁၉၄၅ ခုနှစ်ကနေ ၂ဝဝ၁ ခုနှစ်အထိ ကမ္ဘာတဝန်းရှိ နိုင်ငံ၊ ဒေသပေါင်း ၁၅၃ ခုနှစ်မှာ စစ်ရေးပဋိပက္ခပေါင်း ၂၄၈ ခုဖြစ်ပွားခဲ့ပြီး အဲဒီအဲဒီပဋိပက္ခတွေထဲက ၂ဝ၁ ခုက အမေရိကန်နဲ့ ဆက်နွယ်နေကြောင်း ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published.