အီရန်တွင် F-5 တိုက်လေယာဉ်ပျက်ကျသဖြင့် လေယာဉ်မှူး ၂ဦးနှင့် အရပ်သားတစ်ဦးသေဆုံး

အီရန်တွင် F-5 တိုက်လေယာဉ်ပျက်ကျသဖြင့် လေယာဉ်မှူး ၂ဦးနှင့် အရပ်သားတစ်ဦးသေဆုံး

အီရန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ တက်ဘရစ်ဇ်မြို့မှ အားကစားရုံတစ်ခုပေါ်သို့ အီရန်လေတပ်မှ F-5 တိုက်လေယာဉ်တစ်စီး ယနေ့တွင် ပျက်ကျခဲ့သဖြင့် လေယာဉ်မှူး ၂ဦးနှင့် အရပ်သားတစ်ဦး သေဆုံးကြောင်း နိုင်ငံပိုင်သတင်းဌာနက သတင်းထုတ်ပြန်သည်။

လေယာဉ်မှာ လေ့ကျင့်ရေးပြုလုပ်နေစဉ် နည်းပညာဆိုင်ရာချွတ်ယွင်းမှုတစ်ခုကြောင့် ပျက်ကျရခြင်းဖြစ်ကြောင်း တက်ဘရစ်ဇ်မြို့အခြေစိုက် လေတပ်စခန်းမှ အကြီးအကဲ ဗိုလ်ချုပ်ကြီး Reza Yousefi ကပြောသည်။ “လေယာဉ်မှူးတွေဟာ လေယာဉ်ပြေးလမ်းအထိ မရောက်နိုင်ခဲ့ကြပါဘူး”ဟုလ ည်း သူကပြောသည်။

“လူနေအိမ်တွေပေါ်ကို လေယာဉ်ပျက်ကျမှာစိုးလို့ လေယာဉ်မှူးတွေက သူတို့ကိုယ်သူတို့ အသေခံလိုက်ကြတာပါ။ တွန်းကန်ထွက်တဲ့ အသက်ကယ်ထိုင်ခုံကိုအသုံးပြုပြီး သူတို့ ခုန်ထွက်လိုက်ရင်ရပါတယ်။ ဒါပေမယ့် အဲဒီလိုလုပ်ဖို့ သူတို့ငြင်းဆိုခဲ့ကြပါတယ်”ဟုလည်း ဗိုလ်ချုပ်ကြီး Reza Yousefi ကပြောသည်။

လေယာဉ်မှူးများသည် သူတို့ လေယာဉ်ထဲမှ ခုန်ထွက်ကာ လေယာဉ်ကိုအရှိန်နှင့်လွှတ်ပေးလိုက်ပါက လူနေအိမ်များအပေါ်ပျက်ကျမည့်အစား လူမရှိသော အားကစားရုံကို ဝင်တိုက်လိုက်ကာ အသေခံလိုက်ကြခြင်းဖြစ်ကြောင်းကိုလည်း သူကပြောသည်။

“ပြည်သူတွေအသက်ကို သူတို့အသက်နဲ့လဲပြီးကယ်လိုက်ကြတာပါ”ဟုလည်း ဗိုလ်ချုပ်ကြီး Reza Yousefi ကပြောသည်။ တက်ဘရစ်ဇ်မြို့သည် လူဦးရေ ၁ ဒသမ ၆ သန်းခန့်နေထိုင်သောမြို့တစ်မြို့ဖြစ်သည်။

အီရန်လေတပ် ၁၉၇၉ မတိုင်မီကတည်းကပင်လျှင် အမေရိကန်လုပ် စစ်လေယာဉ်များကို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့အတူပင် ရုပ်လုပ် MIG တိုက်လေယာဉ်များနှင့် Sukhoi စစ်လေယာဉ်များကိုလည်း ဝယ်ယူထားသည်။လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများပြုလုပ်နေဆဲဖြစ်သည်။
Crd..popularjournal

Leave a Reply

Your email address will not be published.