အာဏာသိမ်း စစ်တပ်မှာ ဘယ်တုန်းကမှ မထုတ်ပြန်ခဲ့ဖူးသည့် ထုတ်ပြန်ချက် NUG ထုတ်ပြန်လိုက်ပါပြီ

အာဏာသိမ်း စစ်တပ်မှာ ဘယ်တုန်းကမှ မထုတ်ပြန်ခဲ့ဖူးသည့် ထုတ်ပြန်ချက် NUG ထုတ်ပြန်လိုက်ပါပြီ

လက်နက်ကိုင် တိုက်ပွဲများအတွင်း ၁၈ နှစ်အောက် ကလေးများကို တပ်သားစုဆောင်းခြင်း မပြုရန် NUG လမ်းညွှန်ချက်ကိုထုတ်ပြန်လိုက်ပါပြီ။အာဏာသိမ်း စစ်ကောင်စီအား ပြည်သူ့ခုခံတော်လှန်စစ်များ ဆင်နွှဲရာတွင် အသက် ၁၈ နှစ်အောက် ကလေးငယ်များအား တပ်သားအဖြစ် စုဆောင်းခြင်းနှင့် တပ်စခန်းများတွင် အမျိုးမျိုး အသုံးချခြင်း မပြုလုပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်လိုက်သည်။

လက်နက်ကိုင် တိုက်ပွဲများအတွင်း ကလေးသူငယ်များအား အကာအကွယ်ပေးရန် အချက်‌ ၆ ချက် ဖြစ်သော ကလေးငယ်များအား သတ်ဖြတ်ခြင်း၊ ကိုယ်လက်အင်္ဂါချို့တဲ့စေခြင်း၊ လက်နက်ကိုင် ပဋိပက္ခများတွင် တပ်သားအဖြစ် စုဆောင်းခြင်း၊ တပ်စခန်းများတွင် အသုံးချခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ကျောင်း/ဆေးရုံများကို

တိုက်ခိုက်ခြင်းနှင့် ကလေးများအပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အစီစဉ်များ ငြင်းဆိုခြင်းတို့ကို မကျူးလွန်ကြရန် NUG က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) အတွက် လမ်းညွှန်ချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် ၁၈ နှစ်အောက် ကလေးသူငယ်များ မိမိတို့ တပ်စခန်းနေရာအသီးသီးတွင် ရောက်ရှိနေသည်ဆိုပါက နောက်ဆက်တွဲ ညွှန်ကြားချက်များပါ အစီအမံအတိုင်း ချက်ချင်း အကာအကွယ်ပေး ဆောင်ရွက်ထားကြရန်လည်း တိုက်တွန်းထားသည်။

ထို့ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် လက်နက်ကိုင်ပဋိပက္ခများတွင် ဖြစ်လေ့ရှိသော အသက် ၁၈ နှစ်အောက် ကလေးသူငယ်များအပေါ် ချိုးဖောက်သည့် ဆိုးရွားသော အကြမ်းဖက်မှုများကို မကျူးလွန်စေရေး အထူးသတိပြုရန် လိုအပ်ကြောင်းလည်း ဖော်ပြထားသည်။

ဓာတ်ပုံ – လွိုင်ကော် PDF

NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ခုခံစစ် လက်နက်ကိုင်တိုက်ပွဲများတွင် အသက် ၁၈ အောက် ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရန် ကျင့်ဝတ်များ၊ စည်းမျဉ်းများကိုလည်း ယခင်ကတည်းက ထုတ်ပြန်ထားပြီး ဖြစ်သည်ဟုလည်း ပါရှိသည်။
Crd..The Irrawaddy

Leave a Reply

Your email address will not be published.