အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှ ဂျပန် Mitsubishi နဲ့မလေးရှား Petronas တို့လည်း ရဲတံခွန်စီမံကိန်းတွေကနေ နုတ်ထွက်ပြီ

အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှ ဂျပန် Mitsubishi နဲ့မလေးရှား Petronas တို့လည်း ရဲတံခွန်စီမံကိန်းတွေကနေ နုတ်ထွက်ပြီ

မလေးရှား Petronas နဲ့ ဂျပန် Mitsubishi တို့ မြန်မာနိုင်ငံ ရဲတံခွန် သဘာဝ ဓာတ်ငွေ့စီမံကိန်းတွင် အစုစပ်ပါဝင်ထားသော လုပ်ငန်းမှ နုတ်ထွက်ပြီလို့ ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့လတုန်းကလည်း အမေရိကန် Chevron နဲ့ ပြင်သစ် TOTAL စွမ်းအင် ကုမ္ပဏီတွေက မြန်မာနိုင်ငံထဲက လုပ်ငန်းတွေ ပြန်ရုပ်သိမ်းနောက် မလေးရှား Petronas နဲ့ ဂျပန် Mitsubishi တို့ကလည်း မြန်မာကနေ နုတ်ထွက်တော့မယ်လို့ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ဂျပန် Mitsubishi က ရဲတံခွန်စီမံကိန်းကို ၂၀၁၃ ခုနှစ်မှာ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မကြားသေးမီနှစ်များအတွင်း ရင်းမြစ်ကုန်ခမ်းခြင်း၊ နည်းပညာဆိုင်ရာ အကြောင်း ပြချက်တို့ကြောင့် ထုတ်လုပ်မှုကျဆင်းခဲ့တယ်လို့ ပြောကြားထားသလို နည်းပညာနှင့် စီးပွားရေး အခြေအနေတို့အရ လုပ်ငန်းဆက်လက်လုပ်ကိုင်ရန် ခက်ခဲလာလို့ မြန်မာနိုင်ငံ တောင်ဘက်ကမ်းရိုးတန်းရှိ ရဲတံခွန်ဓာတ်ငွေ့စီမံကိန်းမှာ ပါဝင်တဲ့ သူ့ရဲ့ ရှယ်ယာတွေကို ရောင်းချဖို့ ဆွေးနွေးမှုပြုလုပ်နေပြီ လို့ဆိုပါတယ်။

ရဲတံခွန်ဓာတ်ငွေ့စီမံကိန်းမှာ မလေးရှားနိုင်ငံပိုင် ရေနံကုမ္ပဏီ Petronas က ၄၀ ဒသမ ၉ ရာခိုင်နှုန်း ၊နိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) က ၂၀ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ဂျပန်ဖက်စပ်က ၁၉ ဒသမ ၃ ရာခိုင်နှုန်း ရှယ်ယာထည့်ဝင်ထားကာ ထွက်ရှိတဲ့ ဓာတ်ငွေ့ကို ပိုက်လိုင်းနဲ့ ထိုင်းနိုင်ငံကို ရောင်းချနေတာ ဖြစ်ပါတယ်။

မလေးရှား Petronas က ရဲတံခွန်စီမံကိန်းကို လည်ပတ်နေတဲ့ သူ့ရဲ့လက်ခွဲ PC Myanmar (Hong Kong) Limited ကုမ္ပဏီအနေနဲ့ Petronas နဲ့ဆက်စပ်တဲ့ မြန်မာနိုင်ငံ တွင်းလုပ်ငန်းတွေကို ရောင်းချဖို့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကတည်းက သဘောတူညီချက် လက်မှတ်ရေးထိုးထားခဲ့ပြီး ရောင်းချမှုတွေ အပြီးသတ်နေပြီလို့ ဆိုပါတယ်။
Crd.. MyanmaPlatform

Leave a Reply

Your email address will not be published.