အသက် ၁၂ နှစ်မှစပြီး တစ်ကိုယ်တော် ကမ္ဘာပတ်ပျံသန်းပြခဲ့သည့် ကမ္ဘာ့အသက်အငယ်ဆုံး လေယာဉ်မှူး မိန်းကလေး

အသက် ၁၂ နှစ်မှစပြီး တစ်ကိုယ်တော် ကမ္ဘာပတ်ပျံသန်းပြခဲ့သည့် ကမ္ဘာ့အသက်အငယ်ဆုံး လေယာဉ်မှူး မိန်းကလေး

၁၈ နှစ်အရွယ် ဆယ်ကျော်သက်လူငယ်‌ ထရာဗစ်လုဒ်လို(Travis Ludlow)ဟာ အင်ဂျင်တစ်လုံးတပ်လေယာဉ်ဖြင့် ၆ ပတ်ကြာတစ်ကိုယ်တော် ကမ္ဘာပတ်ပျံသန်းပြီး ကမ္ဘာ့အသက်အငယ်ဆုံး လေယာဉ်မှူးဖြစ်လာခဲ့ပါတယ်။

ယူကေ၊ ဘတ်ကင်ဟမ်ရှိုင်းယား(Buckinghamshire) , Ibstone မှ ဆယ်ကျော်သက်လူငယ် ထရာဗစ်လုဒ်လို(Travis Ludlow)ဟာ မိုင်ပေါင်း ၂၅,၀၀၀ မိုင်ခရီးကို ၄၄ ရက်ကြာအောင်ပျံသန်းပြီးနောက် နယ်သာလန်နိုင်ငံသို့ (၁၂.၇.၂၀၂၁) အင်္ဂါနေ့အစာပိုင်းတွင် ဆိုက်ရောက်ခဲ့ပြီး အသက်အငယ်ဆုံးလေယာဉ်မှူးအဖြစ် ဂင်းနစ်စံချိန်သစ် ရေးထိုးနိုင်ခဲ့ပါတယ်။

Travis Ludlow ဟာ အသက် ၁၈ နှစ်နှင့် ၁၅၀ ရက်ရှိပြီး ယခင်စံချိန်တင်သူထက် ၁၃ ရက်ငယ်ပါတယ်။ ယခင်၂၀၁၈ ခုနှစ် အောက်တိုဘာတွင် စံချိန်တင်ထားသူ အမေရိကန်နိုင်ငံသား မာစန်အန်ဒရူး (Mason Andrews) မှာ အသက် ၁၈ နှစ်နှင့် ၁၆၃ ရက်ဖြစ်ပါတယ်။

သူ၏လေယာဉ်မှာ အင်ဂျင်တစ်လုံးတပ် လေယာဉ်အမျိုးအစား Cessna 172 N5010 လေယာဉ်ဖြစ်သဖြင့် အလွန်ခက်ခဲသောခရီးဖြစ်ခဲ့ပြီး တစ်နေ့ ၈ နာရီမောင်းနှင်ခဲ့ပါတယ်။ တစ်ခါတစ်ရံ မိုင် ၁၀၀၀ ကို မရပ်မနားမောင်းခဲ့ရတယ်လို့ဆိုပါတယ်။

Travis ဟာ လွန်ခဲ့သော ၄၄ ရက် (မေလ၂၉)က သူ၏ကမ္ဘာ့စံချိန်တင်ကြိုးပမ်းမှုခရီးစဉ်ကို နယ်သာလန်နိုင်ငံ၊ Teuge မှ စတင်ခဲ့ပြီး နယ်သာလန်မှာပဲ အဆုံးသတ်ခဲ့တာပါ။

နယ်သာလန်၊ပိုလန်၊ ရုရှား၊ အမေရိကန်၊ ကနေဒါ၊ ဂရင်းလန်း၊ အိုက်စလန်၊ ယူကေ၊ အိုင်ယာလန်၊ စပိန်၊ မော်ရိုကို၊ပြင်သစ်နှင့်ဘယ်လ်ဂျီယံများဆီသို့ ပျံသန်းခဲ့တာပါ။

ကမ္ဘာ့စံချိန်ကိုချိုးဖောက်ရန် ထရာဗစ်၏လမ်းကြောင်းသည် မိုင်ပေါင်း ၂၄,၅၂၀ ကိုဖြတ်ကျော်ခဲ့ရပါတယ်။ ဒါဟာ “ထူးဆန်းတဲ့ခံစားမှု” ဖြစ်တယ်လို့ သူကပြောပါတယ်။

ဆယ်ကျော်သက်လေယာဉ်မှူးက ရက်သတ္တပတ်များအတွင်း ပထမဆုံးအကြိမ် ပြောကြားခဲ့တာက‌စေ်ကိုယ်တော် ပျံသန်းပြီး ကမ္ဘာပတ်အသက်အငယ်ဆုံးလေယာဉ်မှူးတာ့ သူဟာစောစောထခြင်း၊ အိပ်ရာနောက်ကျခြင်း၊ သူပျံသန်းရမည့်ခက်ခဲသည့်မြေပြင်အနေအထားသို့မဟုတ် မုန်တိုင်းများအကြောင်း စိတ်ပူစရာမလိုခဲ့ဘူးလို့ဆိုပါတယ်။

“ဒါဟာထူးဆန်းတဲ့ခံစားမှုတစ်ခုပါ။ ဒီနေရာမှာငါရောက်နေပြီ။ မနက်ဖြန်မှာဘာမှပူစရာမလိုတော့ဘူး။ ဒါကထူးဆန်းပါတယ်”
ထရာဗစ်ဟာ အသက် ၁၂ နှစ်က ပျံသန်းမှုကိုစတင်ခဲ့ပြီး အသက် ၁၄ နှစ်တွင် ယူကေနိုင်ငံ၏အသက်အငယ်ဆုံး လေယာဉ်မှူးဖြစ်လာခဲ့သူပါ။
မူရင်းရေးသားသူကို လေးစားစွာ credit ပေးပါသည်။
Photo credit
Nyo Nyo (boomnews)

Leave a Reply

Your email address will not be published.