အဘနဲ့ တကွ ထိပ်ပိုင်းခေါင်းဆောင်ကြီးများ ရေစက်ချ အမျှ ခေါ ်ချိန် ကြရောက်ခဲ့ပြီ …🙄
အဘနဲ့ တကွ ထိပ်ပိုင်းခေါင်းဆောင်ကြီးများ ရေစက်ချ အမျှ ခေါ ်ချိန် ကြရောက်ခဲ့ပြီ …🙄
သတင်းကောင်းတစ်ခု လို့ပြောရပါမယ်။ ဥရောပ နိုင်ငံ များအဖွဲ့ EU က ရုရှား ဘဏ်တွေကနေ SWIFT ကို ဖယ်ရှားလိုက်ပါပြီ။ SWIFT ဆိုတာက “Society for Worldwide Inter-bank Financial Telecommunication” ဖြစ်ပါတယ်။
ပြည်တွင်းဘဏ်တွေကနေ ပြည်ပက ဘဏ်တွေကို ငွေပြောင်းငွေလွဲ၊ ငွေခြေ တွေမှာ သုံးတဲ့ စနစ် ဖြစ်ပါတယ်။ US, UK, Europe and Canada နိုင်ငံတွေအားလုံးက ဒါကို ဖြတ်တောက်ဖို့သဘောတူလိုက်ပါပြီ။
ရုရှားဘဏ်တွေကနေ တကမ္ဘာလုံးကို ငွေလွဲလို့လဲ မရတော့သလို ငွေထုတ်ယူလို့လဲမရတော့ပါဘူး။ ပစ္စည်းရောင်းလို့လဲမရတော့ ပစ္စည်းဝယ် လို့လဲမရတော့၊ ဝယ်ထားတဲ့ပစ္စည်းကိုလဲငွေချေလို့မရတော့။ ဆိုလိုတာက ပြည်ပနဲ့ငွေစီးဆင်းမှုအားလုံး freeze ဖြစ်သွားပါပြီ။
ဒီတော့ ပြောချင်တဲ့ အဓိက အကြောင်းရင်းက မြန်မာ စစ်တပ်အတွက် ဘာဖြစ်မလဲ ဆိုတာပါ။ လေယာဉ်တွေ စစ်လက်နက် ပစ္စည်းတွေဝယ်ဖို့အတွက် အဲဒီကဘဏ် တွေမှာ ဒေါ်လာနဲ့ညီမျှတဲ့ ငွေကို ထားရှိ သို့မဟုတ် လွဲပြောင်းပေးရပါတယ်။
ဒီတော့ စစ်တပ်က ဝယ်ယူမယ့် ပစ္စည်းတွေအတွက် ငွေချေလို့မရတော့ဘူး။ စစ်တပ်ရဲ့ အကောင့်က ငွေလဲ ထုတ်လို့မရတော့ဘူး။ဗိုလ်ချုပ်တွေ သီးသန့်အပ်ထားတဲ့ ငွေတွေလဲ ဘာမှ ထုတ်လို့မရတော့ဘူး။
ဒီငွေတွေအတွက် မြန်မာပြည်စစ်တပ်က လွှတ် ထား ပြီး သွားနေတဲ့ သူတွေ၊ သင်တန်းတက်နေတဲ့လူတွေ ၊ မြေနေရာဝယ် ကျောင်းဆောက် သာသနာ ခုတုံး လုပ် အကြောင်းပြ ပြီး သွားနေတဲ့ သူတွေ အားလုံး ဘာမှ မတတ်နိုင်တော့ပါဘူး။
Crd:Shine Nway