အပ်ကားရှားပါးလာခြင်းကြောင့် မြင့်တက်နေတဲ့ ရန်ကုန်လိုင်စင်စလစ်ဈေးနှင့် ယာဉ်မောင်းလိုင်စင်”သ” “က” “ခ” “ဃ” “င” တို့ သက်တမ်းတိုးမယ်

အပ်ကားရှားပါးလာခြင်းကြောင့် မြင့်တက်နေတဲ့ ရန်ကုန်လိုင်စင်စလစ်ဈေးနှင့် ယာဉ်မောင်းလိုင်စင်”သ” “က” “ခ” “ဃ” “င” တို့ သက်တမ်းတိုးမယ်

အပ်ကားရှားပါးလာခြင်းကြောင့် ရန်ကုန်လိုင်စင်စလစ်ဈေး ထပ်မံမြင့်တက်သွားကြောင်း ကားလုပ်ငန်းရှင်များ ထံမှ သိရပါတယ်။ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူအသုံးပြုခွင့် YVQC စနစ် ထွက်ပေါ်မလာသေးခြင်းနှင့်အတူ ဈေးကွက် အတွင်း၌လည်း အပ်ကားရှားပါးနေခြင်းကြောင့် စလစ်ဈေးများ မြင့်တက်သွားခဲ့ပါတယ်။

ထို့ပြင် ကားအရောင်း စင်တာများမှ တင်သွင်းထားသော စလစ်ကပ် ဂျပန်ညာမောင်း လက်ကျန်ကားများသည်လည်း သတ်မှတ်ရက် မတိုင်မီ ဝယ်ယူခွင့် ပါမစ်လျှောက်ရန် လိုအပ်နေခြင်းကြောင့် စလစ်လိုအပ်ချက် ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်ပါတယ်။

“ဒီရက်ပိုင်းမှာ ရန်ကုန်လိုင်စင် နှစ်၂၀ စလစ်က ၅သိန်းဝန်းကျင် မြင့်တက်သွားပါတယ်။ အပ်ကားရှားပါး နေပြီး YVQC စနစ် ထွက်ပေါ်မလာသေးသလို ကားအရောင်းစင်တာတွေက တင်သွားထားတဲ့ Consignment လက်ကျန်ကားတွေနဲ့ ရန်ကုန်လိုင်စင်ရယူလိုတဲ့ Brand New ကားတွေအတွက် စလစ်လိုအပ်ချက်ရှိနေလို့ ဈေးမြင့် တက်သွားတာလဲဖြစ်ပါတယ်။

တိုက်ကြေစလစ်လည်း ရှားပါးလာတဲ့အတွက် နံပါတ်ယူဖို့ မစောင့်နိုင်တဲ့ သူတွေက သက်တမ်းနှစ်၂၀ စလစ်ကို ဝယ်ယူကြတဲ့အတွက် ဝယ်လိုအားနဲ့ လိုအပ်ချက်မမျှပဲ ဈေးမြင့်တက် သွားတာ ဖြစ်ပါတယ်” ဟု ကားဝယ်/ရောင်း ကိုစိုင်းကဆိုပါတယ်။

အပ်ကား ရှားပါးလာခြင်းနှင့်အတူ ယာဉ်အို/ဟောင်း အပ်နံှမှုလဲ လျော့နဲ့သွားပြီး ယခုနှစ်စမှ ဖေဖော်ဝါရီလ ဒုတိယပတ်အထိ ရန်ကုန်လိုင်စင် နှစ်၂၀အပ်ကား ၁၉၁စီးနှင့် တိုက်ကြေ ၅၅စီးသာ အပ်နှံမှု ရှိခဲ့ပါတယ်။

အပ်ကားရှားပါးနေခြင်းကြောင့် စလစ်ဈေးများ တဖြည်းဖြည်း မြင့်တက်လျှက်ရှိရာ ရန်ကုန်လိုင်စင် နှစ်၂၀ အမည်ပေါက်စလစ်သည် ကျပ်၁၃၄ သိန်း ဝန်ကျင်နှင့် တိုက်ကြေစလစ်သည် ကျပ် သိန်း ၁၂၀ ဝန်းကျင် ပေါက်ဈေး ရှိကြောင်း ကားဈေးကွက် အတွင်းမှသိရပါတယ်။

ကိုယ်ကိုင်ထားတဲ့ယာဉ်မောင်းလိုင်စင်ဟာ”သ” “က” “ခ” “ဂ” “ဃ” “င” “ဟ” “စ”ဘယ်ဟာပဲဖြစ်ဖြစ်ပေါ့ အဲ့ဒီလိုင်စင်တစ်ခုခု သက်တမ်းတိုးမယ်ဆို ဘယ်လောက်ကုန်မလဲ….တချို့က အများကြီးကုန်တယ်လို့ပြောပြောနေကြလို့ အားလုံးသိအောင်ပြောပြပေးလိုက်ပါတယ်။

“သ” ယာဉ်မောင်းလိုင်စင်

သက်တမ်းတိုးခ = ၃၀၀၀ ကျပ်

အာမခံကြေး = ၂၅၀၀ ကျပ်

စုစုပေါင်း = ၃၅၀၀ ကျပ်

“က” ယာဉ်မောင်းလိုင်စင်

သက်တမ်းတိုးခ = ၁၂၀၀၀ ကျပ်

အာမခံကြေး = ၅၅၀၀ ကျပ်

စုစုပေါင်း = ၁၇၅၀၀ ကျပ်

“ခ” ယာဉ်မောင်းလိုင်စင်

သက်တမ်းတိုးခ = ၅၀၀၀၀ ကျပ်

အာမခံကြေး = ၅၅၀၀ ကျပ်

စုစုပေါင်း = ၅၅၅၀၀ ကျပ်

“ဂ” “ဌ” ယာဉ်မောင်းလိုင်စင်

သက်တမ်းတိုးခ = ၆၀၀၀၀ ကျပ်

အာမခံကြေး = ၆၅၀၀ ကျပ်

စုစုပေါင်း = ၆၆၅၀၀ ကျပ်

“ဃ” ယာဉ်မောင်းလိုင်စင်

သက်တမ်းတိုးခ = ၆၀၀၀၀ ကျပ်

အာမခံကြေး = ၆၅၀၀ ကျပ်

စုစုပေါင်း = ၆၆၅၀၀ ကျပ်

“င” ယာဉ်မောင်းလိုင်စင်

သက်တမ်းတိုးခ = ၇၅၀၀၀ ကျပ်

အာမခံကြေး = ၆၅၀၀ ကျပ်

စုစုပေါင်း = ၈၁၅၀၀ ကျပ်

“ဟ” ယာဉ်မောင်းလိုင်စင်(သုံးဘီးမောင်းလိုင်စင်)

သက်တမ်းတိုးခ = ၃၀၀၀၀ ကျပ်

အာမခံကြေး = ၅၅၀၀ ကျပ်

စုစုပေါင်း = ၃၅၅၀၀ ကျပ်

“စ” စပယ်ယာလိုင်စင်

သက်တမ်းတိုးခ = ၁၅၀၀၀ ကျပ်

အာမခံကြေး = ၅၅၀၀ ကျပ်

စုစုပေါင်း = ၁၅၅၀၀ ကျပ်

မှတ်ချက်တော့ရှိတယ်နော် သက်တမ်းမကုန်ခင် သက်တမ်းတိုးမှ ဒီလိုကုန်ကျမှာပါ။ သက်တမ်းကုန်တဲ့လိုင်စင်ဆိုရင်တော့ သက်တမ်းကုန်တဲ့ ဒဏ်ကြေးပါပေးရမှာပါ။ သက်တမ်းကလဲ ရက်ပေါင်း (၆၀) ကြိုတင်တိုးလို့ရပါတယ်။
Crd..logisticsguide

Leave a Reply

Your email address will not be published.