အင်ဒိုနီးရှားရေတပ်အတွက် အမြန်သွားကင်းလှည့်ရေယာဉ်(PC-60) တတိယအစီး တည်ဆောက်ရေးစတင်

အင်ဒိုနီးရှားရေတပ်အတွက် အမြန်သွားကင်းလှည့်ရေယာဉ်(PC-60) တတိယအစီး တည်ဆောက်ရေးစတင်

၂၀၂၂ ခုနှစ်တွင် အင်ဒိုနီးရှားရေတပ်အတွက်မှာယူထားသည့် အမြန်သွားကင်းလှည့်ရေယာဉ် PC-60 ၅ စီးအနက် တတိယအစီးတည်ဆောက်ရေးလုပ်ငန်းအား စတင်နေပြီဖြစ်သည်။

အင်ဒိုနီးရှားရေတပ်သည် PC-60 အမြန်သွားကင်းလှည့်ရေယာဉ် ၅ စီး အသုံးပြုရန်စီစဉ်ထားပြီး PC-60 ပထမဆုံး ၂ စီးတည်ဆောက်ရေးအတွက် အင်ဒိုနီးရှားပြည်တွင်းသင်္ဘောတည်ဆောက်ရေးကုမ္ပဏီ PT Caputra Mitra Sejati နှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့ကာ လာမည့်ဩဂုတ်လတွင် ရေချသွားရန်မျှော်မှန်းထားသည်။

PC-60 အမြန်သွားကင်းလှည့်ရေယာဉ် တတိယအစီးအတွက် PT Karimun Anugrah Sejati ဖြင့်စာချုပ်ချုပ်ဆိုခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းများစတင်နေပြီသည်။ အင်ဒိုနီးရှားရေတပ်အနေဖြင့် နောက်ဆုံး ၂ စီးအား PT Karimun Anugrah Sejati ဖြင့်ပင် ဆက်လက်စာချုပ်ချုပ်ဆိုရန် ရည်ရွယ်ထားသည်။

PC-60 အမြန်သွားကင်းလှည့်ရေယာဉ်သည် အလျား ၆၀ မီတာ၊ ဗျက် ၈.၅ မီတာ၊ ရေစူး ၂.၇၂ မီတာရှိပြီး အမြန်ဆုံးအမြန်နှုန်း တစ်နာရီ ရေမိုင် ၂၄ မိုင်ထိမောင်းနှင်နိုင်သည်။ သာမန်မောင်းနှင်မှုနှုန်းဖြင့် တစ်နာရီရေမိုင်နှုန်း ၁၇ မိုင်ဖြင့် ၈ရက်တိတိမနားတမ်းမောင်းနှင်နိုင်ကြောင်း ပြောကြားထားသည်။

ရေယာဉ်ပေါ်တွင် တပ်ဖွဲ့ဝင်ပေါင်း ၅၅ ဦးလိုက်ပါရသည်။ လက်နက်တပ်ဆင်မှုအဖြစ် 40mm Oto Melara Naval Gun တစ်လက်၊ 12.7mm Heavy Machine Gun ၂ လက်တပ်ဆင်ထားသွားမည်ဖြစ်သည်။
Crd..Blue Ocean Diary

Leave a Reply

Your email address will not be published.