အခုအချိန် လူတိုင်းနီးပါးသိချင်နေကြတဲ့ မြန်မာ့စက်သုံးဆီဈေးနဲ့ ကမ္ဘာ့ရေနံဈေးကွက်အခြေအနေသုံးသပ်ချက်များ….

အခုအချိန် လူတိုင်းနီးပါးသိချင်နေကြတဲ့ မြန်မာ့စက်သုံးဆီဈေးနဲ့ ကမ္ဘာ့ရေနံဈေးကွက်အခြေအနေသုံးသပ်ချက်များ….

၁။ ရုရှ ဟာ ဥရောပနိုင်ငံတွေမှာ လိုအပ်နေတဲ့ အနွေးဓါတ် နဲ့ ချက်ပြုတ်ရေး အတွက် သဘာဝဓါတ်ငွေ့ ၅၀% ပေးနေတယ်။ ဓါတ်ငွေ့ပိုက်လိုင်း ကို ဖြတ်ချပစ်ရင် အခုလို ဥရောပဆောင်းကာလ မှာ ဒီဇယ်၊ ဓါတ်ဆီကို ပြောင်းသုံးရမယ်၊ အဲ့ဒီအတွက် ဥရောပနိုင်ငံတွေဟာ ရေနံကို အလန့်တကြား စုနေရတယ်။ ၂။ ကိုဗစ်ကာလ ရေနံဈေး အရမ်းကျသွားတယ်၊ ရေနံဟာ ရင်းနှီးမြုပ်နှံလို့ကောင်းတဲ့

အခြေအနေမရှိဘူး လို့ မြင်ထားတယ်၊ သဘာဝပါတ်ဝန်းကျင်သမားတွေကြောင့် ရေနံကုမ္ပဏီတွေဟာ တွင်းတွေ တိုးပြီး မတူးရဲဘူး။ အခုလို စစ်ရိပ်သန်းတဲ့အခြေအနေမှာ ပုံမှန်ထက် စုဆောင်းနေတာမို့ သုံးစွဲတာ နဲ့ ထုတ်လုပ်တာ မမျှဘူး။ ၃။ ရေနံထုတ်တဲ့ အီကွေဒေါ၊ ကာဇစ်စတန်၊ လစ်ဗျား တို့မှာ သဘာဝဘေးအန္တရာယ်ကျရောက်တာကြောင့် ရေနံပုံမှန်မထုတ်နိုင်ဘူး။ ၄။ ကိုဗစ်ပြီးစ ဆိုတော့ ခရီးတွေပိုထွက်လာကြတယ်။

၅။ အကြောငိးကြောင်းကြောင့်ရုရှ က ရေနံမပို့နိုင်တော့ရင် ကမ္ဘာ့လိုအပ်ချက် မြင့်တာကို ဖာနိုင်တဲ့ လက်တလော အစီအစဉ် မရှိသေးဘူး။ ၆။ ရေနံရောင်းတဲ့ နိုင်ငံများအသင်း (အိုပက်) က ရေနံထပ်ပြီး တိုးမထုတ်ချင်ဘူး၊ အမြတ်ကောင်းနေလို့။ ဘယ်လို ကျလာနိုင်ခြေရှိလဲ၊ ရေနံဟာ တက်လိုက်ကျလိုက်ပါပဲ။ တက်လွန်းရင် ပြန်ကျပါတယ်။ ၂၀၀၈ တုန်းကရေနံဈေး ၁၄၇ ဒေါ်လာအထိ တက်ခဲ့ဖူးတယ်။

အခုက ၁၀၅။ ၁။ ရုရှ နဲ့ အနောက်နိုင်ငံတွေ စစ်ပြေငြိမ်းရေး ညှိနှိုင်းနိုင်ရင် ရေနံဈေး လန့်ပြီး ထိုးကျမယ်။ ၂။ ကိုဗစ် တကြောပြန်ထရင် ရေနံဈေးကျမယ်။ ၃။ အီရန် က ညူကလီးယားစမ်းသပ်နေလို့ ကမ္ဘာက ရေနံကိုအကန့်အသတ် နဲ့ပဲ နဲနဲ ရောင်းခွင့်ပေးထားတယ်၊ အခု အီရန်ကို ဖြောင့်ဖြပြီး ညူ ကိစ္စဆက်မလုပ်တော့ပါဘူး ဆိုတဲ့ စာချုပ် လက်မှတ်ထိုးခိုင်းတယ်၊ အီရန်ကလည်း အပိတ်ခံထားရတော့ မတောင့်နိုင်တော့ဘူး၊ ဒီရက်ပိုင်း ထိုးမယ် လို့ယူဆတယ်။ ထိုးရင် ရေနံ ဆတိုးရောင်းခွင့်အီရန် ရမယ်။ ရရင် ဈေးငြိမ်နိုင်တယ်။ ၄။ ရေနံဈေး အဲ့လောက်တက်နေတော့

ကမ္ဘာမှာ လူတွေ အသွားအလာလျော့ကျနေတယ်၊ ဒီလပိုင်းမှာ အသွားအလာလျော့ကျသွားတော့ ဈေးကို ဆွဲချသွားနိုင်တယ်။ လူတွေ စက်ဆီထက် ပိုသက်သာတဲ့ လျှပ်စစ်ကား ကို ပြောင်းသုံးလာကြတယ်။ ၅။ ဒီထက်တက်လာရင် တရုတ်၊ အမေရိကန်၊ ဥရောပ စုထားတဲ့ အရန်ဆီ တွေ ထုတ်သုံးမယ်။ ပူတင် ကို ဒုတ် နဲ့ ဝိုင်းရိုက်လိုက်၊ နတ်သံနှောပြီးချော့လိုက်၊ ပြည်တွင်းနဲ့ ရန်တိုက်ပေးလိုက်၊ တရုတ် ကိုဝင်ညှိခိုင်းလိုက် နဲ့ ကမ္ဘာဟာ

ပတ်လည်ရိုက်နေမှာပဲ။ လက်ရှိအချိန်အထိ ရေနံဟာကမ္ဘာ့အရေးအကြီးဆုံးကိစ္စ ဆိုတော့ ရေနံ နဲ့ ပါတ်သက်ရင် အဲ့လိုပဲ ကစားပါတယ်။ တခြားက ဝင်ငွေရနေသေးရင် ရုရှဟာ ရေနံဂျိုကာနဲ့ ထုတ်ကစားရင် ဥရောပ ပြဿနာတက်မှာ။ အခုတော့ အဲ့ဒီဂျိုကာထုတ်မသုံးနိုင်အောင် အကုန်ပိတ်ဆို့ထားလိုက်တာ ရုရှကလည်း ရေနံမှ မရောင်းရင် ကုန်းကောက်စရာ မရှိတော့ဘူး။ Real politics ကို

တဖြည်းဖြည်း မြင်လာကြမှာပါ။ အမေရိကန်ဟာ ကုတ်နဲ့ကော်ထုတ်တောင် အရှေ့အလယ်ပိုင်းကမထွက်နိုင်တာ ရေနံကြောင့်ပဲ။ ဒီရေနံဈေး နဲ့ မြန်မာလည်း လာမယ့် စိုက်ပျိုးရာသီ မချောင်ဘူး၊ ကိုဗစ် နဲ့ ကိုစစ် နဲ့ အပြင် လုပ်သမျှရှုံးတော့ စိုက်ပျ်ုးနှုံး ဒီနှစ် ကျတယ်။ အဲ့ဒါအပြင် ဆီဈေး မြေဆီဈေးနဲ့ မကိုက်လို့ စိုက်ပျိုးတဲ့ ရာခိုင်နှုံး ဒီနှစ်ထက် ဆက်ကျနိုင်တယ်။ သိပ်ခက်ခဲတဲ့အခါ stakeholders တွေဟာ

ပြည်သူတွေတတ်နိုင်သမျှ ချောင်လည်ဖို့ မဟာဗျူဟာ ပြောင်းရပါတယ်။ အဓိက ကတော့ လက်ရှိ နိုင်ငံရေးအခြေအနေကို သက်သာနိုင်တဲ့ နည်းအကုန်သုံးပြီး ကွေ့ချရဲရမယ်။ ရှေ့က ချောက် ကို ကြိုမြင်နိုင်တာပဲဟာ။

လေးစားစွာခရက်ဒက် ရေးသားသူ – Kyaw Swa Min

Leave a Reply

Your email address will not be published.