သိန်း ၉၅၀ နဲ့ RC ၂ ထပ်ခွဲတိုက် မနေ့ကမှ ဆေးသုတ်ပြီးတဲ့အိမ် ဒီနေ့ဖျက်ရတယ်စဉ်းစားကြည့် ကိုယ့်အလှည့် ဘယ်ချိန်လဲလို့

သိန်း ၉၅၀ နဲ့ RC ၂ ထပ်ခွဲတိုက် မနေ့ကမှ ဆေးသုတ်ပြီးတဲ့အိမ် ဒီနေ့ဖျက်ရတယ်စဉ်းစားကြည့် ကိုယ့်အလှည့် ဘယ်ချိန်လဲလို့

မနေ့ကမှ ဆေးသုတ်ပြီးတဲ့အိမ် ဒီနေ့ဖျက်ရတယ်စဉ်းစားကြည့် ကိုယ့်အလှည့် ဘယ်ချိန်လဲလို့။သိန်း ၉၅၀ နဲ့ RC ၂ ထပ်ခွဲတိုက် ဆောက်ပြီး အိမ်တက်လုပ်တာမှ ပြီးခဲ့တဲ့ အပါတ်ကမှတဲ့.. ဂရံရှိတယ် စလစ်ရှိတယ် မရဘူး ဖျက်ရမတဲ့

မဖျက်ရတဲ့ အိမ်တွေလဲ ဂရံရှိလဲ အသစ်လာလျှောက်တဲ့ စဉ်းစားထား ကိုယ့်အလှည့်ကို ငါတို့ မြန်မာပြည်က ပြည်သူတွေ ဝဠ်တွေကြီးလိုက်တာဟာ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် ရဲဘော်ကွက်သစ်ရပ်ကွက်သို့ ဖေဖော်ဝါရီ ၂၆ ရက်နေ့က စစ်သား၊ ရဲနှင့် စည်ပင်များက

ဝင်ရောက်ကာ တာဝါတိုင် အောက်ဘက်နားရောက်နေသည့် ဂရံပေါက်ပြီးသား လူနေအိမ်များ အပါအဝင် အိမ်ခြေ ၆၀ ဝန်းကျင်ကို ဘူဒိုဇာနှင့် ထိုးချဖျက်ဆီးသွားကြောင်း၊ အချို့အိမ်များမှာ ပစ္စည်းယူချိန်မရဘဲ ဖျက်ဆီးခံရကြောင်း သိရပါတယ်။

“ဓာတ်ကြိုးမလွတ်ဘူးဆိုပြီး အချိန် ၁ နာရီအတွင်း ပစ္စည်းသိမ်းပြီး ဖယ်ခိုင်း၊ တစ်ခဏအတွင်း ဝင်ဖျက်တယ်။ တချို့ အိမ်တွင် ဘာပစ္စည်းမှ ယူချိန်မရလိုက်ဘူး” ဟု အဆိုပါ ရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးက ပြောပါတယ်။နေအိမ်ဖျက်ဆီးခံရသူများတွင်

ဂရံပေါက်ပြီးသား လူနေအိမ်များ ပါဝင်နေပြီး ကျူး ကျော်များ မဟုတ်ကြောင်း၊ တာဝါတိုင်နှင့် ပေ ၅၀ အကွာဆိုသော်လည်း ကွက်စိတ်တစ်ခုလုံးရှိ လူနေအိမ်များကို အကုန်ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ရပ်ကွက်အတွင်းနေထိုင်သူများက ပြောပြသည်။

“တာဝါတိုင်အောက်တည့်တည့် ပေ ၅၀ အကွာက အိမ်တွေ ဖျက်တာ လက်ခံလို့ ရပေမယ့် ကွက်စိတ်တစ်ခုလုံးကို ပစ္စည်းသယ်ချန် ၁ နာရီပဲ ပေးပြီး သယ်ခိုင်းတာကျ ရက်စက်လွန်းတယ်ဗျ။နောက်ရက်လည်း ထပ်ဖျက်ဦးမယ်တဲ့ မပြီးသွားဘူး။ဓာတ်ပုံရိုက်လို့ဆိုပြီး ကောင် မလေးတစ်ယောက်ကို ဖမ်းတယ်။

အဖေလုပ်တဲ့လူက သမီးရူးနေလို့ပါဆိုပြီး ဒူးထောက်တောင်းပန်မှ လွှတ်ပေးပါတယ်ဗျ” ဟု အဆိုပါ ရပ် ကွက်အတွင်း နေထိုင်သူများထံမှ သိရှိရသည်။
Crd..mmddaynews

Leave a Reply

Your email address will not be published.