သမ္မတ ဇီလန်စကီး ကို လုပ်ကြံသတ်ဖြတ်ရန် ရုရှား ကစေလွှတ်လိုက်တဲ့ ချေချင်းညာ တပ် ဖွဲ့တွေ ကို ရှင်း လင်းပြီးပြီလို့ ယူကရိန်း ပြော

သမ္မတ ဇီလန်စကီး ကို လုပ်ကြံသတ်ဖြတ်ရန် ရုရှား ကစေလွှတ်လိုက်တဲ့ ချေချင်းညာ တပ် ဖွဲ့တွေ ကို ရှင်း လင်းပြီးပြီလို့ ယူကရိန်း ပြော

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး ကို လုပ်ကြံသတ်ဖြတ်ရန် ရုရှား ကစေလွှတ်လိုက်တဲ့ ချေချင်းညာ တပ် ဖွဲ့ တွေ ရဲ့ လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှု ကို တားဆီးနိုင်ခဲ့ပြီး အဲဒီတပ်ဖွဲ့တွေ ကိုရှင်းလင်းပြီးပြီဖြစ်ကြောင်း ယူကရိန်း နိုင်ငံတော် လုံခြုံရေး နဲ့ ကာကွယ်ရေးကောင်စီ အကြီးအကဲ ကပြောကြားပါတယ်။

ကိဗ် မြို့အပြင်ဖက် က အဓိက စစ်မြေပြင်တစ်ခုဖြစ်တဲ့ ဟိုစတိုမဲလ် ဒေသအနီးမှာ ချေချင်းညာ စစ်ခေါင်းဆောင် ရမ်ဇမ် ကာဒီရော့ဗ် ထိန်းချုပ်ထားတဲ့ သံချပ်ကာကား အများအပြား ကို ယူကရိန်း စစ်တပ် ကဖျက်စီး နိုင်ခဲ့ပြီး နောက် ရက်ပိုင်း အကြာမှာ အိုလက်ဆေ့ဗ် ဒါနီလော့ဖ် ရဲ့အထက်ပါပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါ တယ်။

“ယူကရိန်း သမ္မတ ကို သတ်ဖို့လာတဲ့ ကာဒီရော့ဗ် တပ်ဖွဲ့တွေ ကို ရှင်းပစ်လိုက်ပါပြီ”လို့ ဒါနီလော့ဖ် က ယူကရိန်း 24 TV ရုပ်သံလိုင်း သို့ပြောကြားပါတယ်။ “ကျွန်တော်တို့ရဲ့သမ္မတ ကို ဒါမှမဟုတ် ကျွန်တော် တို့ရဲ့ နိုင်ငံ ကို ဘယ်သူ့ဆီ ကိုမှပေးမှာ မဟုတ် ပါဘူး။

ဒါ ကကျွန်တော်တို့မြေ ဒီကနေ ထွက်သွားကြ” လို့ ဒါနီလော့ဖ် ကပြောကြားပါတယ်။ သမ္မတ ကို လုပ်ကြံသတ်ဖြတ်ရန် ချေချင်းညာ တပ် ဖွဲ့ စေလွှတ်ထားတယ် ဆိုတဲ့ သတင်း ကို စစ်ပွဲ ဆန့်ကျင်တဲ့ ရုရှား လုံခြုံရေးဌာန FSB ရဲ့ အေးဂျင့်တွေ ဆီ ကရရှိခဲ့တာဖြစ်ကြောင်း

ဒါနီလော့ဖ် ကပြောကြားတာ ကြောင့် ရုရှား စစ်တပ် နဲ့ ဌာန တွေ မှာ စစ်ပွဲမလိုလားသူတွေ ရှိနေပြီး ယူကရိန်း ကို သတင်းပေးကူညီနေတဲ့ သူတွေ ရှိနေကြောင်း ပေါ်လွင်နေပါတယ်။

ချေချင်းညာ တပ်ဖွဲ့တွေ ဟာ နှစ်စုခွဲပြီး ယူကရိန်းသို့ ဝင်လာခဲ့တာဖြစ်ပြီး ဟိုစတိုမဲလ် မြို့နား က အဖွဲ့ ကို ရှင်းလင်း ပြီး ဖြစ်ကာ နောက်တစ်ဖွဲ့ ကို ရှင်းလင်းရေး အားလုံး အပြီးသတ် စီစဉ်ထားပြီး ဖြစ်ကြောင်း သူ ကပြောကြားပါတယ်။

ချေချင်းညာ တပ် ဖွဲ့ ရဲ့ သံချပ်ကာကား ၅၆ စီး ကိုဖျက်ဆီး နိုင်ခဲ့ကြောင်း ယူကရိန်း ပြည်တွင်း ရုပ်သံလိုင်း တွေ ကကြေညာပါတယ်။ ယူကရိန်း သမ္မတ ရုံး ကအတည်ပြုထားတဲ့ ဒီသတင်းမှာ ချေချင်းညာ ဗိုလ်ချုပ်တစ်ဦး ကိုလည်း ယူကရိန်း က ရှင်းလင်း ပစ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရုရှား က မိမိကို နံပါတ် ၁ ပစ်မှတ် အနေနဲ့ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းနေပြီးမိမိရဲ့မိသားစုဝင်တွေ ကို နံပါတ် ၂ ပစ်မှတ် အနေနဲ့ လုပ်ကြံ သတ်ဖြတ်ရန် ကြိုးပမ်းနေတယ်လို့ ဇီလန်စကီး ကပြောကြားထားပါတယ်။

ဒီလို လုပ်ကြံသတ်ဖြတ်ခံရနိုင်တဲ့ အချိန်မှာ အမေရိကန် က ဇီလန်စကီး ကို ဘေးကင်းရာကယ်ထုတ်ပေးမယ် လို့ ပြောကြားခဲ့ပေမယ့် သူလိုအပ်နေတာ အခမဲ့ ယာဉ်စီးနင်းခွင့် မဟုတ်ဘဲ လက်နက် ခဲယမ်းတွေ ပဲဖြစ်တယ်လို့ သူကတုန့်ပြန်ပြောကြားခဲ့ပါတယ်။
Crd..MyanmaPlatform

Leave a Reply

Your email address will not be published.