လူနာခရူဆာ လကမ္ဘာ စူးစမ်းလေ့လာရေးယာဉ်ကို တီထွင်ထုတ်လုပ်တော့မည့် တိုယိုတာကုမ္ပဏီ

လူနာခရူဆာ လကမ္ဘာ စူးစမ်းလေ့လာရေးယာဉ်ကို တီထွင်ထုတ်လုပ်တော့မည့် တိုယိုတာကုမ္ပဏီ

ဂျပန်မော်တော်ယာဉ်ထုတ်လုပ်မှု ကုမ္ပဏီဖြစ်သည့် နာမည်ကျော် တိုယိုတာကုမ္ပဏီဟာ ဂျပန်အာကာသအေဂျင်စီ JAXA အတွက် လကမ္ဘာစူးစမ်းလေ့လာရေးယာဉ်တစ်စင်းကို တည်ဆောက်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။

၂၀၄၀ ပြည့်နှစ်မှာ လူသားတွေ လပေါ်မှာ နေထိုင်နိုင်ဖို့အတွက် ဂျပန်အာကာသအေဂျင်စီ JAXA နဲ့ ပူးပေါင်းတည်ဆောက်နေတာဖြစ်ပါတယ်။

အဆိုပါ လကမ္ဘာစူးစမ်းလေ့လာရေးယာဉ်ကို တိုယိုတာကုမ္ပဏီရဲ့ ကမ္ဘာကျော် လန်ခရူဆာ ကားများကို ဂုဏ်ပြုသည့်အနေဖြင့် လူနာခရူဆာ (Lunar Cruiser) ဟူ၍ အမည်ပေးထားပါတယ်။

လူနာခရူဆာ လကမ္ဘာစူးစမ်း လေ့လာရေးယာဉ်ကို ၂၀၃၀ ခုနှစ် မပြည့်ခင်မှာ လွှတ်တင်ရန် ဂျပန်အာကာသအေဂျင်စီနှင့် တိုယိုတာကုမ္ပဏီတို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။

လူနာခရူဆာ လကမ္ဘာ စူးစမ်းလေ့လာရေးယာဉ်ဟာ အရှည် ၁၉.၇ ပေရှိပြီး အမြင့် ၁၂.၅ ပေ ရှိပါတယ်။ယာဉ်ရဲ့ အလေးချိန်ဟာ ၃.၅ တန် ရှိပါတယ်။ ယာဉ်မှာ ဘီး ၆ ဘီးတပ်ဆင်ထားပြီး ဟိုက်ဒရိုဂျင်လောင်စာဆဲလ်ဖြင့် မောင်နှင်သည့် ၄၀ ကီလိုဝပ် လျှပ်စစ်မော်တာကို တပ်ဆင်ထားပါတယ်။

လူနာခရူဆာ လကမ္ဘာစူးစမ်း လေ့လာရေးယာဉ်ဟာ လူနှစ်ဦးကို ၁၄ ရက်ကြာတင်ဆောင်၍ လမျက် နှာပြင်ပေါ်၌ မောင်းနှင်သွားလာ နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

လကမ္ဘာပေါ်သို့ ပို့ဆောင်ပေးနိုင်မည့် စွမ်းအင်ပမာဏမှာ အကန့်အသတ်ရှိသည့်တိုင် လူနာခရူဆာ လကမ္ဘာ စူးစမ်းလေ့လာရေးယာဉ်ဟာ လပေါ်၌ စုစုပေါင်း ခရီးမိုင် ၆၂ဝဝ ထိ မောင်းနှင်နိုင်မည် ဖြစ်ကြောင်း တိုယိုတာကုမ္ပဏီမှတာဝန် ရှိသူများက ပြောကြားခဲ့ပါတယ်။

လူနာခရူဆာ လကမ္ဘာစူးစမ်း လေ့လာရေးယာဉ်ဖြင့် လိုက်ပါခရီးထွက်မည့်သူများဟာ ယာဉ်ပေါ်မှာပင် နေထိုင်စားသောက် အိပ်စက်နိုင်ပြီး အခြားအာကာသယာဉ်များနှင့်လည်း ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။
Crd..hotnewmyanmar

Leave a Reply

Your email address will not be published.