ရုရှား-ယူကရိန်း အရေးမှာ ကမ္ဘာ့နိုင်ငံကြီးများရဲ့ စိတ်ဝင်စားဖွယ် ရပ်တည်မှုများ..

ရုရှား-ယူကရိန်း အရေးမှာ ကမ္ဘာ့နိုင်ငံကြီးများရဲ့ စိတ်ဝင်စားဖွယ် ရပ်တည်မှုများ..

အမေရိကန်

အန်ကယ်ဆမ် ကတော့ ပြတ်သားတယ်။ ရုရှားကို ကြိုက်ရာလမ်းရွေး (စစ်တိုက်မလား ၊ငြိမ်းချမ်းရေး ယူမလား) ၊ သူတို့ကတော့ ဘယ်လမ်းရွေးရွေး ရတယ် ဆိုပြီး အတိအတင်း ချဲလင့် လုပ်ခဲ့တယ်။

သံတမန် အသုံးအနှုံးတွေတောင် သိပ်မသုံးတော့ဘူး၊ Texas က ကောင်းဘွိုင်ခေတ် မှာ သေနတ်ချင်း ယှဉ်ပစ်မလားလို့ စိန်ခေါ်တဲ့ ပုံစံ သုံးနှုန်းခဲ့တယ်။
ဒါမျိုး က ခေတ်သစ် နိုင်ငံရေးမှာ အလွန်ရှားတဲ့ အသုံးအနှုန်းပဲ။

ဗြိတိန်

ဥရောပက ဗြိတိန်ကလည်း အန်ကယ်ဆမ်လိုပဲ ရုရှားကို ခပ်တင်းတင်း ပြောတယ်။ရုရှားက တကယ် ကျူးကျော်ရင် ထိရောက်တဲ့ တုန့်ပြန်မှုတွေ လုပ်မယ် ဆိုတဲ့ (ယုံကြည်ရလောက်တဲ့) ပုံစံမျိုး ပြောတယ်။

အန်ကယ်ဆမ်နဲ့ ဗြိတိန်က အမြဲတမ်း တွဲဖက်တွေ ဆိုတော့ သိပ်မဆန်းလှပါဘူး။

ဂျာမနီ
ဥ‌ရောပရဲ့ စီးပွားရေး အကောင်းဆုံး ဂျာမနီ ကတော့ စစ်ဖြစ်မှာကို အတော်လေး ရှောင်ချင်ကြတယ်။သူတို့မှာလည်း ဒုတိယ ကမ္ဘာစစ် သင်ခန်းစာတွေ မနည်းမနောပဲလေ။ သုမနကျောမှာ ဒဏ်ရာတွေနဲ့ ဆိုသလိုပေါ့။

ဂျာမနီဟာ ရုရှားကို အတော်လေး ညှိနှိုင်းပြီးနှစ်ဦးနှစ်ဖက် ထွက်ပေါက် ရအောင် အင်တိုက်အားတိုက် ကြိုးပမ်း တယ်။

ပြင်သစ်

ပြင်သစ်လည်း ဂျာမနီလောက် မဟုတ်ရင်တောင်မှ စစ်မဖြစ်ချင်တဲ့ဘက် အလေးသာတယ်။
ရုရှားကို သံတမန် နည်းလမ်းတွေနဲ့ တောက်လျှောက် ချည်းကပ်ပြီး စစ်ပွဲ မဖြစ်လာဖို့ ကြိုးပမ်းခဲ့တယ်။

တရုပ်

တရုပ်ကတော့ ရုရှားနဲ့ မိတ်ဆွေ ဖြစ်ကြောင်း ပြတယ်။ ရုရှားကို မသိမသာ မြှောက်ပေးတယ်။

တကယ်တမ်း စစ်ဖြစ်လို့ အနောက်အုပ်စုနဲ့ ရုရှား အင်အား ချိနဲ့သွားရင် ကမ္ဘာ့ဇာတ်ခုံပေါ်မှာ စူပါ ပါဝါအဖြစ် ဝင်နေရာ ယူမလို့ ပြင်ဆင်နေပုံပဲ။သူကတော့ ရုရှားဖက်က ဝင်တိုက်ပေးမှာ မဟုတ်ဘူး။

ပုံပြင်တွေထဲက တောဝက်နဲ့ ခြ‌င်္သေ့ တိုက်ခိုက် tay ကျေ ကြရင် စားမလို့ စောင့်နေတဲ့ လင်းတ ပုံစံမျိုးပါ။
Crd..ခရက်ဒစ်..စိုးနေ့သစ်

Leave a Reply

Your email address will not be published.