ရုရှားထက် ခြေလှမ်း အများကြီးသာနေသော အမေရီကန် ( ဒါကြောင့်လဲ ကမ္ဘာမှာ NO-1 နိုင်ငံဆိုပြီး ဖြစ်နေတာ )

ရုရှားထက် ခြေလှမ်း အများကြီးသာနေသော အမေရီကန် ( ဒါကြောင့်လဲ ကမ္ဘာမှာ NO-1 နိုင်ငံဆိုပြီး ဖြစ်နေတာ )

ပူတင်က ယူကရိန်းခွဲထွက်ဒေသတွေကို တပ်စေလွှတ်ဖို့ အမိန့်ထုတ်လိုက်ပါတယ်။ ဒီတော့ အမေရိကန်က ဒီနေ့ ပိတ်ဆို့မှုချမှတ်မယ်။ ဂျာမနီက ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို ရပ်မယ်။ စစ်အင်အားတွေ ထပ်ပို့မယ်။ UK က ပိတ်ဆို့မှု ချပီးပီ။ ဂျပန်ကလဲ မကြာခင် ပိတ်ဆို့မယ်လို့ဆိုတယ်။ ပူတင် အားကိုးလိုက်တဲ့ တရုတ်ကတော့ သူ့ဘက်မလိုက်ပဲ ပြေပြေလည်လည်လုပ်ကြပါဆိုပြီး ရောချသွားတယ်။ ကုလလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဘယ်သူမှ သူ့ဘက်မလိုက်ခဲ့ဘူး။ အကုန်လုံးက အပြစ်တင်မှုပဲ ခံလိုက်ရတယ်။ ဒီအထဲမှာမှ လူတွေ သတိထားမိလာတာက U.S Intelligence လို့ခေါ်တဲ့ အမေရိကန်ထောက်လှမ်းရေးပါပဲ။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ထဲက ပူတင်က ယူကရိန်းကို ကျူးကျော်မယ်လို့ အတိအကျ ပြောတယ်။ ဘိုင်ဒန်က သူ့ထောက်လှမ်းရေးသတင်းကို မိန့်ခွန်းထွက်ပြောတယ်။ တကယ်တမ်းမှာ ရုရှား ပြင်ဆင်ပြီးပေမယ့် မကျူးကျော်ခဲ့ဘူး။ တကယ်က အဲဒီနေ့မှာ ရုရှားက အစီအစဉ်ဆွဲပြီးပါသတဲ့။ ဒါပေမယ့် ပူတင်နဲ့ ထိပ်တန်းလူလေးတစုပဲသိတဲ့ ဒီသတင်းက ဘယ်လိုလုပ် အမေရိကန်တွေက သိနေသလဲဆိုတာ ပူတင်လန့်သွားလို့ နောက်ဆုတ်လိုက်တာပါ။ အမေရိကန်တွေက ပူတင်က ကျူးကျော်ဖို့ ဆုံးဖြတ်ပြီးပီလို့ အတိအကျကြီး ပြောလိုက်တာကိုး။ မသိရင် သူ့စိတ်ထဲ ဝင်ကြည့်နေသလိုဖြစ်နေတယ်။ ဒီနောက် နောက်လမ်းတခုနဲ့ ပြင်ပီး ဝင်ဖို့ လုပ်ပါတယ်။ ဒါကိုလဲ ဘိုင်ဒန်က မိန့်ခွန်းထွက်ပြောပြီး စနေနေ့မှာ ကျူးကျော်လိမ့်မယ်လို့ ဆိုပြန်ပါတယ်။ ပေါက်ကွဲမှု အတုတွေ ဖန်တီးပြီး ယောင်ပြတိုက်ပွဲတွေ လုပ်ပြီး ကျူးကျော်မယ်လို့ ပြောခဲ့တာပါ။

အဲဒါတွေ ဖြစ်မလာတော့ ဂျာမနီတို့လို မဟာမိတ်တွေ၊ ကုလတို့ကတောင် မသေချာတဲ့ သတင်းတွေနဲ့ တင်းမာမှုကို မြင့်တက်အောင် မလုပ်ပါနဲ့ဆိုပြီး ပြောလာကြတယ်။ ရုရှားတွေနဲ့ ဥရောပသားတွေကလဲ အမေရိကန်တွေက မကျူးကျော်ရင် သူတို့ပဲ အတင်းဝင်တိုက်ခိုင်းတော့မလိုတောင် ပြောလာတယ်။ နောက်ဆုံး ပြင်သစ်နဲ့ ညှိနှိုင်းချက်အရ ဘိုင်ဒန်နဲ့ ပူတင် တွေ့ဖို့တောင် အခြေခံအားဖြင့် သဘောတူလိုက်တယ်။ ဒါပေမယ့် အိမ်ဖြူတော်က ထုတ်ပြန်တဲ့အထဲမှာ ပူတင်က ကျူးကျော်ဖို့ ဆုံးဖြတ်ပြီးသားဖြစ်တယ်။ မကျူးကျော်ခဲ့မှသာ ဘိုင်ဒန်က ပူတင်နဲ့ တွေ့မယ်လို့ အတိအကျ ရေးသားခဲ့တယ်။ အားလုံးကတော့ အမေရိကန်တွေက လိုတာထက်ပိုနေတယ်။ တွေ့ပါမယ်ဆိုမှတော့ ကျူးကျော်စရာမလိုတော့ဘူး။ အားလုံးပြေလည်ပြီလို့ ထင်ခဲ့မိတာပါ။

အဲစာထွက်ပြီး နောက်တရက်မှာပဲ ရုရှားက ယူကရိန်းခွဲထွက်ဒေသတွေကို တပ်ပို့ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ အံ့အားသင့်စရာပါပဲ။ အမေရိကန်စစ်တပ်ရဲ့ အင်အားဟာ အရမ်းကြီးပါတယ်။ သူတို့ရဲ့ နည်းပညာလွှမ်းမိုးမှုကလဲ ကမ္ဘာ့ထိပ်တန်းပါ။ သူတို့ရဲ့ ထောက်လှမ်းရေးကလဲ ကမ္ဘာမှာ အတော်ဆုံးဆိုပေမယ့် ဒီလောက်ထိ သတင်းကို အတိအကျရအောင် စုံစမ်းသွားတာကို ဂျာမနီနဲ့ NATO အပါအဝင် ကမ္ဘာတခုလုံးက အံ့အားသင့်နေကြပါတယ်။ သူတို့ရဲ့ ထောက်လှမ်းရေးသတင်းကို နောက်ဆုံးအချိန်ထိ အခိုင်အမာလက်ကိုင်ထားပြီး သက်သေပြသွားတာကိုက အံ့အားသင့်စရာပါ။ အမေရိကန်ရဲ့ ဒီသတင်းရရှိမှုဟာ ပူတင်ရဲ့ ကျူးကျော်မှုကို တပတ်ခန့် အချိန်ဆွဲထားနိုင်ခဲ့ပါတယ်။

စစ်ပွဲတွေမှာ သတင်းလက်ဦးမှု ရယူနိုင်ခြင်းဟာ အဓိကအကျဆုံးပါပဲ။ ဒီလို ထောက်လှမ်းရေးမျိုးနဲ့တော့ အမေရိကန်ဟာ ရှေ့လာမယ့်ကာလတွေမှာလဲ လက်ဦးမှုရယူပြီး အကောင်းဆုံးပြင်ဆင်ကာ ကမ္ဘာကြီးကို ဆက်လက်လွှမ်းမိုးနေပါလိမ့်မယ်ဆိုတာကို တင်ပြလိုက်ရပါတယ်။
Nay Thway
Copy crd
မင်းညို🇹🇼🇹🇼

Leave a Reply

Your email address will not be published.