ရဟတ်ယာဉ်အစစ် ဌားရမ်းဖို့မတတ်နိုင်တဲ့မင်္ဂလာစုံတွဲတွေကို ဌားရမ်းပေးနိုင်ဖို့အတွက် အိမ်စီးကားကို ရဟတ်ယာဉ်အဖြစ် ပြောင်းလဲဖန်တီးလိုက်တဲ့ အမျိုးသား

ရဟတ်ယာဉ်အစစ် ဌားရမ်းဖို့မတတ်နိုင်တဲ့မင်္ဂလာစုံတွဲတွေကို ဌားရမ်းပေးနိုင်ဖို့အတွက် အိမ်စီးကားကို ရဟတ်ယာဉ်အဖြစ် ပြောင်းလဲဖန်တီးလိုက်တဲ့ အမျိုးသား

လိုအပ်ခြင်းက တီထွင်မှု့၏ မိခင်ဖြစ်တယ်လို့ ဆိုကြပြီး စွန့်ဦးတီထွင်ဖန်တီးရှင်တစ်ဦးဖြစ်ခြင်းဖြင့် ငွေရှာ အသက်မွေးတဲ့အခါ ၊ ကျွန်တော်တို့ထက် သာလွန်တဲ့အရာကို ဘယ်သူကမှ ဆွဲထုတ်ဖန်တီးနိုင်မှာမဟုတ်ပါဘူး။

ကျွန်တော်တို့ရဲ့ဘဝကို ပိုမိုလွယ်ကူစေဖို့အတွက် ဖန်တီးမှုတစ်ခုလုပ်တဲ့အခါ ၎င်းက ထူးဆန်းပေါကြောင်ကောင်းနိုင်ပေမဲ့လည်း ဒီ Bihar သားလိုဘဲ လုပ်ဆောင်နိုင်တဲ့ပြုပြင်မှုများကို ပြုလုပ်နိုင်ကြရမှာပါဘဲ။

အိန္ဒိယနိုင်ငံ Bihar ပြည်နယ် Bagaha မြို့မှ ဒီစက်ပြင်ပညာရှင်တစ်ဦးဟာ ၎င်းရဲ့ Tata Nano ကားကို ရဟတ်ယာဉ်အဖြစ်သို့ ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ပါတယ်။

လက်ရှိ အိန္ဒိယမှာ မင်္ဂလာဆောင်ရာသီရောက်လာနေပြီး၊ ဈေးကြီးတဲ့ ရဟတ်ယာဉ်တွေ မတတ်နိုင်တဲ့ သတို့သမီးနဲ့ သတို့သမီး တော်တော်များများက သူတို့ရဲ့ မင်္ဂလာပွဲကျင်းပရာနေရာသို့သွားရန်အတွက် ဒီ Tata Nano ရဟတ်ယာဉ်ကို ဌားရမ်းဖို့ ကြိုတင်တောင် စာရင်းပေးထားပြီးသားပါ။

Dainik Bhaskar ၏အစီရင်ခံစာအရ Guddu Sharma အမည်ရှိအမျိုးသားက ရူပီး 2 သိန်းကျော်အကုန်အကျခံကာ နာနိုကားကို ရဟတ်ယာဉ်အဖြစ်ပြောင်းလဲခဲ့တာပါ။ မင်္ဂလာပွဲတွေမှာ ရဟတ်ယာဉ်တွေကို အကျယ်တဝင့် ဌားရမ်းလာကြပြီး လူအများက ၎င်းတို့၏သတို့သမီးကို ရဟတ်ယာဉ်ပေါ်တင်ဖို့ ဆန္ဒရှိကြပေမဲ့လည်း ၊

ငွေကြေးပြဿနာကြောင့် ၎င်းတို့ မတတ်နိုင်ကြတာကိုမြင်တော့ သူ့ကားကို လူတိုင်းတတ်နိုင်တဲ့ ရဟတ်ယာဉ်အဖြစ် ပြောင်းလဲခဲ့ကြောင်း Guddu က ဆိုပါတယ်။ ကားကို ရဟတ်ယာဉ်ပုံသဏ္ဍာန် ဖန်တီးပေးခဲ့တဲ့ လက်မှုပညာရှင် Guddu က “ ဒစ်ဂျစ်တယ်

အိန္ဒိယခေတ်မှာ ဒီတီထွင်မှုဟာ ကိုယ့်ကိုယ်ကို မှီခိုအားထားရတဲ့ အိန္ဒိယနိုင်ငံရဲ့ သက်ရှိစံနမူနာတစ်ခုပါ။” လို့လည်း ပြောကြားခဲ့ပါတယ်။ ယာဉ်အတွက် အလိုရှိသောအင်္ဂါရပ်များပေးရန် အာရုံခံကိရိယာများကို အသုံးပြုကာ Guddu ဟာ မင်္ဂလာပွဲတွေအတွက် ရူပီး ၁၅၀၀၀ ဖြင့် ငှါးရမ်းနေပါတယ်။

အံ့သြစရာကောင်းတာက မင်္ဂလာပွဲတွေအတွက် သူ့ရဲ့ Nano-turn ရဟတ်ယာဉ်အတွက် ကြီးမားတဲ့ တောင်းဆိုမှုတစ်ခုရှိနေပြီး သူဟာ ဒီလိုလုပ်ရခြင်းရဲ့ ပထမဆုံးလူမဟုတ်ကြောင်းလည်း ဝန်ခံခဲ့ပါသေးတယ်။

ယခင်က Mithilesh Prasad အမည်ရှိအမျိုးသားက သူ့ရဲ့ ကလေးဘဝ အိမ်မက်ကို အကောင်အထည်ဖော်ရန် သူ့ Tata Nano ကို ရဟတ်ယာဉ်အဖြစ် ပြောင်းလဲခဲ့ဖူးပြီး အဆုံးသတ်ဖို့ ၇ လကြာခဲ့တဲ့ ၎င်းစီမံကိန်းအတွက် ရူပီး ၇ သိန်း ရင်းနှီးမြှပ်နှံခဲ့ပါတယ်။

Crd..Mia (Mckzone daily)

Leave a Reply

Your email address will not be published.