ရန်ကုန်တိုင်းရှိ မီးပွိုင့်များတွင် ဆိုလာစနစ်များ တပ်ဆင် အသုံးပြုသွားတော့မည်

ရန်ကုန်တိုင်းရှိ မီးပွိုင့်များတွင် ဆိုလာစနစ်များ တပ်ဆင် အသုံးပြုသွားတော့မည်

ရန်ကုန်မြို့လမ်းမတော်မြို့နယ် ပြည်လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့် ဘုန်းကြီးလမ်းစံပြမှတ်တိုင်အနီး ယာဉ်ထိန်းရဲကင်းရုံးအနီးထားရှိသော မီးပွိုင့်များတွင် solar power backup system များဖြင့် စတင်အသုံးပြုနေပြီ ဖြစ်ကြောင်း သိရပါတယ်။

Slar power backup system တွင် ဝပ်၂၁၀ဆိုလာနှစ်ချပ်၊ဝပ်၈၅၀ Hybrid UPS, 150 AH ဘက်ထရီအိုးအခြောက်များကို အသုံးပြုထားပြီး မီးလာတဲ့အခါ အားသွင်းနေမှာဖြစ်ပြီး၊ မီးပျက်သွားခဲ့ရင်တော့ ဆိုလာစနစ်ကိုအသုံးပြုမှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ မီးပွိုင့်များသည် မီးပျက်နေချိန်တွင် အလုပ်မလုပ်တော့သည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ပေါ်နေလျက်ရှိတာကြောင့် အဓိကလမ်းမကြီးများဆုံရာ မီးပွိုင့်များတွင် ဆိုလာစနစ်ကို တပ်ဆင်သွားမှာဖြစ်ကြောင်း သိရပါတယ်။
Crd..Carthadin Sone

Leave a Reply

Your email address will not be published.