ယူကရိမ်း နိုင်ငံ၏ တန်ဖိုးထားရာ ကမ္ဘာ့အကြီးဆုံး ကုန်တင်လေယာဉ် ကြီး ရုရှားစစ်လက်နက် ကြောင့် ပျက်စီးခဲ့

ယူကရိမ်း နိုင်ငံ၏ တန်ဖိုးထားရာ ကမ္ဘာ့အကြီးဆုံး ကုန်တင်လေယာဉ် ကြီး ရုရှားစစ်လက်နက် ကြောင့် ပျက်စီးခဲ့

ကမ္ဘာ့အကြီးဆုံး ကုန်တင်လေယာဉ် Antonov’s An-225 Mriya လေယာဉ်ကြီးဟာ ရုရှားလေကြောင်းတိုက်ခိုက်မှုတွေကြောင့် Kievမြို့တော်ရဲ့Hostomel ကုန်တင်လေဆိပ်တွင် မီးလောင်သွားကြောင်း သတင်းရင်းမြစ်များက ဖော်ပြခဲ့ပါတယ်။

ဒီလေယာဉ်ကို ယူကရိန်းလေယာဉ်ထုတ်သူလုပ်တွေရဲ့ အခြေစိုက်စခန်းတွင် ရပ်ထားခဲ့ခြင်းဖြစ်ပြီး ရုရှတပ်ဖွဲ့တွေက လေယာဉ်ကို မီးရှို့ဖျက်ဆီးလိုက်တာဖြစ်ကြောင်း ယူကရိန်းရေဒီယို Svoboda ရဲ့ ထုတ်လွှင့်သူနှစ်ဦးက ပြောကြားခဲ့ပြီးလေယာဉ်ကွင်းနှင့်နီးသော Kiev ၏ဆင်ခြေဖုံးရပ်ကွက် Bucha ၏ ရက်ကွက်အုပ်ချုပ်ရေးမှူးမှအတည်ပြုခဲ့ပါတယ်။

ATONOV Industry ကို သတင်းဌာနတွေရဲ့ စုံစမ်းမေးမြန်းမှုနဲ့ပတ်သက်လို့တော့ ပျက်စီးမှုအတိုင်းအတာကို အတည်မပြုပေးနိုင်သေးပဲ ကျွမ်းကျင်သူများရဲ့ စစ်ဆေးချက်ရမှသာအတိအကျထုတ်ပြန်နိုင်မယ်လို့သိရပါတယ်။

ဒီလေယာဉ်ကြီး ယူကရိန်းကုမ္ပဏီ Antonov ရဲ့ တစ်စီးတည်းသော အကြီးဆုံး ကုန်တင်လေယာဉ်ကြီး ဖြစ်ပြီး Social media ရဲ့ လေယာဉ်ချစ်သူများ Page မှာ လှပတဲ့ ရောင်စုံငှက်ကြီးလို့တင်စားခေါ်ဝေါ်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။ဒါနဲ့ပတ်သက်လို့ ဒီသတင်းဟာ လေကြောင်းအတတ်ပညာရပ်အပေါ် စိတ်ပါဝင်စားသူများအတွက် ဝမ်းနည်းဖွယ်သတင်းတစ်ရပ်အဖြစ် လူပြောများခဲ့ရပါတယ်။

၈၄ မီတာ အလျားရှိတဲ့ ဒီလေယာဉ်ကြီးဟာ ပြီခဲ့တဲ့သုံးပတ်အတွင်းက ပဲ Covid-19 test kit အခု နှစ်သန်းခွဲကို တောင်အမေရိကသို့ပို့ဆောင်ပေးခဲ့ပြီး ၂၀၂၀ ခုနှစ်ကဆိုလည်း ဆေးဘက်ဆိုင်ရာ ပစ္စည်းပေါင်းများစွာကို ကနေဒါ နိုင်ငံသို့ ပို့ဆောင်ပေးခဲ့ဘူးတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမထရီ ကူလီဘာကတော့ သူရဲ့ တွစ်တာ စာမျက်နှာမှာ ဝမ်းနည်းကြောင်းရေးသားခဲ့ပါတယ်။ သူက “ဒါဟာဆိုရင် ‘ယူကရိန်းနိုင်ငံရဲ့အိမ်မက်’လို့တင်စားခေါ်ဝေါ်တဲ့ အကြီးဆုံးလေယာဉ်ကြီးတစ်ခုဖြစ်ကြောင်းနဲ့

ဒီလေယာဉ်ကို ရုာရှတွေဖျက်စီးပစ်တယ်လို့ သတင်းရကြောင်း” ရေးသားခဲ့ပါတယ်။ဆက်လက်ပြီး သူက “ရုရှတွေ ဒါကိုဖျက်စီးလိုရနိုင်ပေမယ့် သူတို့ရဲ့အိမ်မက်ဖြစ်တဲ့ အင်အားတောင့်တင်းပြီးလွတ်လပ်တဲ့ ဥရောပ ဒီမိုကရင်တစ်နိုင်ငံတစ်ခုဖြစ်လာရေး အိမ်မက်ကိုတော့ဖြင့် ဘယ်တော့ မှ ဖျက်စီးလို့ရမယ်မဟုတ်ဘူးလို့ ထပ်လောင်းပြောဆိုခဲ့ပါသေးတယ်။

Source times of 🇮🇳
Crd..Famous.F

Leave a Reply

Your email address will not be published.