ယူကရိမ်းစစ်ပွဲ အတွင်း အသုံးပြုရန် နည်းပညာမြင့် စစ်လက်နက်များထောက်ပံ့ပေးသွားမည်ဟု ကနေဒါ အစိုးရ တာဝန်ရှိသူပြောကြား

ယူကရိမ်းစစ်ပွဲ အတွင်း အသုံးပြုရန် နည်းပညာမြင့် စစ်လက်နက်များထောက်ပံ့ပေးသွားမည်ဟု ကနေဒါ အစိုးရ တာဝန်ရှိသူပြောကြား

ကနေဒါနိုင်ငံဟာ ယူကရိန်းပြည်သူများနဲ့ နီးကပ်စွာ ရှိနေတဲ့အပြင် ဒီကာလအတွင်းမှာ လိုအပ်သော လက်နက်ခဲယမ်းမီးကျောက် များနဲ့ အခြား အကူအညီများစွာကို ပေးအပ်သွားမှာဖြစ်တယ်လို့ ကနေဒါ နိုင်ငံ အမျိုးသားကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့ဖော်ပြချက်တွေအရ ကနေဒါဟာ ယူကရိန်းထံသို့ မိုင်းဒဏ်ခံအင်္ကျီ အထည်-၁၆၀၀ တစ်ခါစား စစ်သုံး ရိက္ခာထုပ်-၃၉၀၀၀၀ ထုပ်ကာဂူးစတက် နောက်ပွင့်ရိုင်ဖယ်(84mm နောက်ပွင့်) အလက် ၁၀၀ နဲ့ ၎င်း ကျည် မျိုးစုံ ၂၀၀၀

ကျန် စစ်ဝတ် ပစ္စည်းများဖြစ်တဲ့ အရေအတွက် ဖော်ပြခြင်းမပြုသောဓါတ်ငွေကာ မျက်နှာဖုံးကျည်ကာအင်္ကျီ ကျည်ကာဦးထုပ်ညကြည့်မှန်ပြောင်း ကိရိယာ
စတဲ့ ပစ္စည်းများကိုလည်း ဒေါ်လာ ၂၅ သန်း ဖိုး ပို့ဆောင်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင်- ချပ်ဝတ်တန်ဆာပလာ၊ Machine Gun, ပစ္စတို , ကာဘိုင် သေနတ် နဲ့ ကျည်ဆံအတောင့်ရေ တစ်သန်းခွဲ ခန့်ကို လည်း C-130 J လေယာဉ်နှစ်စီးဖြင့် ပို့ဆောင်ပေးခဲ့တယ်လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

Crd..Famous.F

Leave a Reply

Your email address will not be published.