ယူကရိန်း စစ်ပွဲအတွင်း အမေရိကန် ဝင်ပါတာနဲ့ တတိယ ကမ္ဘာစစ် ဖြစ်ပြီလို့ ဂျိုး ဘိုင်ဒန် သတိပေးပြောကြား ( တတိယ ကမ္ဘာစစ်ကိစ္စ အမေရီကန် သမ္မတ နှုတ်ကထုတ်ပြောလာပြီဆိုတော့ကာ….)

ယူကရိန်း စစ်ပွဲအတွင်း အမေရိကန် ဝင်ပါတာနဲ့ တတိယ ကမ္ဘာစစ် ဖြစ်ပြီလို့ ဂျိုး ဘိုင်ဒန် သတိပေးပြောကြား ( တတိယ ကမ္ဘာစစ်ကိစ္စ အမေရီကန် သမ္မတ နှုတ်ကထုတ်ပြောလာပြီဆိုတော့ကာ….)

ယူကရိန်း မှာ ရုရှား ကို တိုက်ခိုက်ရေး အမေရိကန် ကစစ်ရေး အရ တိုက်ရိုက်ကြားဝင်ဖြေရှင်း မှာ မဟုတ်ကြောင်းအမေရိကန် သမ္မတ ဂျိုး ဘိုင်ဒန် ကအလေးအနက်ပြောကြားပါတယ်။

တကယ်လို့ ယူကရိန်း မှာ ရုရှား ကို တားဆီးရေး အမေရိကန် ကစစ်ရေး အရ ဝင်ပါမယ်ဆိုရင် တတိယ ကမ္ဘာစစ် ဖြစ်လာမယ့် သဘော ပဲ လို့ ဘိုင်ဒန် ကပြောကြားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်း အဝေး တစ်ရပ်အတွင်း ယူကရိန်း မှာ အမေရိကန်ဦးဆောင်တဲ့ ဇီဝလက်နက် စီမံကိန်း ရှိတယ် လို့ ရုရှား က အထောက်အထား မဖော်ပြဘဲစွပ်စွဲ ပါတယ်။

အဲဒီလိုပြောဆိုတာဟာ ယူကရိန်း ကိုကျူးကျော်တိုက်ခိုက်မှုအတွက် လိမ်ညာ စွပ်စွဲပြီး အကြေင်း ပြတာ ဖြစ်တယ်လို့ အမေရိကန် ကတုန့်ပြန်ပါတယ်။

ရုရှား စွပ်စွဲ သလို ယူကရိန်း မှာ ဇီဝလက်နက် စီမံကိန်း မရှိဘူး လို့ ကုလသမဂ လက်နက်ဖြုတ်သိမ်းရေး အကြီးအကဲ အီဇူမီ နာကာ မီဆု ကပြောကြားပါတယ်။ ရုရှား ရဲ့ကျူးကျော်တိုက်ခိုက်မှုမှာ လာမယ့်နာရီပိုင်း အတွင်း ဘီလာရုစ် ပါဝင်လာနိုင်တယ် လို့ ယူကရိန်း ကပြောကြား ပါတယ်။

ရုရှား ကအရှိန် မြှင့်တိုက်ခိုက်နေပြီး ယူကရိန်း မြို့အချို့ကိုသိမ်းထားနိုင်ပေမယ့် ယူကရိန်း ဟာအောင်ပွဲရမယ့်လမ်းကြောင်းပေါ်မှာရှိနေတယ်လို့ သမ္မတ ဇီလန်စကီး ကပြောကြားပါတယ်။
crd-myanmaplatform

Leave a Reply

Your email address will not be published.