ယူကရိန်းပြည်သူတွေ အစိုးရ ခွင့်ပြုချက်ဖြင့် တရားဝင်လက်နက်အရောင်းဆိုင်တွေမှာ တိုးကြိတ်ပြီး လက်နက်များ ဝယ်ယူနေကြပါပြီ

ယူကရိန်းပြည်သူတွေ အစိုးရ ခွင့်ပြုချက်ဖြင့် တရားဝင်လက်နက်အရောင်းဆိုင်တွေမှာ တိုးကြိတ်ပြီး လက်နက်များ ဝယ်ယူနေကြပါပြီ

ယူကရိန်းမြို့တော် Kyiv မှာ ဒီရက်ပိုင်းအတွင်း လူတွေလက်နက်ကိုတန်းစီဝယ်ယူနေကြပါတယ်။မနေ့က တရားဝင်လက်နက်အရောင်းဆိုင်ရှေ့မှာ လူတန်းရှည်ကြီးကို တွေ့ရပါတယ်။

နိုင်ငံအရေးပေါ်လုံခြုံရေးအရ ရုရှားရဲ့စစ်ရေးကျူးကျော်မှုနီးကပ်နေချိန်မှာ ပါလီမန်က လက်နက်ကိုင်ဆောင်ခွင့် ဥပဒေကြမ်းကို အတည်ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ယူကရိန်း ပြည်သူတွေဟာ စနိုက်ပါတွေ၊ သေနတ်အတိုအရှည်တွေကို တန်းစီ ဝယ်ယူနေကြတာပဲဖြစ်ပါတယ်။

မနေ့က လက်နက်ဆိုင်တွေမှာ Armite AR-10 နဲ့ AR-15 နေတိုးရိုင်ဖယ်တွေ ကုန်သွားတယ်လို့ဆိုပါတယ်။ယူကရိန်းမှာ လူ (၄) သိန်းလောက်က စစ်ရေးအတွေ့အကြုံရှိပါတယ်။

တစ်ချို့လူငယ်တွေဟာ တစ်ယောက်တည်းမဝယ်နိုင်ရင် သူငယ်ချင်းတွေငွေစုထည့်ပြီး ရိုင်ဖယ်ကောင်းကောင်းနဲ့ ကျည်ဆန်ကိုဝယ်ကြတယ်လို့ ဆိုပါတယ်။ယူကရိန်းစစ်သတင်းထောက် Illia Ponomarenko ရဲ့အဆိုအရ ယူကရိန်းမှာ တရားဝင်သေနတ်ကိုင်သူ ၇ သိန်းရှိပြီး ဖေဖော်ဝါရီလထဲမှာတင် သေနတ် ၁၀၀၀၀ ကို မှတ်ပုံတင်ခဲ့တယ်လို့ ဆိုပါတယ်။
Crd..Richard Myo Thant

Leave a Reply

Your email address will not be published.