ယူကရိန်းအခြေစိုက် ဘောလုံးအသင်း Dynamo Kiev ရဲ့ စစ်ယူနီဖောင်းဝတ်ဆင်ထားကာ စစ်ပွဲတွင်ပါဝင်တော့မယ် ဆိုတဲ့ ဓာတ်ပုံအတု ပျံ့နှံ့နေ

ယူကရိန်းအခြေစိုက် ဘောလုံးအသင်း Dynamo Kiev ရဲ့ စစ်ယူနီဖောင်းဝတ်ဆင်ထားကာ စစ်ပွဲတွင်ပါဝင်တော့မယ် ဆိုတဲ့ ဓာတ်ပုံအတု ပျံ့နှံ့နေ

စစ်ယူနီဖောင်းဝတ်ထားတဲ့ Dynamo Kiev ပရိသတ်များရဲ့ ဓာတ်ပုံ တစ်ပုံ ဟာ အင်တာနက်ပေါ်တွင် ပျံ့နှံ့နေပြီး သတင်းထောက်များစွာက FC Dynamo Kiev ယူကရိန်းစစ်တပ်တွင် ပါဝင်လာမည်ဆိုသော သတင်းစကားမှာ ယင်းကလပ်ရဲ့ ကစားသမားများအကြောင်း မဟုတ်ကြောင်း ရေးသားဖော်ထုတ်ခဲ့ပါတယ်။

ဒီအသင်းမှာ ယူကရိန်းကစားသမား (၁၄) ယောက်အပြင် ဘရာဇီးလ်၊ ဘီလာရု၊ ဥရုဂွေး၊ စလိုဗေးနီးယန်းနဲ့ ပိုလန် အစရှိတဲ့ နိုင်ငံသားများ စုံလင်စွာပါဝင်ကြပေမယ့် ထူးဆန်းတာတစ်ခုကတော့ အသင်းထဲမှာ ရုရှားနိုင်ငံသား လုံးဝ မပါရှိတာပဲ ဖြစ်ပါတယ်။ လက်ရှိပျံ့နှံ့နေတဲ့ ပုံဟာ အသင်း ရဲ့ ကစားသမားများဖြစ်ကြောင်း ကနဦးသတင်းများထွက်ပေါ်ခဲ့သော်လည်း မကြာမီမှာပဲ ၎င်းတို့ဟာ ပရိသတ်များရဲ့ပုံ ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

သတင်းအချက်အလက် အတုအနေနဲ့ ဖန်တီးထားတာဖြစ်ပြီး လူမှုကွန်ရက်များမှာလည်း ဤကလပ်ရဲ့ ကစားသမားများအတွက် ပံ့ပိုးပေးမယ်လို့ဆိုလာတဲ့ စာများဖြင့် ပြည့်လျှံနေတဲ့အတွက် ၎င်း ပုံ ဟာ ဒီ အသင်း ရဲ့ ပရိသတ်များဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

Photo Credit From Original Uploader
Crd..mmload

Leave a Reply

Your email address will not be published.