ယူကရိန်းသမ္မတ Zelenskyy ကအမေရိကန်🇺🇸ထံမှ အနားယူတော့မည့် A-10 Thunderbolt II တိုက်လေယာဉ်များကိုကူညီပေးရန် တောင်းဆို

ယူကရိန်းသမ္မတ Zelenskyy ကအမေရိကန်🇺🇸ထံမှ အနားယူတော့မည့် A-10 Thunderbolt II တိုက်လေယာဉ်များကိုကူညီပေးရန် တောင်းဆို

ယူကရိန်းသမ္မတ Zelenskyy က နေတိုးတို့ကို လေကြောင်းပစ်ကူတောင်းခံထားရာ ငြင်းပယ်ခံရတာကြောင့် အမေရိကန်🇺🇸ထံမှ အနားယူတော့မည့် A-10 Thunderbolt II တိုက်လေယာဉ် (၃)အုပ်ကို ယူကရိန်း🇺🇦လေတပ်သို့လွှဲပြောင်းပေးရန် တောင်းဆိုထားကြောင်းဆိုပါတယ်။

မြေပြင်ပစ်ကူပေးရာ၌ နတ်ဘုရားကြီးတစ်ပါးဖြစ်ခဲ့သည့် A-10 Thunderbolt II တိုက်လေယာဉ်များဟာ သက်တမ်း နှစ် (၃၀)နီးပါးရှိပြီဖြစ်တာကြောင့် အမေရိကန်မှ အနားပေးဖို့ပြင်ဆင်လာပြီး ၎င်းနေရာတွင် F-35 များနှင့်အစားထိုးလာမှာဖြစ်ပါတယ်။

A-10 တွင် အသုံးပြုသည့် ပင်မလက်နက်မှာ သာမန်ကားတစ်စီးထက်ပင် အရွယ်အစားကြီးမားလှသည့် 30×173mm ကျည်သုံး ပြောင်း (၇)ခုပါသည့် GAU-8 Avenger စက်သေနတ်ကြီးဖြစ်ပြီး အများဆုံးတစ်မိနစ်ကို ကျည်အတောင့်ရေ 3900 နှုန်းပစ်နိုင်ကာ

အကွာအဝေး 1220မီတာ (ပေ 4000) ရှိ မြေပြင်ပစ်မှတ်များကိုတိတိကျကျ ချေမှုန်းနိုင်တာကြောင့် ‌ရန်သူ့မြေပြင်တပ်ဖွဲ့များအတွက် အိပ်မက်ဆိုးတစ်ခုဖြစ်စေခဲ့ပါတယ်။

A-10 ဟာ ထိုစက်သေနတ်ကြီးကိုသုံး၍ အမြင့် ပေ (၄၀၀၀)မှနေ၍ ပစ်ခတ်ပါက မြေပြင်ပတ်ပတ်လည် ပေ (၄၀)အတွင်းရှိ ရန်သူ့ထရန့်ကားများ၊သံချပ်ကာများ၊ ဘန်ကာများဟာ စုတ်ပြတ်သွားမည်ဖြစ်ပြီး ထိခိုက်သည့်စစ်သည်အတွက်ဆို ကြည့်ရှု၍တောင်ကောင်းမှာမဟုတ်တော့သည့်အထိတောင် ပြင်းထန်လွန်းပါတယ်။
အချို့သောသူများကမူ A-10ဟာ စက်သေနတ်ကို ဂျက်အင်ဂျင်နှင့် အတောင်ပံများတပ်ပေးထားသည်ဟုဆိုကြပါတယ်။

ထို့အပြင် ‌တိုက်လေယာဉ်၌ လက်နက်တပ်ဆင်ရန် နေရာ (11)ခုပါရှိပြီး ကိုယ်ထည်အောက်တွင် (၃)နေရာနှင့် အတောင်ပံ (၂)ဖက်အောက်တွင် (4)နေရာစီပါရှိကြပါတယ်။

၎င်းနေရာများ၌
1. 70mm Hydra 70 ‌မြေပြင်ပစ်ဒုံးများ
2. AGM-65 Maverick တိကျသည့် ဝေဟင်မှ မြေပြင်ပစ်ပဲ့ထိန်းဒုံးများ
3. Mk80 , Mk 77 bomb, Cluster ဗုံးများ
4. Paveway တိကျပဲ့ထိန်းဗုံးများ နှင့်
5. JDAM ဗုံးများ တပ်ဆင်နိုင်ပါတယ်။

ဝေဟင်မှဝေဟင်တန်ပြန်ရေးအတွက် AIM-9 Sidewinder တာတိုဝေဟင်မှဝေဟင်ပစ်ဒုံး (၂)စင်းတပ်ဆင်ကာစစ်ဆင်နိုင်ပါတယ်။
တစ်မိနစ်ကို ပေါင် 9065တွန်းအားရှိသည့်

General Electric ကုမ္ပဏီထုတ် TF34-GE-100A အင်ဂျင် (၂)လုံးကိုတပ်ဆင်ထားပြီး တစ်နာရီကိုအမြန်ဆုံး 706km အထိအရှိန်တင်ပျံသန်းနိုင်ပြီး သာမန်တိုက်လေယာဉ်တစ်စီးလိုတော့ အချိုးအကွေ့မြန်မြန်ဆန်ဆန်မလုပ်နိုင်သော်လည်း အကွာအဝေး 400km အထိ ‌အနီးကပ်မြေပြင်ပစ်ကူပေးမှုများလုပ်နိုင်ပါတယ်။

အတွင်းဆီတိုင်ကီ၌ လေယာဉ်‌ဆီ ပေါင် (11000)အထိထည့်နိုင်သည့် A-10ဟာ စစ်ဆင်အရေးအတွက် လိုအပ်ပါက ဂါလံ 600ဆံ့သည့် အပိုဆီတိုင်ကီ (၂)လုံးချိတ်ဆွဲနိုင်ရုံသာမက ဝေဟင်ပေါ်တွင်ပါ တိုက်ရိုက်ဆီဖြည့်နိုင်စွမ်းလည်းရှိကြပါတယ်။
အမေရိကန်🇺🇸မှ ယူကရိန်း🇺🇦၏တောင်းဆိုမှုကို လိုက်လျောခြင်းရှိမရှိတော့ ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
Crd..MilitaryReviewer

Leave a Reply

Your email address will not be published.