ယူကရိန်းထုတ် BTR-4E ကုန်/ရေနှစ်သွယ်သွား သံချပ်ကာလူသယ်ယာဉ်အကြောင်း

ယူကရိန်းထုတ် BTR-4E ကုန်/ရေနှစ်သွယ်သွား သံချပ်ကာလူသယ်ယာဉ်အကြောင်း

၈ ဘီယက် ကုန်/ရေနှစ်သွယ် သွား BTR-4E သံချပ်ကာလူသယ်ယာဉ်ကို ယူကရိန်းကာ ကွယ်ရေးဝန်ကြီးဌာနပိုင် Khariv Morozov စက်ယန္တရား ဒီဇိုင်းရေးဆွဲတည်ဆောက်ရေးဗျူရိုက ဒီဇိုင်းဆွဲ တည်ဆောက်ထားတာဖြစ်ပါတယ်။ဒီဇိုင်းပိုင်းမှာ BTR-3 သံချပ်ကာ လူသယ်ယာဉ်နဲ့ သိသိသာသာ ကွာခြားပါတယ်။ BTR-4 ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံမှာ BTR-3 လို အမြောက်တင် ဆုံလည်ကို အရှေ့ ဆုံးမှာမထားဘဲ အလယ်မှာ ရွှေ့ပြောင်းတပ်ဆင် တည်ဆောက်ထားပါတယ်။

BTR-4 ဟာ အလျား ၇ ဒသမ ၇၆ မီတာ၊ အနံ ၂ ဒသမ ၉၃ မီတာ၊ အမြင့် ၃ ဒသမ ၀၂ မီတာရှိပါတယ်။ အဲဒီ BTR-4Eရဲ့အလေးချိန်မှာ သာမန်အတိုင်းဆိုပါက ၁၇ ဒသမ ၅ တန်ကျော်လေးပြီး နောက်ထပ်အပိုသံချပ်ကာတွေ တပ်ဆင်မယ်ဆိုရင် ၂၅ တန်ကျော် လေးပါတယ်။

သံချပ်ကာယာဉ်ရဲ့ အရှေ့ဘက်မှာ ၁၀ မီလီမီတာထူတဲ့ သံချပ်ကာကိုတပ်ဆင်ထားပြီး ကျန်တဲ့ဘက် မှာ ၉ မီလီမီတာထူတဲ့ သံချပ်ကာကို တပ်ဆင်ထားပါတယ်။ သံချပ်ကာတွေဟာ ပုခုံးထမ်းဒုံးတိုက်ခိုက်မှုနဲ့ ၈ ကီလိုဂရမ်ရှိတဲ့ TNT ပေါက်ကွဲမှုဒဏ်ခံနိုင်ပြီး လိုအပ်ပါက နောက်ထပ်အပိုသံချပ်ကာကို ထပ်ပြီးတပ်ဆင်နိုင်ပါသေးတယ်။
သံချပ်ကာယာဉ်မှာ ယာဉ်မောင်း ၁ ဦး၊ အမိန့်ပေးသူ ၁ ဦးနှင့် သေနတ်ပစ်သူ ၁ ဦး စတဲ့ယာဉ်အဖွဲ့သား ၃ ဦးအပြင် နောက်ထပ်ခြေလျင်စစ်သည် ၈ ဦးကို ထပ်မံတင်ဆောင်ကာ စစ်ဆင်ရေးပြုလုပ်နိုင်ပါတယ်။

ယာဉ်မောင်းသူနဲ့ အမိန့်ပေးသူ ဘေးမှာ တံခါး ၂ ပေါက်၊ အမြောက်ဆုံလည်ရှေ့မှာ တံခါး ၂ ပေါက်နဲ့ ယာဉ်ရဲ့နောက်ဆုံးကျောဘက်မှာ တံခါး ၂ ပေါက် စုစုပေါင်း တံခါး ၆ ပေါက်တပ်ဆင်ထားပါတယ်။
မြင်းကောင်ရေ ၅၀၀ ကျော်အားရှိတဲ့ 3TD ဒီဇယ်အင်ဂျင်ကို တပ်ဆင်ထားပြီး လမ်းချောမှာ တစ်နာရီကို အမြန်ဆုံး ၁၁၀ ကီလိုမီတာနှုန်းနဲ့ မောင်းနှင်နိုင်ကာ ရေထဲမှာ တစ်နာရီ ၁၀ ကီလိုမီတာနှုန်း သွားနိုင်ပါတယ်။ ဘီးယက်စနစ်ကြောင့်လဲ လမ်းကြမ်းမှာကောင်းကောင်း လှုပ်ရှားနိုင်ပါတယ်။

BTR-4E သံချပ်ကာလူသယ်ယာဉ်မှာ ယူကရိန်းထုတ် ကျည်ကာဘီး ၈ လုံးကို တပ်ဆင်ထားပါတယ်။ သံချပ်ကာယာဉ်ဟာ ၆ဝ ဒီဂရီရှိတဲ့ ဆင်ခြေလျှော၊ ၂၅ ဒီဂရီရှိတဲ့ ဒေါင်လိုက်လျှောနဲ့ သုည ဒသမ ၈ မီတာမြင့်တဲ့ ဒေါင်လိုက်အတားအဆီးတွေကို ဖြတ်ကျော်နိုင်စွမ်းရှိပါတယ်။

သံချပ်ကာယာဉ်တွေမှာ နေ့ဘက်၊ ညဘက်လမ်းကြောင်း ပြစနစ်၊ ရန်သူထောက်လှမ်းရေးစနစ်တွေ ၊လေဆာသုံး ပစ်မှတ်လမ်းညွှန်စနစ်တွေအပြင် အခြားသော အဆင့်မြင့်စနစ်တွေကို တပ်ဆင်ထားပါတယ်။

ပင်မလက်နက်အနေနဲ့ မြေပြင်၊‌ ရေပြင် နှင့် အနိမ့်ပျံ လေကြောင်းပစ်မှတ်တွေကို ချေမှုန်းနိုင်တဲ့ ၃၀ မီလီမီတာကျည်သုံး ZTM-1 စက်အမြောက်ကြီး ကိုတပ်ဆင်ထားပြီး
တစ်မိနစ်ကို ကျည်တောင့် ရေ ၃၃၀ နှုန်းနှင့် ၂ ကီလိုမီတာအထိ တိကျစွာပစ် ခတ်နိုင်ပြီး ပေါက်ကွဲအားပြင်းမီးကျည်နဲ့ပစ် ပါ ၄ ကီလိုမီတာအထိ တိကျစွာပစ်ခတ် | နိုင်ပါတယ်။

အရန်လက်နက် အနေနဲ့ ၇.၆၂ မီလီမီတာ ကျည်သုံး PKT စက်သ နတ်ကို ပင်မလက်နက်ရဲ့ ဘယ်ဘက်ခြမ်းမှာ တပ်ဆင်ထားပါတယ်။၂ကီလိုမီတာအထိ တိကျစွာပစ်နိုင်ပြီး တစ်မိနစ်ကို ကျည် အကောင်ရေ ၇၀၀ ကနေ ၈၀၀ ကြားပစ်နိုင်ကာ ကျည်အ‌တောင့် ရေ ၂၅၀၀ တောင့်ပါ ပါတယ်။

စက်သေနတ်ရဲ့ဘယ်ဘက်ခြမ်းမှာ ၃ဝ မီလီမီတာ AGS-17 ဗုံးလောင်ချားကို တပ်ဆင်ထားပါ တယ်။ဗုံးပစ် လောင်ချာဟာ ၃၀ မီလီမီတာ ဗုံးသီးတွေကို မီဟာ ၈၀၀ ကနေ ၁၇၀၀ မီတာအထိ ပစ်နိုင်ပြီး တစ်မိနစ်ကို ဗုံးသီး၄၀၀ ပစ်နိုင်ပါတယ်။

အမြောက်ဆုံလည်ရဲ့ ဘယ်ဘက်ခြမ်းမှာ 9M133M ပဲ့ထိန်း ဒုံးကျည်ထည့်သွင်းပစ်ခတ်ရတဲ့ 9P135M Konkurs တင့်ဖျက် ဒုံးပစ်လောင်ချာ ၂ ခုကို တပ်ဆင်ထားပါတယ်။

အဲဒီကျည်တွေဟာ တစ်စက္ကန့်ကို ၂၈၀ မီတာနှုန်း နဲ့ ၄ ကီလိုမီတာအထိရောက်နိုင်ပြီး ၈၀၀ မီလီမီတာအထူရှိတဲ့ သံချပ်ကာကို ဖောက်ထွင်းနိုင်ပါတယ်။

ဒါ့အပြင် ပင်မလက်နက်ဘေးတစ်ဖက်တစ်ချက်စီမှာ ၈၁ မီလီမီတာ မီးခိုးဗုံးပစ်လောင်ချာ ၃ ခုစီတပ်ဆင်ထားပါတယ်။ BTR-4E သံချပ်ကာလူသယ်ယာဉ်မှာတပ်ဆင်ထားတဲ့ BM 7 အမြောက်ကြီးဟာ ၃၆၀ ဒီဂရီလှည့်နိုင်ပါတယ်။

BTR-4E တစ်စီးကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ သန်းတန်ကြေးရှိပြီး မူရင်းထုတ်လုပ်တဲ့ ယူကရိန်းနိုင်ငံအပြင် အီရတ်၊ အင်ဒိုနီးရှားနဲ့ နိုင်ဂျီးရီးယား စတဲ့နိုင်ငံတွေမှာ အသုံးပြုနေကြပါတယ်။
ခရက်ဒစ်..ဖိုးလပြည့်(ဧရာဝတီ)

Leave a Reply

Your email address will not be published.