မီတာခ သက်သာအောင်ပြုလုပ်ရမည့်နည်းလမ်း ( ခလုတ်ပိတ်ထားပေမယ့်ပလပ်ဖြုတ်မထားလျှင်လျှပ်စစ်ဓာတ်ကိုဆွဲယူသုံးစွဲနေပြီးမီတာတက်နေသောပစ္စည်းများ )

မီတာခ သက်သာအောင်ပြုလုပ်ရမည့်နည်းလမ်း ( ခလုတ်ပိတ်ထားပေမယ့်ပလပ်ဖြုတ်မထားလျှင်လျှပ်စစ်ဓာတ်ကိုဆွဲယူသုံးစွဲနေပြီးမီတာတက်နေသောပစ္စည်းများ )

ခလုတ်ပိတ်ထားပေမယ့်ပလပ်ဖြုတ်မထားလျှင်လျှပ်စစ်ဓာတ်ကိုဆွဲယူသုံးစွဲနေပြီးမီတာတက်နေသောပစ္စည်းများပြည်သူတွေကလည်းလျှပ်စစ်မီးကို လျော့သုံးဖို့ကြိုးစားနေကြမှာပါဒါကြောင့် မသုံးစွဲပဲ ပိတ်ထားပေမယ့်လည်းလျှပ်စစ်အားကို

စွဲယူသုံးနေတဲ့လျှပ်စစ်ပစ္စည်းများအကြောင်းကို ပြောပြချင်ပါတယ်၁။ဖုန်း Chargerလူတွေတော်တော်များများကဖုန်းအားသွင်းတဲ့ခလုတ်Chargerကိုဖုန်းနဲ့မသွင်းထားရင်တောင်ပလပ်ပေါက်နဲ့ဒီအတိုင်းတပ်ထားလေ့ရှိပါတယ်

အဲ့လိုထားရင်ဖုန်းအားမသွင်းပဲနဲ့တောင် တစ်နေ့လုံးကို1.2 W လောက်ကုန်နေပါလိမ့်မယ်ဒါကြောင့်ဖုန်းအားသွင်းပြီးရင်chargerပါဖြုတ်ထားပါ၂။TV Tunerတီဗီရဲ့Channelလိုင်းလေးတွေကိုရှာပေးတဲ့ Digital TV Tuner

လေးတွေကိုတီဗီပဲပိတ်ပြီးTunerကိုမပိတ်ပဲထားမိရင်တစ်နေ့ကို22Wကုန်နေပါလိမ့်မယ်။ တော်တော်များများကတီဗီပိတ်ရုံနဲ့ပဲလုံလောက်ပြီလို့ထင်နေကြတတ်ပါတယ်၃။တီဗီ(TV)တီဗီကိုခလုတ်လုံးဝပိတ်လိုက်တာမဟုတ်ပဲ

Standby Modeပဲထားရင်လည်းတစ်နေ့ကိုလျှပ်စစ်မီး24Wလောက်ကုန်နေပါလိမ့်မယ်၄။ကွန်ပျုတာကွန်ပျုတာတို့Laptopတို့ကိုပိတ်ရုံဘဲပိတ်ပြီးပလပ်တွေမဖြုတ်ထားပါကတစ်နေ့ကို96W လောက်ကုန်နေပါလိမ့်မယ်

အကယ်၍ Standby Modeတို့Sleep Modeတို့ထားပြီးပလပ်ကို မဖြုတ်ထားရင်ဒီထက်၁ဆခွဲလောက်ကုန်ပါလိမ့်မယ်။၅။Timerပါတဲ့အိမ်သုံးစက်ပစ္စည်းTimerပါတဲ့အိမ်သုံးစက်ပစ္စည်းတွေ ဖြစ်တဲ့ Ovenတို့ကိုပလပ်ကြိုး

မဖြုတ်ထားပါကတစ်နေ့ကို108 W လောက်ကုန် နေပါလိမ့်မယ်တတ်နိုင်ရင်ကိုယ်မသုံးသေးဘူးဆိုရင်လျှပ်စစ်ပစ္စည်းတွေရဲ့ပလပ်ကြိုးတွေကိုဖြုတ်ထားပါခလုတ်ပိတ်ထားရင်တောင်မှသူတို့ကလျှပ်စစ်ပါဝါကိုဆွဲနေတတ်ပါတယ်

ဒါကြောင့်အိမ်မှာဘယ်သူမှမရှိတဲ့အချိန်ဝါယာရှော့တွေမဖြစ်အောင်လည်းပလပ်ကြိုးတွေကိုဆွဲဖြုတ်ထားဖို့လိုပါတယ်သူ့အလိုလိုအလဟဿသ ဖြစ်နေတဲ့လျှပ်စစ်မီးတွေကတစ်ခုချင်းစီဆိုရင်နည်းတယ်လို့ထင်ရပေမယ့်လျှပ်စစ်ပစ္စည်း

အများကြီးကိုရက်ပေါင်းများစွာ၊လပေါင်းများစွာစုလိုက်ရင်အနည်းဆုံး ကိုယ့်ပိုက်ဆံ သောင်းဂဏန်းသိန်းဂဏန်း လောက်ကအလဟဿ ဖြစ်နေမှာဖြစ်ပါတယ်။မေ့တ္တာဖြင့်မျှဝေလိုက်ပါတယ်နော်
Crd..Nyein Zaw Aye

Leave a Reply

Your email address will not be published.