ဘင်္ဂလားဒေ့ရှ်စစ်တပ်၏ လေတပ်စွမ်းရည်မြှင့် တင်မှုတွင် MRCA တိုက်လေယာဉ်များဝယ်ယူမှု နှင့်တိုက်ခိုက်ရေးရဟတ်ကြီးများ ဝယ်ယူရေး ပါဝင်

ဘင်္ဂလားဒေ့ရှ်စစ်တပ်၏ လေတပ်စွမ်းရည်မြှင့် တင်မှုတွင် MRCA တိုက်လေယာဉ်များဝယ်ယူမှု နှင့်တိုက်ခိုက်ရေးရဟတ်ကြီးများ ဝယ်ယူရေး ပါဝင်

ဘင်္ဂလားဒေ့ရှ်စစ်တပ်၏ Forces Goal-2030 အရ လေတပ်စွမ်းရည်မြှင့်တင်ရန်မှာ အဓိက အခန်း ကဏ္ဍမှ ပါဝင်လျှက်ရှိသည်။ လေတပ်စွမ်းရည်မြှင့် တင်မှုတွင် MRCA တိုက်လေယာဉ်များဝယ်ယူမှု အပြင် တိုက်ခိုက်ရေးရဟတ်ကြီးများ ဝယ်ယူရေးပါ ပါဝင်လျှက်ရှိသည်။

ဘင်္ဂလားဒေ့ရှ်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ်စစ်စစ်မရှိဘဲ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ကို rocket pod တပ်ဆပ်ထားသော Mi-171Sh ဘက်စုံသုံးရဟတ်ယာဉ်ကို အသုံးပြုလျှက်ရှိသည်။

ဘင်္ဂလားဒေ့ရှ်လေတပ်အတွက် တိုက်ခိုက်ရေးရဟတ်ယာဉ် ၈ စင်း ဝယ်ယူရန် အတည်ပြုပေး လိုက်ပြီးနောက် တိုက်ခိုက်ရေးရဟတ်ယာဉ်စစ်စစ် ပိုင်ဆိုင်ရေးအိမ်မက်သည် ပျက်ပြယ်သွားပြီဖြစ် သည်။

ပထမဦးစွာ တရုတ်ထုတ် Z-10 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို ဝယ်ယူရန် လျာထားသော်လည်း ရုရှားထုတ် Mi-28N ၏ export version ဖြစ် သော Mi-28NE ၈ စင်း ဝယ်ယူရန် အတည်ပြုပြီး ဖြစ်သည်။

Mi-28 တိုက်ခိုက်ရေးရဟတ်ယာဉ်များသည် ညအချိန်တိုက်ခိုက်မှုကောင်းမွန်သဖြင့် ညမုဆိုး (Night Hunter)ဟု တင်စားထားသည်။ ရဟတ် ယာဉ်တွင်တပ်ဆင်ထားသော ပန်ကာဒလက်များ (rotor blades)မှာ ၃၀ မမ စက်အမြောက်ကျည်၏ ပစ်ခတ်မှုကိုပင် ခံနိုင်ရည်ရှိသည်။

Mi-28NE အနေ ဖြင့် အအေးပိုင်းရာသီဥတုတွင်သာမက အပူပိုင်း ရာသီဥတုတွင်ပါ စစ်ဆင်ရေးတာဝန်များကို အပြည့် အ၀ ထမ်းဆောင်နိုင်သည်။Mi-28NE တွင် စွမ်းအားမြင့်မားသည့် အင်ဂျင် ၂ လုံးတပ်ဆင်ထားသဖြင့် အင်ဂျင် ၁ လုံး ချို့ယွင်း သည့်အချိန်တွင် ကျန် ၁ လုံးဖြင့် ဆက်လက်ပျံသန်း ကာ အသက်ရှင်ရပ်တည်မှုကို ပေးစွမ်းနိုင်မည်ဖြစ် သည်။

Mi-28NE တွင် တပ်ဆင်ထားသော ၃၀ မမ စက်အမြောက်၏ လှည့်ပတ်ပစ်ခတ်နိုင်မှုမှာ ၁၈၀ ဒီဂရီနီးပါးရှိသည်။ ပြတင်းတံခါးများမှာ သံချပ်ကာ ဖြစ်သော်လည်း လေယာဉ်မှူးအခန်းကိုမူ အား ကောင်းလှသည့် ကြွေထည်သံချပ်ကာဖြင့် အကာကွယ်ပေးထားသည်။

Mi-28NE တွင် ပင်မ လက်နက်အနေဖြင့် ပဲ့ထိန်းတင့်ဖျက်ဒုံးကျည်ဖြစ် သော်လည်း ၅၀၀ ကီလိုဂရမ်ရှိသော ဗုံးများ၊ ပဲ့ထိန်းမဲ့ရော့ကတ်များအပြင် ၃၀ မမ စက်အမြောက်ကို အားပြုအသုံးပြုမည်ဆိုပါက ၃၀ မမ စက်အမြောက် ကျည်သေတ္တာများ တပ်ဆင်ထားမည် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးက ကျုပ် တို့ကို လေပါဘဲလို့ ပြောထားသူတွေ Forces Goal- 2030 သက်တမ်းက မကုန်သေးပါဘူး၊ အခုဆို အနောက်နိုင်ငံလုပ် မြေပြင်အခြေစိုက်ရေဒါကြီးနဲ့ တစ်နိုင်ငံလုံးဝေဟင်ပိုင်နက်ကို အားကောင်းကောင်းနဲ့လွှမ်းခြုံထားပြီလေ Forces Goal-2030 ရောက် ရင်တော့ ခင်ဗျားတို့ ကျုပ်တို့နောက်က ကျန်ခဲ့ပါပြီ လို့ ကြွေးကြော်ထားပါတယ်။
မှီငြမ်း – အင်တာနက်
Crd..Kokolinoo
GoldenEagle

Leave a Reply

Your email address will not be published.