ပူတင်နှင့် တစ်ဦးချင်းတွေ့ဆုံဆွေးနွေးဖို့ စိန်ခေါ်လိုက်တဲ့ ယူကရိန်းသမ္မတ

ပူတင်နှင့် တစ်ဦးချင်းတွေ့ဆုံဆွေးနွေးဖို့ စိန်ခေါ်လိုက်တဲ့ ယူကရိန်းသမ္မတ

ယူကရိန်းသမ္မတ ဇယ်လန်စကီးက ရုရှားသမ္မတပူတင်နဲ့ တစ်ဦးချင်းတွေ့ဆုံဆွေးနွေးဖို့ စိန်ခေါ်လိုက်ပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုကို ခုခံနေရတဲ့ ယူကရိန်းနိုင်ငံအတွက် ပိုမိုအားကောင်းတဲ့စစ်ရေးအကူအညီတွေပေးဖို့ အနောက်နိုင်ငံတွေကို တိုက်တွန်းနေစဉ်မှာပဲ သမ္မတဇယ်လန်စကီးက အခုလိုပြောခဲ့တာပါ။

ရုရှားသမ္မတပူတင်က ရုရှားအရာရှိတွေ၊ နိုင်ငံရပ်ခြားခေါင်းဆောင်တွေနဲ့ အစောပိုင်းဆွေးနွေးပွဲတွေတုန်းက စာပွဲရှည်ကြီး အသုံးပြုပြီး ခပ်ခပ်ဝေးမှာထိုင်ခဲ့တာကို ရည်ညွှန်းပြီး ယူကရိန်းသမ္မတဇယ်လန်စကီးက

“ (၃၀)မီတာအကွာကနေ မဟုတ် ပဲ ကျွန်တော်နဲ့ထိပ်တိုက်တွေ့ပြီး ညှိနှိုင်းဆွေးနွေးရအောင်ပါ။ ကျွန်တော်ကိုက်မစားပါဘူး။ ခင်များ ဘာကြောက်နေတာ လဲ” ဆိုပြီးတော့ စိန်ခေါ်ခဲ့တာပါ။

ရုရှား နဲ့ ယူကရိန်းကကြား နောက်ထပ်ညှိနှိုင်ဆွေးနွေးပွဲတွေလုပ်ဖို့ အလားအလာကောင်းပုံမရပေမယ့် ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်ပြီး ဒီလိုဆွေးနွေးမှုတစ်ခုတည်း နည်းလမ်းကသာ စစ်ကိုရပ်နိုင်မှာဖြစ်တယ်လို့လည်း ဇယ်လန်စကီး ကပြော ကြားခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာ့နိုင်ငံတွေဘက်က ယူကရိန်းကို လက်နက်ထောက်ပံ့မှုနှေးကွေးနေကြောင်းနဲ့ ယူကရိန်း နိုင်ငံထဲ ရုရှားစစ်လေယာဉ်တွေ ဝင်မလာနိုင်အောင် လေယာဉ်ကင်းမဲ့ဇုန်သတ်မှတ်ပေးဖို့လည်း အနောက်နိုင်ငံတွေကို တောင်းဆိုခဲ့ပါတယ်။
x
အမေရိကန် နဲ့ နေတိုးမဟာမိတ်တွေကတော့ ရုရှား နဲ့ အနောက်နိုင်ငံစစ်တပ်တွေကြား တိုက်ရိုက် ထိပါးစေမယ့် လုပ်ရှားမှုမျိုးကို ငြင်းဆန်ထားပါတယ်။

ဒါကြောင့် ယူကရိန်းသမ္မတဇယ်လန်စကီးက အနောက်နိုင်ငံ တွေဘက်က လေယာဉ်ကင်းမဲ့ဇုန်မသတ်မှတ်ပေးနိုင်ဘူးဆိုရင် အနည်းဆုံးတော့ ယူကရိန်းနိုင်ငံအတွက်တော့ စစ်လေယာဉ်တွေထောက်ပံ့ ပေးသင့်တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
crd..7daynews

Leave a Reply

Your email address will not be published.