နျူကလီးယားစစ်ပွဲ အချိန် မရွေးဖြစ်သွားနိုင်သည့် ရုရှား သမ္မတ ပူတင် ခံစားနေရသည့် စိတ်မှုမမှန်သည့် ရောဂါ

နျူကလီးယားစစ်ပွဲ အချိန် မရွေးဖြစ်သွားနိုင်သည့် ရုရှား သမ္မတ ပူတင် ခံစားနေရသည့် စိတ်မှုမမှန်သည့် ရောဂါ

လောလောဆယ် ပူတင်ဟာ စိတ်မှုမမှန်တဲ့ အနေအထားလို့ သူနဲ့ နီးစပ်တဲ့ အတွင်းလူတွေဆီကနေ သတင်းတွေ ထွက်လာနေသလို ပူတင်မိန့်ခွန်းလေ့လာသူတွေ ပူတင်အမူအယာလေ့လာသူတွေကလည်း ပူတင်ရဲ့ အပြောအဆိုအမူအယာတွေဟာ ပုံမှန်မဟုတ်ဘူးလို့ အများစုကောက်ချက်ချထားပါတယ်။ ရုရှားမှာ ပူတင်က ကိုဗစ်အကြောင်းပြချက်နဲ့ ဘယ်သူနဲ့မှ အတွေ့မခံပဲ

သူတွေ့ချင်သူကိုပဲ စားပွဲရှည်ခန်းမမှာ လုံခြုံရေးထူထပ်စွာနဲ့ ခေါ်တွေ့နေတယ်လို့ သိရပါတယ် နိုင်ငံတကာနဲ့သာမက သူ့လူတွေနဲ့ပါ အထီးကျန်နေတဲ့ အနေအထားလို့ ယူဆနေတာတွ့ရသလို အလွန်မောက်မာလွန်းနေတာကိုလည်းမြင်ရတယ် ” လို့သတင်းထွက်နေသလို

အမေရိကန် ထောက်လှမ်းရေးတွေအသိုင်းအဝိုင်းက ပူတင်ရဲ့ စိတ်အခြေအနေကို ဦးစားပေးအဆင့်ထားရှိပြီး အကဲဖြတ်လုပ်ငန်းတွေလုပ်ဆောင်နေတယ် ယူကရိန်းအရေးမှာ သူဘယ်လိုစိတ်နေသဘောထားနဲ့ အခြေအနေကို တခဏအတွင်းတင်းမာသည်ထက်တင်းမာအောင်လုပ်လာနိုင်သလဲ ဆိုတာတွေကိုလေ့လာနေတယ်လို့သိရတယ် ကာလရှည် ပူတင်စောင့်ကြည့်ရေးသမားတွေ ရဲ့ ကြိုးပမ်းမှုအရလူသိရှင်ကြားထွက်ပေါ်လာတဲ့

ဆင်ခြင်သုံးသပ်မှုကတော့ ပူတင်ရဲ့ အနေအထားဟာ ခုတမျိုးတော်ကြာတမျိုးနဲ့ ဆင်ခြင်တုံတရားကင်းမဲ့မှုအခြေအနေတွေ ( erratic and irrational ) ပိုပိုတိုးလာနေတယ်လို့ ကောက်ချက်ချထားပါတယ် ၁၉၉၉ ကစလို့ အမေရိကန်အင်တယ်လီးဂျန့် အသိုင်းအဝိုင်းဟာ ကေဂျီဘီဟောင်းကြီးကို ဝှက်စာဖော်သလို စိတ်ကိုဖတ်ဖို့ အချိန်ပေးစောင့်ကြည့်ခဲ့ပါတယ် အမေရိကန်တွေမှာ လူတွေကိုလေ့လာမှုနဲ့ပတ်သက်ပြီး

ပညာစုံ ရှိပေမဲ့ ပူတင်ကိုသူ့ရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး နေ့စဉ်တနေ့ပြီးတနေ့လေ့လာရာမှာတော့အလွန်အားနည်းစွာပဲ လုပ်ဆောင်နိုင်ခဲ့တယ်လို့ဆိုပါတယ် ဘာကြောင့်ဆိုတော့ ကရင်မလင်ဟာ သာမန်စပိုင်နည်းပညာလောက်နဲ့ ထိုးဖောက်ရခက်နေလွန်းတဲ့နေရာမို့ပါပဲ လို့ဆိုကြပါတယ်

သူဟာကျန်းမာနေပေမဲ့ ခုလက်ရှိမှာ စိတ်မမှန်ဘူး erratic and irrational ဖြစ်နေတယ်လို့ ကောက်ချက်ချထားတယ် အဲ့သည့်ကောက်ချက်ဟာ Borderline personality disorder (BPD)ထဲမှာပါတယ်လို့ဆိုနိုင်ပါတယ်တဲ့။နျူကလီးယား ခလုတ်နှိပ်ဖို့ဖြစ်နိုင်သလား ဆိုရင် ဘာမဆိုဖြစ်သွားနိုင်တာလို့ ဆိုချင်နေကြပုံရှိပါတယ်။
Crd-pi lon

Leave a Reply

Your email address will not be published.