ဓါတ်ငွေ့ဖိုးမပေးနိုင်လို့ နေပြည်တော်မှအပကျန်တစ်နိုင်ငံလုံးနွေရာသီတလျှောက် တစ်ရက်ကိုလျှပ်စစ်မီး ၆-နာရီဘဲရတော့မည်

ဓါတ်ငွေ့ဖိုးမပေးနိုင်လို့ နေပြည်တော်မှအပကျန်တစ်နိုင်ငံလုံးနွေရာသီတလျှောက် တစ်ရက်ကိုလျှပ်စစ်မီး ၆-နာရီဘဲရတော့မည်

နေပြည်တော်မှအပကျန်တစ်နိုင်ငံလုံးနွေရာသီတလျှောက်ပျဉ်းမျှတစ်ရက်ကိုခြောက်နာရီဘဲပေးနိုင်မယ်လို့စစ်ကောင်စီလက်အောက်ခံနေပြည်တော်လျှပ်စစ်ရုံးကသိရသည်။

“နေပြည်တော်ကပေါင်းလောင်းတိုက်ရိုက်လိုင်းရှိလို့ခံသာနေတာ။ ကျန်တာတွေကတစ်နိုင်ငံလုံးမှာရန်ကုန်ကသဘာဝဓါတ်ငွေ့သုံးစက်တွေနဲ့လျှပ်စစ်ထုတ်ပြီးပေးနေရတာ။အခုဓါတ်ငွေဖိုးမပေးနိုင်တော့တစ်နိုင်ငံလုံးပျှဉ်းမျှခြောက်နာရီဘဲရတော့မယ်”ဟုပြောသည်။

ရေအားလျှပ်စစ်ဟာနွေရာသီမှာထုတ်လုပ်မှုကျဆင်းသွားတဲ့အပြင်ဓါတ်ငွေထုတ်လုပ်မှုဟာဒေါ်လာနဲ့ကုန်ကျတာကြောင့်စစ်ကောင်စီကငွေမတက်နိုင်တော့ဘူးဟုဆိုသည်။

“အာဏာသိမ်းပြီးမိုးကုန်ကတည်းကမီးပျက်နေတာ။ အခုရန်ကုန်မှာလဲမီးလာချိန်စုစုပေါင်းလေးငါးခြောက်နာရီပါဘဲ။မီးတောင်မှန်အောင်မပေးနိုင်ဘဲစစ်ကောင်စီကစီးပွါးရေးတိုးတက်အောင်လုပ်မယ်ပြောသေး။ ဒီပုံစံဆိုစားဝတ်နေရေးအရမ်းကြပ်တည်းဦးမှာ”ဟုရန်ကုန်မြို့ခံစီးပွါးရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်ရန်ကုန်ကလျှပ်စစ်သုံးစွဲမှုအများဆုံးမှာရန်ကုန်တိုင်းဖြစ်ပြီးတစ်နိုင်ငံလုံးကုန်ထုတ်လုပ်မှုနဲဝန်ဆောင်မှု၇၅ရာခိုင်နှုန်းဝန်းကျင်ရှိသည်။ လျှပ်စစ်မီးပျက်တောက်မှု၊ဒေါ်လာငွေလဲနှုန်းမြင့်တက်မှုတွေကြောင့်လာမည့်သုံးလအတွင်းအခြေခံလူတန်းစားများဟာ ဆယ်စုနှစ်အတွင်းအကျပ်တည်းဆုံးကာလဖြစ်ပေါ်လာနိုင်ကြောင်းကျွမ်းကျင်သူများကခန့်မှန်းထားသည်။
Crd..MPA

Leave a Reply

Your email address will not be published.