ဒီရုံမြင်လို့ ဒီခြုံထွင်နေလေသလား ဝက်ဝံကြီး

ဒီရုံမြင်လို့ ဒီခြုံထွင်နေလေသလား ဝက်ဝံကြီး

မော်စကိုတွင် ရန်လိုရန် အစီအစဉ်မရှိ၊ ၎င်း၏သမိုင်းတွင် မည်သူ့ကိုမျှ မတိုက်ခိုက်ခဲ့ကြောင်း Kremlin Spox က ပြောကြားခဲ့သည်။ယူကရိန်းကို ကျူးကျော်ဖို့ ရုရှားက ပြင်ဆင်နေတယ်လို့ အနောက်နိုင်ငံတွေက တာဝန်ရှိသူတွေနဲ့ မီဒီယာတွေက လနဲ့ချီပြီး စွပ်စွဲခဲ့ပြီး မကြာခင်က ကျုးကျော်မှုဟာ ဖေဖော်ဝါရီ ၁၆ ရက်မှာ စတင်မယ်လို့ ဆိုပါတယ်။

ရုရှား၏ ရန်လိုမှုအစား လွန်ခဲ့သည့် ရက်အတော်ကြာက ပြည်တွင်းစစ်ကြောင့် ပြိုကွဲခဲ့သည့် ယူကရိန်းအရှေ့ပိုင်း Donbass တွင် ခွဲထွက်ရေးသမားများကြောင့်လုံခြုံရေးအခြေအနေ သိသိသာသာ ယိုယွင်းလာခဲ့သည်။

“သူတို့ကကျွန်တော်တို့ကို အတိအကျကြီး စွပ်စွဲ နေပေမယ့် ကျွန်တော်တို့အနေနဲ့ကတော့ ကျူးကြော်ဖို့အတွက် အကြောင်းပြချက်ရှိကောင်းကောင်းပေးဖို့ တောင်းဆိုနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အနောက်နိုင်ငံတွေကို မေးခွန်းထုတ်ဖို့ တိုက်တွန်းနေပါတယ်၊ ရုရှားဟာ ဘယ်သူ့ကို တိုက်ခိုက်နေသလဲ၊ သမိုင်းကို မှတ်မိဖို့ လည်း တိုက်တွန်းချင်ပါတယ်။ သမိုင်းနဲ့ပတ်သက်လာရင် နောက်နိုင်ငံတွေရဲ့ သမိုင်းဟာ သိပ်မကောင်းခဲ့ပါဘူး။

ဒါပေမယ့် နောက်ဆုဲးတစ်ခုကတော့ ရုရှားဟာ သမိုင်းတလျှောက် မှာဘယ်သူ့ကိုမှ မတိုက်ခိုက်ခဲ့ဖူးကြောင်း ကျွန်တော်တို့အနေနဲ့ သတိပေးချင်ပါတယ်” ဟု Peskov က တနင်္ဂနွေနေ့တွင် ရုရှားရုပ်သံနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ပါတယ်။

ဒါအပြင် ပက်စကော့ က “ဥရောပရဲ့ စစ်ပွဲပေါင်းများစွာမှာ လွတ်မြောက်စွာနဲ့ ရပ်တည်ရှင်သန်နိုင်ခဲ့တဲ့ နောက်ဆုံးနိုင်ငံလည်းဖြစ်ပါတယ်” လို့ သူအနေနဲ့ ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

Peskov ၏ မှတ်ချက်များသည် ယူကရိန်းကို အလုံးစုံ တိုက်ခိုက်ရန် ရုရှားက ပြင်ဆင်နေသည်ဟု အမေရိကန်နှင့် ၎င်းတို့၏ နေတိုးမဟာမိတ်များကြားတွင် လနှင့်ချီသော အရာရှိများနှင့် မီဒီယာများက ထင်ကြေးပေးမှုများနောက်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ရုရှားသည် ဖေဖော်ဝါရီ ၁၆ ရက်တွင် ယူကရိန်းကို သေချာပေါက် ကျူးကျော်ဝင်ရောက်လာမည်ဟု တာဝန်ရှိသူများကို ကိုးကားပြီး Politico၊ PBS နှင့် အခြားသတင်းမီဒီယာများက လွန်ခဲ့သည့်သီတင်းပတ်တွင် ဖော်ပြခဲ့ပါတယ်။

‘တိုက်ခိုက်မှုသတ်မှတ်ရက်’ သည် အဖြစ်အပျက်မရှိဘဲ ကျော်လွန်သွားခဲ့ပြီး နောက်ဆုံးသတ်မှတ်ရက်အသစ်ကို ထပ်မံသတ်မှတ်ရန် တွန်းအားပေးသည့်အနေဖြင့် ယခုအခါ ဖေဖော်ဝါရီ ၂၀ ရက်နောက်ပိုင်းတွင် ဖြစ်နိုင်လိမ့်မယ်လို့လည်း တဖန်ပြန်ပြီး ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် လာမည့်ရက်ပိုင်းအတွင်း ယူကရိန်းကို ကျူးကျော်ရန် ဆုံးဖြတ်ချက်ချခဲ့ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယုံကြည်ကြောင်း သောကြာနေ့တွင် ကြေညာခဲ့သည်။ အသေးစိတ်မေးမြန်းသောအခါတွင်၊ Biden က US တွင် “သိသာထင်ရှားသောထောက်လှမ်းရေးစွမ်းရည်” ရှိကြောင်းပြောကြားခဲ့ပြီးသတင်းစာရှင်းလင်းပွဲကိုရုတ်တရက်အဆုံးသတ်ခဲ့သည်။

တနင်္ဂနွေတွင် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ရုရှားသည် “၁၉၄၅ ခုနှစ်နောက်ပိုင်း ဥရောပတွင် အကြီးမားဆုံးစစ်ပွဲကို စီစဉ်နေကြောင်း၊” “လူများသည် ကာလတစ်လျှောက်အလွန်ကြီးမားသည့် ကုန်ကျစရိတ်ကို နားလည်ရန် သဘောပေါက်ထားရန်လိုအပ်တာ်” ဟု ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဒဏ္ဍာရီဆန်ဆန် “ရုရှားကျူးကျော်မှု” သည်မစသေးပါ။ သို့သော်လည်း လွန်ခဲ့သည့်ရက်အနည်းငယ်က ယူကရိန်းအရှေ့ပိုင်းတွင် တင်းမာမှုများ သိသိသာသာ တိုးမြင့်လာသည်ကို တွေ့ရှိရပြီး ၎င်းတို့ကိုယ်တိုင် ကြွေးကြော်ထားသော Donetsk နှင့် Lugansk ပြည်သူ့သမ္မတနိုင်ငံတို့မှ

အာဏာပိုင်များက ကြီးမားသော ယူကရိန်းအမြောက်များနှင့် မော်တာပစ်ခတ်မှုများ၊ စနိုက်ပါတိုက်ခိုက်မှုများနှင့် ထိုးဖောက်ဝင်ရောက်မှု၊ ဖြိုခွင်းမှုနှင့် ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်များရှိခဲ့ကြောင်းကို အာဏာပိုင်များက အစီရင်ခံခဲ့ပါတယ်။ Donbass ပြည်သူ့စစ်များသည် ကိယက်ဗ်မှ အလုံးစုံကျူးကျော်ဝင်ရောက်လာမည်ကို စိုးရိမ်ကြပြီး အရန်စစ်သည်များကို ခေါ်ယူနေစဉ် ၎င်းတို့၏အရပ်သားများကို ရုရှားနိုင်ငံသို့ ရွှေ့ပြောင်းရန် စတင်နေပြီဖြစ်သည်။

အနောက်နိုင်ငံခေါင်းဆောင်များနှင့် မီဒီယာများသည် Donbass တင်းမာမှုနှင့်ပတ်သက်လို့ ရေငုံနှုတ်ပိတ်နေချိန်မှာ ကိယက်ဗ် ကတော့ ဒီတင်းမာမှုကိုပိုမိုဆိုးရွားစေအောင် နောက်ကွယ်ကနေ ကြိုးကိုင်နေတယ်လို့ မော်စကိုကို အပြစ်တင်တာမျိုးတွေရှိနေခဲ့ပါတယ်။ သောကြာနေ့တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ငြိမ်းချမ်းရေးအတွက် Donbass ခွဲထွက်အဖွဲ့များနှင့် အမြန်ဆုံးဆွေးနွေးသွားရန် ယူကရိန်းခေါင်းဆောင်များကို တောင်းဆိုခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။
Crd..စပွန်းနစ်
Famous.F

Leave a Reply

Your email address will not be published.