တရုတ်နိုင်ငံ ထုတ် FC-31 ကိုယ်ပျောက်တိုက်လေယာဉ် ရောင်းချဖို့အတွက် အရောင်းမြှင့်တင်ရေးရုံးခန်းကို စွန်းစားဖွင့်လှစ်ခဲ့

တရုတ်နိုင်ငံ ထုတ် FC-31 ကိုယ်ပျောက်တိုက်လေယာဉ် ရောင်းချဖို့အတွက် အရောင်းမြှင့်တင်ရေးရုံးခန်းကို စွန်းစားဖွင့်လှစ်ခဲ့

တရုတ်နိုင်ငံအနေနဲ့ ၎င်းတို့ရဲ့ မှီခိုမှုကင်းမဲ့စွာထုတ်လုပ်ထားတဲ့ FC-31 ကိုယ်ပျောက်တိုက်လေယာဉ် ကို နိုင်ငံတကာဈေးကွက်ကို တင်ပို့ရောင်းချနိုင်ဖို့အတွက် အရောင်းမြှင့်တင်ရေးရုံးခန်းကို စွန်းစားဖွင့်လှစ်ခဲ့ပြီဖြစ်ပါတယ်။

စိစစ်လေ့လာရေးသမားတွေရဲ့အဆိုအရတော့ FC-31 ဟာ သူရဲ့ အခြားနိုင်ငံတကာပြိုင်ဘက်တွေ ဖြစ်တဲ့ အမေရိကန် F-35 နဲ့ ရုရှ Su-75 steath fighter တွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ရာအတွက် အဆင့်မြင့်တဲ့နည်းပညာ၊

သင့်တင့်လျောက်ပတ်တဲ့ ဈေးနှုန်း၊ နိုင်ငံရေးအရကန့်သတ်ချုပ်ချယ်မှု လွတ်ကင်းခြင်းအပြင် လေယာဉ်ရဲ့ electronic စနစ် နဲ့ စက်ပစ္စည်းဆိုင်ရာဝန်ဆောင်မှုတွေကိုပြည့်စုံစွာပေးစွမ်းနိုင်ခြင်း စတဲ့ အားသားချက်တွေပါရှိလိမ့်မယ်လို့ ဆိုပါတယ်။

နိုင်ငံတော်ပိုင်လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ ရှန်ရန်း လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း (SAC) ရဲ့ ဒုတိယ အထွေထွေမန်နေဂျာ ကျန်းချင်း ရဲ့ အဆိုအရတော့ ကျန်းဟာ သူ့အနေနဲ့ FC-31 steath fighter jet တွေ ကို

SAC ရဲ့ နိုင်ငံတကာလက်နက်(လေယာဉ်)ရောင်းချရေးဈေးကွက်ရှာဖွေမှုအတွက် အဓိက လေယာဉ်တစ်ခုအနေနဲ့တောင်သတ်မှတ်သွားဖို့ရှိတယ်လို့ ဖော်ပြပါရှိခဲ့တာလည်းဖြစ်ပါတယ်။

ကျန်း အနေနဲ့ SAC ကော်ပိုရေးရှင်းရဲ့ ရှေးရုးစွဲ အရောင်းမြှင့်တင်ရေး ပုံစံတွေကိုပြောင်းလဲပြီး တက်ကြွတဲ့ ပုံစံနဲ့ ဈေးကွက်ချဲ့ထွင်သွားနိုင်ဖို့အတွက်ကြိုးစားသွားမှာဖြစ်တယ်လို့ဆိုပါတယ်။သူ့အနေနဲ့ ဒီနည်းပညာမြင့်

လေကြောင်းထုတ်ကုန်တွေရဲ့ နည်းပညာမြင့်မားမှုကို လေကြောင်းပြပွဲတွေမှာ အကောင်းဆုံးပြသခြင်းအားဖြင့် ဖောက်သည်နိုင်ငံတွေရဲ့ စိတ်ဝင်စားမှုကိုရယူသွားဖို့ရှိတယ်လို့လည်းဆိုပါတယ်။

၎င်းအနေနဲ့ လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီတွေဆီကသတင်းအရင်းအမြစ်တွေနဲ့အတူ သုတေသနဆိုင်ရာ အဖွဲ့အစည်းတွေ၊ တရုတ်အမျိုးသား လေကြောင်း နည်းပညာ တင်သွင်း ၊ တင်ပို့မှု ကော်ပိုရေးရှင်းတွေရဲ့ အရောင်းမြှင့်တင်ရေး

ဗျူဟာ တွေကိုပါချပြခဲ့ပြီး လေယာဉ်ကို ၎င်းရဲ့ ကိုယ်ပိုင်စွမ်းရည်တွေကိုထုတ်ဖော်ပြသခြင်းအားဖြင့်သာ ဝယ်လက်တွေရဲ့ စိတ်ဝင်စားမှုကို ထွန်ယက်စိုက်ပျိုးရယူသွားမယ်လို့ဆိုပါတယ်။

Shenyang Aircraft Corporation SAC အနေနဲ့ ၎င်းတို့ရဲ့ FC-31 လေယာဉ်ကို ဈေးကွက်နှစ်ခုအတွက် ရည်ရွယ်ထုတ်လုပ်သွားမှာဖြစ်ပြီး ပြည်တွင်းဈေးကွက်နဲ့ ပြည်ပဈေးကွက်တွေဖြစ်နိုင်လိမ့်မယ်လို့ စီစဉ်သူတွေရဲ့ အဆိုအရ ကြားသိရပါတယ်။

FC-31 ရဲ့ နိုင်ငံတကာဈေးကွက် ကိုသုံးသပ်ရမယ်ဆို ပြိုင်ဆိုင်မှု ပြင်းထန်စွာ ရင်ဆိုင်ရနိုင်တယ်လို့ ဘေဂျင်းအခြေစိုက် စစ်လက်နက်ကျွမ်းကျင်သူ ဒေါင်စုဝေ က Global time သတင်းစာကို ပြောကြားခဲ့ပါတယ်။

အမေရိကန်ရဲ့ F-35 fighter Jet ဟာ ပြီးပြည့်စုံတဲ့လေယာဉ်ဖြစ်တာမှန်ပေမယ့် အမေရိကန်အနေနဲ့ ၎င်းလေယာဉ်ကို ၎င်းတို့ရဲ့ မဟာမိတ်နဲ့ မိတ်ဖက်နိုင်ငံတွေအတွက် သာအဓိကထား ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး အခြားသောနိုင်ငံပေါင်းများစွာက

ဝယ်ယူရရှိနိုင်ရန် အလိုရှိကြပေမယ့် လေယာဉ်ရဲ့ ဈေးနှုန်းကြီးမြင့်မှုနဲ့ ကန့်သတ်ချုပ်ချယ်မှုများတဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေး ပေါ်လစီတွေကြောင့်ဝယ်ယူဖြည့်တင်းသွားနိုင်ဖို့ အလေးမသာတဲ့ အနေအထားမှာသာရှိနေတာဖြစ်ပါတယ်။

အခြားပြိုင်ဘက်တစ်ခုဖြစ်တဲ့ ရုရှရဲ့ ကိုယ်ပျောက်လေယာဉ်သစ် Su-75 လေယာဉ် ရှိနေသော်လည်း ၎င်းဟာ သူရဲ့ ပထမအကြိမ် ပျံသန်းမှုကိုပင် မပြုလုပ်ရသေးတဲ့ အနေအထားမှာရှိနေပါတယ်။

FC-31 လောယဉ်ဟာ နည်းပညာအရ ရင်ကျက်ပြည့်ဝပြီးဖြစ်တဲ့အပြင် အဆင့်မြင့်တဲ့နည်းပညာ၊ သင့်တင့်လျောက်ပတ်တဲ့ ဈေးနှုန်း၊ နိုင်ငံရေးအရကန့်သတ်ချုပ်ချယ်မှု လွတ်ကင်းခြင်းအပြင် ပြည့်ဝတဲ့ electronic စနစ် နဲ့ စက်ပစ္စည်းဆိုင်ရာဝန်ဆောင်မှုတွေပြည့်စုံခြင်းစတဲ့ အားသားချက်တွေကြောင့် ဝယ်လက်တွေ အနေနဲ့ ပျော်ရွှင်ရဖို့ရှိတယ်လို့ဆိုပါတယ်။

ဒါအပြင် ချိုင်းနားဟာ တိုက်လေယာဉ်တစ်စီးအတွက်လိုအပ်တဲ့ လေကြာင်းဆိုင်ရာပစ္စည်းတန်ဆာပလာတွေနဲ့ လက်နက်စနစ်တွေပါ တစ်စုံစာ တပ်ဆင်ထုတ်လုပ်ပေးနိုင်တဲ့ အခြေအနေမှာလည်းရှိနေပြီးသားဖြစ်ပါတယ်။

ဒါအပြင်ဖောက်သည်နိုင်ငံ တွေရဲ့ လိုအပ်ချက် အတိုင်းလည်း ပေါင်းစပ်ညှိနှိုင်းပြီး တပ်ဆင် ထုတ်လုပ်ပေးနိုင်ဖို့ရှိတယ်လို့လည်း ဒေါင်စုဝေက ပြောခဲ့ပါတယ်။

FC-31 ဟာ J-20 ရဲ့ နောက် ဒုတိယမြောက်ထုတ်လုပ်လာခဲ့တဲ့ တရုတ်ရဲ့ ကိုယ်ပျောက်တိုက်လေယာဉ်တစ်စီးဖြစ်ပြီး ၂၀၂၁ခုနှစ် အောက်တိုဘာ လ အတွင်းက တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်း စီရင်ရင်စု ကျူးဟိုင်မှာ ပြုလုပ်ကျင်းပခဲ့တဲ့ လေကြောင်းပြပွဲမှာ

လည်း အောင်မြင်စွာ ပျံသန်းပြသခဲ့ပြီး ဖြစ်တဲ့အပြင် စွမ်းအားထက်မြက်တဲ့ တရုတ်တို့ရဲ့ PL-15E BVR Air to Air missile ကိုလည်း တပ်ဆင် ပစ်ခတ်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။

FC-31 ဟာဆိုရင် အင်ဂျင်နှစ်လုံးတပ် ဘက်စုံသုံးတိုက်လေယာဉ်တစ်စီးဖြစ်တဲ့အပြင် ထူးခြားပြောင်မြောက်တဲ့ ကိုယ်ပျောက်စွမ်းဆောင်ရည်နဲ့ အားကောင်းတဲ့ လေယာဉ်မှူး အထောက်အကူပြုစနစ်တွေ ပါရှိတဲ့ လေယာဉ်တစ်စီး ဖြစ်ပါတယ်။ဒါ့အပြင်

စစ်ကစားမှု ပစ်ခတ်မှု အုပ်ချုပ်ထောက်ပံ့မှု ကာကွယ်မှုနဲ့ ပေါင်းစပ်မှုညှိနှိုင်းမှုကောင်းမွန်သော ဈေးနှုန်းသင့် ကိုယ်ပျောက်တိုက်လေယာဉ်တစ်စင်းဖြစ်လာနိုင်ဖို့ရှိနေတဲ့ အပြင် ၎င်းဟာ ချိုင်းနားအတွက်တော့ မျိုးဆက်သစ် လေယာဉ်တင်သင်္ဘောအခြေပြု တိုက်လေယာဉ်တစ်စင်းဖြစ်လာဖွယ်ရှိတယ်လို့ ဖော်ပြပါရှိပါတယ်။
Crd..Famous.F

Leave a Reply

Your email address will not be published.