တပ်တွင်း အကွဲအပြဲ များနှင့် တစ်ယောက်နှင့်တစ်ယောက် အလွတ်မပေးရဲ စောင့်ကြည့် ရွှေ့ပြောင်းရေးလုပ်နေရသည့် စစ်ကောင်စီ

တပ်တွင်း အကွဲအပြဲ များနှင့် တစ်ယောက်နှင့်တစ်ယောက် အလွတ်မပေးရဲ စောင့်ကြည့် ရွှေ့ပြောင်းရေးလုပ်နေရသည့် စစ်ကောင်စီ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်မယ်လို့ ရေပန်းစားခဲ့ဖူးတဲ့ လက်ရှိစစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းကို အရန်အင်အားပို့လိုက်ပြီလို့ စစ်ရေးအကဲခတ်တွေကြားမှာ သတင်းထွက်ပေါ်လာပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်ထဲရေးဒုဝန်ကြီးနဲ့ ရဲချုပ်လည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ကို အမှတ် (၆) စစ်ဆင်ရေး အထူးအဖွဲ့မှူး တာဝန်ကနေ ဖယ်ရှားလိုက်ပြီ ဆိုတဲ့သတင်းအပြီးမှာ စစ်ရေးချုပ် အပြောင်းအလဲ သတင်းပါ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒါဟာ တပ်ထိပ်ပိုင်းမှာ အကွဲအပြဲဖြစ်နေပြီဆိုတဲ့ လမ်းကြောင်းကိုဖော်ဖို့ ဒီလိုသတင်းတွေလွှင့်နေကြတာလို့ စစ်ကောင်စီဘက်ကတော့ ပြောပါတယ်။
“စစ်ရေးချုပ်ကြီးလည်း ရှိတယ်။
ဗိုလ်ချုပ်ကြီးသန်းလှိုင်ကို ကစထမှူးကနေ ဖယ်တာလည်း မဟုတ်ပါဘူး။ ကစထ(၆)က အရင်ကတည်းက ဗိုလ်ချုပ်ကြီး သန်းထွန်းဦးပါ” လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

စစ်ရေးချုပ် အပြောင်းအလဲဖြစ်လာဖို့ရှိစစ်ရေးချုပ်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းဟာ လာမယ့် မေလ မှာ ဒုတိယဗိုလ်ချုပ်ကြီး တာဝန်ထမ်းဆောင်တာ ၅ နှစ် ပြည့်ပြီမို့ လပိုင်းအတွင်းမှာပဲ အငြိမ်းစားယူရဖို့ ရှိနေပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် ပြင်ဆင်လိုက်တဲ့ ကာကွယ်ရေးဌာနကောင်စီ ညွှန်ကြားလွှာအမှတ် ၁/၂၀၂၁ အရ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဟာ ၅ နှစ် ပြည့်လို့ ရာထူးဆက်မတက်ရင် အငြိမ်းစားယူရမှာ ဖြစ်ပါတယ်။

အဲဒီ ကကနကောင်စီ ညွှန်ကြားလွှာအမှတ် ၁/၂၀၂၁ ကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သူက စစ်ရေးချုပ်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း ကိုယ်တိုင်ဖြစ်ပါတယ်။

စစ်တက္ကသိုလ်အပတ်စဉ် (၂၈) ဆင်း ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းဟာ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးကနေ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် ၂၀၁၇ ခုနှစ်က တိုးမြှင့်ခန့်ထားခံခဲ့ရတာပါ။

ရာထူးတိုးစဉ်က အသက်အငယ်ဆုံး ဒုတိယဗိုလ်ချုပ်ကြီးဖြစ်လို့ အနာဂတ်တပ်ခေါင်းဆောင်ဖြစ်လာဖို့ ရေပန်းစားခဲ့ပေမဲ့ အခုတော့ အရန်အင်အားရောက်ဖို့ ဖြစ်လာတာပါ။

“အဲဒီလို အငြိမ်းစားပေးခါနီးဆို သတိပေးတယ်လေ။ အဲ့ဒါအပေါ်မူတည်ပြီး ဒီသတင်းထွက်လာတာဖြစ်မယ်” လို့ အငြိမ်းစား တပ်မတော် အရာရှိကြီးတစ်ဦးက ပြောပါတယ်။

စစ်ရေးချုပ် ရာထူးဟာ တပ်မတော်က ရာထူး၊ အပြောင်းအရွေ့တွေကို အဓိကကိုင်တွယ်ရတဲ့ အရေးပါတဲ့ရာထူးတစ်ခုဖြစ်ပါတယ်။ အရင်က စစ်ရေးချုပ်ဟာ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကိုပါ ပူးတွဲကိုင်တွယ်ရတာဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်း တာဝန်ယူတဲ့အခါမှသာ စစ်ရေးချုပ်တာဝန်တစ်ခုကိုပဲ သီးသန့်ကိုင်တွယ် ရတော့တာ ဖြစ်ပါတယ်။

ညွှန်ကြားလွှာအမှတ်(၁/၂၀၂၁) အရ တပ်ချုပ်နဲ့ ဒုတပ်ချုပ်ရာထူး ၂ ခုပဲ နှစ်အကန့်အသတ်မရှိ အာဏာရယူထားနိုင်ပြီး ကျန်တဲ့ ဗိုလ်ချုပ်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးတွေက သတ်မှတ်ကာလကျော်လွန်ရင် အငြိမ်းစားပေးခံရမှာ ဖြစ်ပါတယ်။

မကြာသေးခင်က အနားယူသွားရတဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်လည်း ဒီညွှန်ကြားလွှာအရ ဗိုလ်ချုပ်ကြီးရာထူးနဲ့ လေးနှစ်ပြည့်လို့ အနားပေးခံရတယ်လို့ နားလည်ရပါတယ်။

သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် အဖြစ် ဆက်ထားပါတယ်လို့ တပ်မတော်သတင်းမှန်ထုတ်ပြန်ရေး ပြောခွင့်ရက ဆိုခဲ့ပေမဲ့ နောက်ပိုင်းကျင်းပတဲ့ နစကကောင်စီအစည်းအဝေးတွေမှာ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် တက်ရောက်တာ မတွေ့ရတော့ပါဘူး။

ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နေရာကို စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးထွန်းအောင်က ဆက်ခံပါတယ်
လစ်လပ်သွားတဲ့ စစ်ဦးစီးအရာရှိချုပ်(လေ)နေရာကို တောင်ငူလေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး လုပ်ခဲ့တဲ့ ဗိုလ်ချုပ်ဇော်ဝင်းမြင့်ကို ခန့်လိုက်တယ်လို့ သိရပါတယ်။
ပဟေဠိဆန်တဲ့ စစ်တပ်ထိပ်ပိုင်း အပြောင်းအရွှေ့များ

စစ်ကိုင်းနဲ့မကွေးက PDF တွေကို မထိန်းနိုင်လို့ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ကို အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူး တာဝန်ကနေ ဖယ်ရှားလိုက်ပြီဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပါတယ်။

စစ်ကိုင်းတိုင်းကို တာဝန်ယူရတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့် ကိုလည်း ပြီးခဲ့တဲ့လက မှ ဖယ်ရှားခဲ့ပြီး နယ်စပ်ရေးရာဒုဝန်ကြီး အဖြစ် ပြောင်းရွှေ့ခဲ့ပါတယ်။

ဒါပေမဲ့ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ဟာ ပြည်ထဲရေးဒုဝန်ကြီးနဲ့ ရဲချုပ်တာဝန်ကိုပဲ ယူထားပြီး အမှတ်(၆)စစ်ဆင်ရေးအထူးအဖွဲ့မှူးတာဝန်ကို မယူခဲ့ဖူးဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“သူက တိုင်းမှူးကနေ ပြည်ထဲရေး ဒုဝန်ကြီးနဲ့ ရဲချုပ်တာဝန်ကိုပဲ တိုက်ရိုက်ပြောင်းတာ” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။ဒါပေမဲ့ စစ်ကိုင်းတိုင်းကိုတော့ ရဲလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ပူးတွဲကိုင်ရတာရှိခဲ့တယ်လို့ သူက ပြောပါတယ်။

အရန်အင်အားရောက်ပြီးမှ တာဝန်ပြန်ပေးခံရသူတွေလက်ရှိ အမှတ်(၆)စစ်ဆင်ရေးအထူးအဖွဲ့မှူးက ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး ဖြစ်ပါတယ်။သူဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အထူးယုံကြည်စိတ်ချခံရသူတစ်ဦးဖြစ်ပြီး အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူးတာဝန်လည်း ထမ်းဆောင်ခဲ့ဖူးပါတယ်။ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ အရန်အင်အားအပို့ခံရပြီးမှ အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူး ပြန်ဖြစ်လာတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဘယ်အချိန်မှာ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးကို အမှတ်(၆)စစ်ဆင်ရေးအထူးအဖွဲ့မှူးတာဝန်ကို ပေးလိုက်တယ်ဆိုတာကတော့ မသိရပါဘူး။ တပ်မတော်အတွင်း ရာထူးပြောင်းရွှေ့ ခန့်အပ်မှုတွေကို အပြင်ကို ထုတ်ပြန်လေ့မရှိတာကြောင့် စစ်ရေးအကဲခတ်တွေ လေ့လာသူတွေအနေနဲ့ တရားဝင်အခမ်းအနားတွေက တက်ရောက်သူစာရင်း၊ စစ်တပ်မီဒီယာတွေက ထုတ်ပြန်ချက်တွေကိုပဲ စောင့်ကြည့်မှတ်တမ်းပြုစုကြရပါတယ်။

သူနဲ့အတူ အရန်အင်အား အပို့ခံရတယ်လို့ သတင်းထွက်ခဲ့တဲ့ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးမောင်မောင်အေးလည်း အာဏာသိမ်းပြီးတဲ့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ပြန်ဖြစ်လာခဲ့ ပါတယ်။

အရင်က ရာထူးတက်ဖို့လမ်းဆုံးသွားသူတွေကို အရန်အင်အားကို ပို့ခဲ့တာဖြစ်လို့ အခုလို အရန်အင်အားရောက်ပြီးမှ ရာထူးအမြင့်တွေ ပြန်ခန့်တဲ့အတွက် မျက်စိလည်စရာတွေ ဖြစ်ကုန်တယ်လို့ စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

“လုပ်ချင်တာ လုပ်သလိုဖြစ်နေတယ်။ သူ့(တပ်ချုပ်)ကို ပြန်ပြောရဲတဲ့သူလည်း ရှိပုံမပေါ်ဘူး” လို့ အငြိမ်းစားတပ်မတော်အရာရှိကြီးတစ်ဦးက ပြောပါတယ်။ပြီးခဲ့တဲ့လကလည်း တပ်ထိပ်ပိုင်းရာထူးတွေအပြောင်းအလဲဖြစ်ခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ရဲ့ စစ်ဥပဒေချုပ် နေရာကို တပ်မတော်အင်အားဖြည့်တင်းရေးက ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မျိုးသက်နောင် ရောက်လာပြီး ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြင့်သွားခဲ့ပါတယ်။

အလားတူ တပ်မတော်စစ်ဆေးရေးနဲ့ စာရင်းစစ်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် လည်း အရန်အင်အားကိုရောက်သွားပါတယ်။သူ့နေရာကို ဒုံးတပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ် စိုးမင်းဦးက ဆက်ခံပြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး ဖြစ်လာခဲ့ပါတယ်။
Crd.. ATM

Leave a Reply

Your email address will not be published.