တစ်နှစ်အတွင်း ပြည်ပနိုင်ငံတွေကို အလုပ်သမား ၃၅၀၀ ကျော် စေလွှတ်ပေးခဲ့တယ်လို့ အလုပ်သမားဝန်ကြီးပြော

တစ်နှစ်အတွင်း ပြည်ပနိုင်ငံတွေကို အလုပ်သမား ၃၅၀၀ ကျော် စေလွှတ်ပေးခဲ့တယ်လို့ အလုပ်သမားဝန်ကြီးပြော

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ တစ်နှစ်အတွင်း ပြည်ပနိုင်ငံများသို့ အလုပ်သမား ၃၅၀၀ ကျော် စေလွှတ်ပေးခဲ့တယ်လို့ အလုပ်သမားဝန်ကြီး ဦးမြင့်ကြိုင်က ပြောပါတယ်။

“အေဂျင်စီနဲ့လည်းကောင်း၊ အဆင့်မြင့် ကျွမ်းကျင်လုပ်သားတွေကို မိမိအစီအစဉ်နဲ့ လည်းကောင်း၊ စင်ကာပူနိုင်ငံသို့ ၂၁၈၅ ဦး၊ ကိုရီးယားနိုင်ငံသို့ ၂၂၅ ဦး၊ ဂျပန်နိုင်ငံသို့ ၂၆၂ ဦး၊ မလေးရှားနိုင်ငံသို့ ၈၄ ဦးနဲ့ အခြားသော ၄၁ နိုင်ငံသို့ ၈၀၈ ဦး၊ စုစုပေါင်း အလုပ်သမား ၃၅၆၄ ဦးကို စေလွှတ်ခွင့်ပြုပေးခဲ့ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ကိုရီးယား နှစ်နိုင်ငံ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့ကျလာတာကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနဲ့အညီ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်မှစ၍ ကိုရီးယားသမ္မတနိုင်ငံသို့ အလုပ်သမားများ ပြန်လည်စေလွှတ် လျက်ရှိရာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်အထိ Re-entry လုပ်သား ၁၆၂ ဦး၊ Regular လုပ်သား ၁၉၄ ဦး ၊ စုစုပေါင်း ၃၅၆ ဦး စေလွှတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ယင်းအပြင် ကိုဗစ်-၁၉ ကာကွယ်တာဆီးရေး လမ်းညွှန်ချက်များနဲ့အညီ ထိုင်းနိုင်ငံသို့ (MoU) စနစ်ဖြင့် အလုပ်သမားစေလွှတ်/ လက်ခံနိုင်ရေးကိစ္စများကို ညှိနှိုင်းဆွေးနွေးကာ ရွှေ့ပြောင်းလုပ်သားများ စေလွှတ်နိုင်ရေး အထက်ဌာနများသို့တင်ပြပြီး လမ်းညွှန်ချက်များနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို့ ၎င်းက ပြောပါတယ်။
Crd..MyanmaPlatform
poto crd..eleven

Leave a Reply

Your email address will not be published.