စစ်ရှောင်တွေကျန်ခဲ့တဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို ပြည်သူ့ရဲဘော်တွေ အစာကျွေး၊ရေတိုက်

စစ်ရှောင်တွေကျန်ခဲ့တဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို ပြည်သူ့ရဲဘော်တွေ အစာကျွေး၊ရေတိုက်

-စစ်ဘေးရှောင်ပြည်သူတွေ ကျန်နေခဲ့တဲ့ နွားများကို အစာကျွေး၊ ရေတိုက်ခိုက်တယ်လို့ ရှမ်း -ကယား နယ်စပ် တိုက်ပွဲတွေမှာ ပါဝင်နေတဲ့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က ဓာတ်ပုံတွေနဲ့အတူ ဖော်ပြခဲ့ပါတယ်။

ရဲဘော်များ တိုက်ပွဲသွားရင်း စစ်ရှောင်ပြည်သူများ၏ နွားများကို အစာကျွေးရေတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုတွေကြောင့် ရှမ်း – ကယားနယ်စပ် မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ပြည်သူတွေဘေးကင်းလုံခြုံရာကို တိမ်းရှောင်နေကြရတာပါ။

စစ်ရှောင်ပြည်သူတွေအနေနဲ့ တိရိစ္ဆာန်တွေကို နေအိမ်ခြံထဲမှား ထားရစ်ခဲ့သလို လမ်းမတွေပေါ်လွှတ်ထားတာကိုလည် ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။ ဖေဖော်ဝါရီ ၁၆ရက်ကနေ ဒီကနေ့ ဖေဖော်ဝါရီ ၂၁ရက်နေ့အထိ မိုးဗြဲနဲ့အနီးဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးတာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

Crd..SpringReovlution
PVTV
PVTVNews