စစ်လက်နက်အရေးပေါ်ပို့ပေးတဲ့ ပိုလန်ကို ယူကရိန်းက ကျေးဇူးတင်ကြောင်း ယူကရိန်းကာကွယ်ရေးဦးစီးချုပ် ပြောကြား

စစ်လက်နက်အရေးပေါ်ပို့ပေးတဲ့ ပိုလန်ကို ယူကရိန်းက ကျေးဇူးတင်ကြောင်း ယူကရိန်းကာကွယ်ရေးဦးစီးချုပ် ပြောကြား

ပိုလန်က ကူညီပေးပို့တဲ့ စစ်လက်နက်ပစ္စည်းတွေကို လက်ခံရရှိလို့ ကျေးဇူးအထူးတင်ကြောင်း ယူကရိန်းကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။ အခက်အခဲရင်ဆိုင်ရချိန်မှာ လက်တွေ့ကျတဲ့ ကူညီပေးမှုကို ယူကရိန်းအစိုးရနဲ့ ပြည်သူတွေကိုယ်စား ကျေးဇူးစကား ထပ်တလဲလဲပြောချင်ပါတယ်လို့လည်း သူကပြောပါတယ်။

ပိုလန်အနေနဲ့ စစ်ဘေးက တိမ်းရှောင်လာသူတွေကို ကောင်းမွန်စွာလက်ခံထားသလို ယူကရိန်းအတွက်အလိုအပ်ဆုံးအကူအညီတွေပေးခွင့်ရလို့ ဝမ်းသာမိကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီး Mariusz Błaszczak က ပြောပါတယ်။

ပိုလန်ကပေးပို့တဲ့စစ်လက်နက်တွေဟာ နယ်စပ်ကပေးပို့တာဖြစ်ပြီး တန်ချိန် (၂) ရာနီးပါးရှိတယ်ဆိုပါတယ်။ ဒါပေမယ့် ဘယ်လိုလက်နက်တွေလည်းဆိုတာတော့ ထုတ်ဖေါ်ပြောဆိုတာမရှိပါဘူး။
Crd..BNN

Leave a Reply

Your email address will not be published.